နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၈ ကြိမ်မြောက် ဆီမီးဖိုင်နယ် တက်တဲ့ ချဲလ်ဆီး – ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်

ချဲလ်ဆီး ၀ – ၁ ပေါ်တို

 
(နှစ်ကျော့ပေါင်းရလဒ် ၂-၁)

ယနေ့မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ နောက်ထပ်ပွဲစဉ် တစ်ပွဲ မှာ‌တော့ ပေါ်တိုတို့ ချဲလ်ဆီးကို တာရီမီ သွင်းယူတဲ့ လှပတဲ့ နောက်ကျဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ဆီမီးဖိုင်နယ် တက်ရောက်ခွင့် နဲ့တော့ လွဲချော်သွားခဲ့ပါတယ်။ ချဲလ်ဆီး ကတော့ ပထမအကျော့ အဝေးကွင်းမှာ ၂ ဂိုးပြတ် အနိုင်ရထားပြီးဖြစ်လို့ အခုပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ်လည်း နောက်တစ်ဆင့်ကိုတက်လှမ်းနိုင်ခဲ့တာပါ။ 
 

 
ဒီနေ့ပွဲမှာ သောမက်စ်တူဟယ်အနေနဲ့ ပေါ်တိုကို သက်တောင့်သက်သာ ကစားလို့ရပေမယ့် အဓိကကစားသမား အစုံအလင်နဲ့ ရင်ဆိုင်ခဲ့ပြီး ကိုင်ဟာဗက်ဇ်၊ မေဆင်မောင့်၊ ပူလီဆစ်ခ်၊ ချေးလ်ဝဲလ်၊ ဂျော်ဂျင်ဟို၊ ကန်တေ တို့ကို ပွဲထွက်ကစားစေခဲ့ပါတယ်။ ပေါ်တိုကလည်း ပထမအကျော့တုန်းက အတိုင်း အဓိက လူစာရင်းကိုပဲ အသုံးပြုခဲ့ပြီး ကစားကွက်ကို အပြောင်းအလဲ အနည်းငယ် ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ မဖြစ်မနေ ဂိုးရဖို့ လိုအပ်နေတဲ့ ပေါ်တိုတို့ တိုက်စစ်ဖွင့် ကစားခဲ့ပြီး ချဲလ်ဆီးကတော့ ပထမအကျော့ ရလဒ်ကိုပဲ ထိန်းကစားသွားခဲ့ကာ တန်ပြန်တိုက်စစ်တွေကနေ တစ်ဆင့် ဂိုးရဖို့ပဲ မျှော်လင့်ခဲ့ပုံပေါ်ပါတယ်။ ဂိုးရလိုစိတ်များနေတဲ့ ပေါ်တိုတို့ ကန်ချက်တွေ မကြာခဏ လွဲချော်ခဲ့ပြီး ချဲလ်ဆီးရဲ့ တန်ပြန် တိုက်စစ်တွေဟာလည်း ပေါ်တူဂီ လူကြမ်းကြီး ပီပီ ဦးဆောင်တဲ့ ခံစစ်ကို မကျော်ဖြတ်နိုင်ခဲ့လို့ မိနစ် ၉၀ ပြည့်တဲ့ အချိန် အထိ ဂိုးမရှိ သရေကျနေတာပါ။ ဒါပေမယ့် နာကျင်အချိန်ပို နောက်ဆုံးမိနစ် မှာတော့ ဒီနေ့ပွဲရဲ့ တစ်လုံးတည်းသော သွင်းဂိုးကို ပေါ်တို လူစားဝင် တိုက်စစ်မှူး မက်ဒီတာရီမီက ဘိုက်စကယ်ကစ်နဲ့ လှလှပပ ကန်သွင်းပေးခဲ့လို့ ပွဲအပြီးမှာ ပေါ်တိုတို့ ၀-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။

သောမက်စ်တူဟယ် လက်ထက်မှာ ဒုတိယမြောက် အိမ်ကွင်း ရှုံးပွဲတွေ့ခဲ့ပေမယ့် ချဲလ်ဆီးဟာ ၈ ကြိမ်မြောက်အထိ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ကို တက်ရောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီရာသီအတွက် ဒုတိယမြောက်အိမ်ကွင်း ရှုံးပွဲတွေ့ခဲ့တဲ့ သောမက်စ်တူဟယ်

 

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာလည်း ခံစစ် ကစားပုံ ကျစ်လျစ်နေခဲ့တဲ့ ပေါ်တိုတို့ ဂိုးရဖို့ အရမ်းမလောခဲ့ရင် လိုချင်အခြေအနေ တစ်ခုကို ပိုင်ဆိုင်ခွင့်ရနိုင်မှာ ဖြစ်ပေမယ့် အခုတော့ ကွာတားဖိုင်နယ်ကနေပဲ လက်ပြခဲ့ရပါပြီ။ သောမက်စ်တူဟယ်ရဲ့ အသင်းက အားလုံးထင်သလို ဒုတိယအကျော့ အိမ်ကွင်းမှာ အသာမရခဲ့ပဲ ပေါ်တိုတို့ အဆုံးသတ်ပိုင်း အားနည်းချက်ရှိနေလို့သာ ကံကောင်းခဲ့တာ ဖြစ်ပါတယ်။ သောမက်စ်တူဟယ် လက်ထက်မှာ ဒုတိယမြောက် အိမ်ကွင်း ရှုံးပွဲတွေ့ခဲ့ပေမယ့် ချဲလ်ဆီးဟာ ၈ ကြိမ်မြောက်အထိ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ကို တက်ရောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ကျန် အင်္ဂလန် ကလပ်တွေ အားလုံးထက် သာတဲ့ စံချိန်တစ်ခုကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ဥရောပချန်ပီယံလိဂ် မှာ တစ်ချိန်က တန်းတစ်ခု ဝင်ခဲ့တဲ့  ပေါ်တိုတို့ တကျော့ပြန် အောင်မြင်မှုရဖို့ ဒီနှစ်မှာ အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် လူစာရင်း အရရော ခြေစွမ်းပိုင်း အရပါ အားအနည်းဆုံး အသင်းဖြစ်ခဲ့လို့ ဒီအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ချဲလ်ဆီးတို့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် မှာတော့ လစ်ဗာပူးလ် (သို့မဟုတ်) ရီးရဲယ်မက်ဒရစ်နဲ့ တွေ့ဆုံရမှာ ဖြစ်တာကြောင့် အခုထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ဖို့ လိုအပ်နေပါပြီ။ လာမယ့် ဧပြီလ ၁၇ ရက်နေ့မှာ  ချဲလ်ဆီးတို့ မန်ချက်စတာစီးတီးနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ကစားဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်