နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်ချက်စတာစီးတီးကို ဂိုးပြတ်အရေးနိမ့်ပြီး နောက်ဆုံး ၃ ပွဲဆက် ရှုံးနိမ့်ခဲ့ပြန်တဲ့ ချဲလ်ဆီး – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

ချဲလ်ဆီး ၁ – ၃ မန်ချက်စတာစီးတီး

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ စူပါဆန်းဒေးရဲ့ အကောင်းဆုံးပွဲစဉ် တစ်ပွဲမှာတော့ ချဲလ်ဆီးတို့ မန်ချက်စတာစီးတီးကို စတန်းဖို့ဒ် ဘရစ်ချ်မှာ ၁-၃ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ချဲလ်ဆီးတို့ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် ရှုံးနိမ့်ခဲ့တာ ဖြစ်သလို အမှတ်ပေးဇယား အဆင့် ၈ နေရာအထိ ကျဆင်းလာခဲ့ပေမယ့် အနိုင်ရရှိခဲ့တဲ့ မန်ချက်စတာစီးတီးကတော့ အဆင့် ၅ နေရာအထိ ပြန်လည်တက်လှမ်းလာနိုင်ခဲ့ပါတယ်။

ဖရန့်ခ်လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းဟာ လက်တလော ပရီးမီးယားလိဂ် မှာ ခြေစွမ်းတွေ တောက်လျောက်ဆိုးရွားနေ ပြီး နိုင်ပွဲတွေ ပျောက်ဆုံးနေခဲ့လို့ မန်ချက်စတာစီးတီးကို စတန်းဖို့ဒ်ဘရစ်ချ်မှာ အနိုင်ကစားဖို့ အားထုတ်ခဲ့ပေမယ့် တကယ်တမ်း ကစားတဲ့ အချိန်မှာတော့ မျှော်လင့်ထားတဲ့ အတိုင်းတော့ ဖြစ်မလာခဲ့ပါဘူး။ ဒဏ်ရာကနေ ပြန်လည် သက်သာလာတဲ့ ဟာကင်မ်ဇီယက်ချ် ပြန်လည်ပါဝင်လာခဲ့ပြီး တိုက်စစ်မှာ တီမိုဝါနာ၊ ပူလီဆစ်တို့နဲ့ အတူ ပွဲထွက်လာခဲ့ ပါတယ်။ ကွင်းလယ်မှာတော့ ကန်တေ၊ ကိုဗာချစ်၊ မေဆင်မောင့်၊ နောက်တန်းမှာ အက်ဇ်ပီလီကျူအာတာ၊ ဇူးမား၊ ဆေးလ်ဗား၊ ဘန်ချေးလ်ဝဲလ်၊ မန်ဒီ တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ မန်ချက်စတာစီးတီးရဲ့ ပွဲထွက် ၁၁ ယောက် လူစာရင်းမှာ တော့ တိုက်စစ်မှာ ဒီဘရိုင်းကိုအထောင်ထားပြီး ကွင်းလယ်မှာ ဖေးလ်ဖိုဒန်၊ ဂန်ဒိုဂန်၊ ဘရာနာဒိုဆေးလ်ဗား၊ စတင်လင်၊ ရိုဒရီ၊ နောက်တန်းမှာ ဇင်ချန်ကို၊ ရူဘင်ဒီးရာ့ဇ်၊ ဂျွန်စတုန်းစ်၊ ဂျာအို ကန်ဆယ်လို၊ ဂိုးမှာတော့ စတီဖင်တို့ပါဝင်လာပါတယ်။ ပွဲအစပိုင်းမှာ ချဲလ်ဆီးတို့ ဧည့်သည် မန်ချက်စတာစီးတီး အသင်းဘက်ကို ထိုးဖောက်မှု တချို့ပြုလုပ်နိုင်ခဲ့ပေမယ့် တကယ်တမ်း ဂိုးစတင်ရရှိသွားခဲ့တာ ကတော့ မန်ချက်စတာစီးတီး အသင်းပဲ ဖြစ်ပါတယ်။ ပွဲချိန် ၁၈ မိနစ်မှာ တောင်ပံက ဖေးလ်ဖိုဒန်ရဲ့ ဖန်တီးပေးပို့မှုကနေ ဂန်ဒိုဂန်က ဦးဆောင်ဂိုး သွင်းပေးခဲ့ပြီး ပွဲချိန် ၂၁ မိနစ်မှာတော့ ဒီဘရိုင်းရဲ့ ပံ့ပိုးပေးမှုကနေ ဖေးလ်ဖိုဒန်က ဒုတိယ မြောက်ဂိုးကို လှလှပပ သွင်းယူပေးခဲ့ပါတယ်။ ချေပဂိုး ပြန်ရဖို့ ချဲလ်ဆီးတို့ အားစိုက် ကစားလာချိန်မှာတော့ မန်ချက်စတာစီးတီးတို့ တန်ပြန်တိုက်စစ်ကနေ ဂိုးတွေရဖို့ အကြောင်းဖန်လာခဲ့ပြန်ပါ တယ်။ ပွဲချိန် ၃၄ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ စတာလင် ဘောလုံး တောက်လျောက် ဆွဲပြေးပြီး ဂိုးပေါက်ကန် သွင်းခဲ့ပေမယ့် တိုင်ထိ ထွက်ခဲ့တာကို ဒီဘရိုင်းက အမှားအယွင်းမရှိ ပိတ်သွင်းခဲ့လို့ မန်ချက်စတာစီးတီးတို့ တတိယဂိုး ရရှိခဲ့ပါတယ်။ အဲ့နောက်မှာလည်း ချဲလ်ဆီးတို့ အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် မန်ချက်စတာစီးတီးကို အသာစီးရယူနိုင် ခြင်းမရှိခဲ့ပဲ ဂွာဒီယိုလာရဲ့ နည်းစနစ် အောက်မှာသာ လက်ကျန် ပွဲချိန်တော်တော်များများ ရုန်းကန်ခဲ့ရတာ တွေ့ရပါတယ်။ ပွဲကစားချိန် မိနစ် ၉၀ ပြည့်ခဲ့လို့ နာကျင်အချိန်ပို ၂ မိနစ်မှာတော့ ချဲလ်ဆီးတို့ နှစ်သိမ့်ဂိုး ၁ ဂိုး ပြန်ရခဲ့ပြီး ကိုင်ဟာဗက်ဇ် ချိုးပေးတဲ့ ဘောလုံးကို အိုဒွိုင်းက ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ၁-၃ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ဖရန့်ခ်လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းဟာ လက်တလော ပရီးမီးယားလိဂ်မှာ ခြေစွမ်းတွေ တောက်လျောက်ဆိုးရွားနေ ပြီး နိုင်ပွဲတွေ ပျောက်ဆုံးနေခဲ့
ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာရရှိခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးတို့ အခုပွဲမှာလည်း ကစားသမားကောင်းတွေ တပုံတပင် ရှိရက်သားနဲ့ မန်ချက်စတာစီးတီးကို ဂိုးပြတ် အရေးနိမ့်ခဲ့ရပြန်ပါပြီ။ အဓိက အားနည်းချက်ကို ပြောရမယ်ဆိုရင် နည်းပြ ဖရန့်ခ်လမ်းပတ်ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အမှားတွေလို့ပဲ ထပ်ပြောရမှာ ဖြစ်ပြီး တစ်သင်းလုံးကလည်း နိုင်လိုစိတ် ကင်းမဲ့နေဆဲ ဖြစ်လို့ ရှုံးပွဲတွေနဲ့ပဲ ထိုက်တန်နေခဲ့ရ ပါတယ်။ နောက်ပြီး မန်ချက်စတာစီးတီး နည်းပြ ပပ်ဂွာဒီယိုလာရဲ့ ပွဲတစ်ပွဲအပေါ် ချဉ်းကပ်ပုံ ပါးနပ်မှုဟာ ချီးကျူးစရာ ကောင်းနေဆဲ ဖြစ်ပြီး ကျန်နည်းပြတွေ အားလုံးလည်း အတုယူသင့်ပါတယ်။ ချဲလ်ဆီးတို့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၆ ပွဲမှာ ၄ ပွဲအထိ ရှုံးပြီး ၁ ပွဲသရေကျကာ ဝက်စ်ဟမ်း တစ်သင်းတည်းကို အနိုင်ရထားခဲ့လို့ ရမှတ် ၄ မှတ်ပဲ စုဆောင်းထားနိုင်ခဲ့ပါတယ်။ မန်ချက်စတာစီးတီး ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် အနိုင်ရခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၅ နေရာအထိ ရောက်ရှိလာခဲ့ပါပြီ။

 

လာမယ့်ပွဲစဉ်များ

ချဲလ်ဆီးတို့ လာမယ့် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ မိုကမ်ဘီအသင်းနဲ့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ် ကစားရဖို့ ရှိနေပြီး မန်ချက်စတာစီးတီး ကတော့ ဇန်နဝါရီလ ၇ ရက်နေ့မှာ မန်ချက်စတာယူနိုက်တက်နဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ် ပွဲစဉ် ကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်