နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Olympics 2024 Daily Missions July to August – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဝုဗ်ကို ၂ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံလိဂ်၀င်ခွင့် အရယူခဲ့တဲ့ ချဲလ်ဆီး

ဒီပွဲမှာ အနိမ့်ဆုံး သရေ တစ်မှတ် ရရုံနဲ့ ချန်ပီယံလိဂ်၀င်ခွင့် ရရှိမှာ ဖြစ်လို့ ချဲလ်ဆီးတို့ ရုန်းအားကောင်းကောင်းနဲ့ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ အနိုင်ယူခဲ့တဲ့ ပွဲစဉ်ဖြစ်ပါတယ်။ရှုံးနိမ့်ခဲ့တဲ့ ဝုဗ်အတွက်ကတော့ စိတ်မကောင်းဖွယ်ရာပဲ ယူရိုပါလိဂ်၀င်ခွင့် တစ်နေရာကို လက်လွှတ်ခဲ့ရပါတယ်။ဒီပွဲမှာ နောက်ပိုင်းကစားတဲ့ ပွဲစဉ်တွေတိုင်း ခြေစွမ်းပြနေတဲ့မေဆင်မောင့်ရဲ့ စွမ်းဆောင်ရည်တွေကိုလည်းတွေ့ခဲ့ရပါတယ်။ကိုယ်တိုင်လည်း တစ်ဂိုးသွင်းနိုင်ခဲ့သလို တစ်ဂိုးလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ဒုတိယဂိုးသွင်းယူပေးခဲ့တဲ့ အိုလီဗီယာဂျီရူးကတော့ နောက်ဆုံးကစားခဲ့တဲ့ ‌၄ပွဲမှာ ၄ဂိုးဆက်တိုက်သွင်းယူပေးနိုင်ခဲ့တဲ့ မှတ်တမ်းကောင်းတစ်ခုလည်း ပိုင်ဆိုင်သွားခဲ့ပါတယ်။ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့တဲ့ ဝုဗ်အတွက်ကတော့ နှစ်ရာသီဆက်တိုက် ဥရောပ ပြိုင်ပွဲ၀င်ရောက်ကစားခွင့်နဲ့လွဲချော်ခဲ့တာဖြစ်ပြီးတော့ ယူရိုပါလိဂ်၀င်ခွင့်ကို နောက်ဆုံးပွဲရောက်မှ လန်ဒန်ကလပ်စပါးကို လွှဲပြောင်းပေးခဲ့ရ တာလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့တဲ့ ဝုဗ်အတွက်ကတော့ နှစ်ရာသီဆက်တိုက် ဥရောပ ပြိုင်ပွဲ၀င်ရောက်ကစားခွင့်နဲ့လွဲချော်ခဲ့
ျဲလ်ဆီးကို ရှုံးပြီး ယူရိုပါလိဂ်နှစ်နှစ်ဆက်၀င်ခွင့် နဲ့ လွဲသွားတဲ့ဝုဗ်

 

အထင်ကရအချက်အလက်

ပွဲစဉ်ကိုပြန်ကြည့်ရမယ်ဆိုရင် ပွဲတစ်ခုလုံးကို ချဲလ်ဆီးတို့ လွှမ်းမိုးကစားသွားနိုင်ပြီး ဘောလုံးပိုင်ဆိုင်မှု၆၂ရာခိုင်နှုန်းကျော်ရှိပြီး ဝုဗ်က ၃၇ရာခိုင်နှုန်းလောက်ပဲ ရှိခဲ့ပါတယ်။ဂိုးပေါက် ခြိမ်းခြောက်မှု အရမှာလည်း ချဲလ်ဆီးက ၁၁ကြိမ်ရှိခဲ့ပြီး ဝုဗ်က ၅ကြိမ်ပဲရှိခဲ့ပါတယ်။ဒီပွဲရဲ့ အနိုင်အရှုံးဟာ နှစ်သင်းစလုံးရဲ့ ဥရောပ၀င်ခွင့် ကိုယ်စီအတွက်အရေးပါနေလို့ မဖြစ်မနေအနိုင်ကစားဖို့ လိုအပ်ခဲ့တာကြောင့် တိုက်စစ်ဖွင့် ကစားခဲ့ကြပါတယ်။ ပထမပိုင်းတစ်လျောက်လုံး ချဲလ်ဆီးတို့ ဖိအားပေးကစားနေခဲ့ရာမှ ပထမပိုင်းပြီးလို့ နာကျင်အချိန်ပို ၄မိနစ်မှာ မေဆင်မောင့်က အလွတ်တည်ကန်ဘောကနေတစ်ဆင့် လှလှပပဦးဆောင်ဂိုးသွင်းယူပေးသွားခဲ့ပါတယ်။ နောက်ထပ် ၃မိနစ်အကြာမှာ ဂျီရူးက မေဆင်မောင့်ရဲ့ ဖန်တီးပေးပို့မှုကို ဝုဗ်နောက်ခံလူတွေကြားကနေ အမိအရပိတ်သွင်းပြီးအနိုင်ဂိုးသွင်းယူသွားပါတယ်။ဒုတိယပိုင်းမှာလည်း အပြန်အလှန်ထိုးဖောက်မှုတွေ ရှိခဲ့ပေမယ့် တစ်ဖက်နဲ့တစ်ဖက်ဂိုးထပ်မသွင်းနိုင်ခဲ့လို့ ၂ဂိုးဂိုးမရှိရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။ဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုတော့ မေဆင်မောင့်ကပဲ ရရှိသွားခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ချဲလ်ဆီးတို့ လာမယ့် ဩဂုတ်လ၁ရက်နေ့ စနေနေ့မှာ အာဆင်နယ်အသင်းနဲ့ အက်ဖ်အေဖလားပွဲစဉ်ကစားရဖို့ရှိပြီး၉ရက်နေ့မှာတော့ ‌ေဘယန်မြူးနစ်နဲ့ ချန်ပီယံလိဂ်ကစားဖို့ ရှိနေပါတယ်။ဝုဗ်ကတော့ ၇ရက်နေ့ သောကြာနေ့မှာ ယူရိုပါလိဂ်  ၁၆သင်းအဆင့် ပွဲစဉ်အဖြစ် အိုလံပီယာကောစ့်နဲ့ ကစားရဖို့ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်