နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရုရှားမြေမှာ ဆီဗီလာတို့ ကပ်နိုင်သွားပါလိမ့်မယ် – ချန်ပီယံလိဂ် ပွဲကြို သုံးသပ်ချက်

ခရက်စ်နိုဒါ vs ဆီဗီလာ

အခုတစ်ပတ် ဗုဒ္ဓဟူးနေ့မှာတော့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီး အုပ်စု E က ခရက်စနိုဒါနဲ့ ဆီဗီလာတို့ ပွဲစဉ် ကိုတော့ SBOTOP ပရိသတ်တွေ အတွက် ကြိုတင်ခန့်မှန်းသုံးသပ်ပေးသွားပါမယ်။

ခရက်စနိုဒါကတော့ လက်ရှိ ချန်ပီယံလိဂ် မှာ ၃ ပွဲကစား၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံး ရမှတ် ၁မှတ် နဲ့ အုပ်စု တတိယ နေရာမှာ ရပ်တည်နေပြီး နောက်တစ်ဆင့် တက်ဖို့ မျှော်လင့်ချက် မရှိသလောက် ဖြစ်နေတဲ့ အသင်း ဖြစ်ပါတယ်။ ရုရှားကလပ် အနေနဲ့ အဖွင့်ပွဲစဉ်မှာ ပြင်သစ်ကလပ် ရန်းစ် အသင်းကို သရေ ကစားနိုင်ခဲ့ပေမယ့် ချဲလ်ဆီးနဲ့ ဆီဗီလာတို့ကို နှစ်ပွဲဆက် ရှုံးနိမ့်ပြီး အုပ်စု E ရဲ့ တတိယနေရာ မှာ ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။ ခရက်စနိုဒါတို့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ၄ ပွဲရှုံးပြီး ၁ ပွဲနိုင်ထားပါတယ်။ မနှစ်က ရုရှား ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြခဲ့ပေမယ့် လက်ရှိရာသီမှာတော့ အဆင့် ၉ နေရာအထိ ရောက်ရှိနေတာ တွေ့ရပါတယ်။ ခရက်စနိုဒါတို့ နောက်ဆုံး ၃ ပွဲမှာ ၄ ဂိုး သွင်းယူထားနိုင်တယ် ဆိုပေမယ့် ၂ ပွဲရှုံးပြီး ၁ ပွဲပဲ အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။  လက်ရှိ အသင်းမှာ မားကပ်ဘဂ်၊ ကာဘယ်လာတို့ ခြေစွမ်းပြနေတယ် ဆိုပေမယ့် ခံစစ်က သွင်းဂိုးတွေ တောက်လျောက် ပေးနေရပြီး ဒီရာသီ ၁၈ ပွဲ ကစားထားခဲ့ရာမှာ ပေးဂိုး အထိ ၂၆ ဂိုးအထိ ရှိထားပါတယ်။

 
ပြိုင်ဘက် ဆီဗီလာ အသင်းကတော့ နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲဆက် အနိုင်ရထားပြီး သွင်းဂိုးကတော့ ၈ ဂိုး အထိ ရရှိထားခဲ့ပါတယ်။ ဆီဗီလာတို့ ခရက်စနိုဒါနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပထမအကျော့ ပွဲစဉ်မှာ ၃-၂ နဲ့ အနိုင်ရထားပါတယ်။ မနှစ်က ယူရိုပါလိဂ် ချန်ပီယံဆုကို ရရှိခဲ့တဲ့ နည်းပြ လိုပက်တက်ဂွီရဲ့ ဆီဗီလာတို့ ဒီရာသီမှာ လာလီဂါ ထိပ်သီးတွေ ဖြစ်တဲ့ ရီးရဲယ်မက်ဒရစ်နဲ့ ဘာစီလိုနာရဲ့ ခြေစွမ်း မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး ချန်ပီယံဆုရရှိဖို့ ပစ်မှတ်ထားနေပြီး ချန်ပီယံလိဂ် မှာလည်း ရလဒ်ကောင်းနိုင်ဖို့ မျှော်လင့်နေပေမယ့် မထင်မှတ်ပဲ အသင်းရဲ့ ကစားပုံအပိုင်းမှာ အားနည်းချက်တွေ ရှိနေတာ တွေ့ရပါတယ်။ ဆီဗီလာလို့ လာလီဂါမှာ ၈ ပွဲကစား၊ ၄ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၃ ပွဲရှုံးပြီး ရမှတ် ၁၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာတော့ ၃ ပွဲကစား၊ ၂ ပွဲနိုင်၊ ၁ ပွဲသရေကျပြီး အုပ်စု ထိပ်ဆုံးက ချဲလ်ဆီးနဲ့ ရမှတ်တူ ဂိုးကွာခြားချက်နဲ့ ဒုတိယ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ ဆီဗီလာတို့ အခုနှစ် ချန်ပီယံလိဂ် အုပ်စု E အဖွင့် ပွဲစဉ်မှာ ချဲလ်ဆီးနဲ့ ဂိုးမရှိ သရေ ကျပါတယ်။ ဒုတိယ ပွဲစဉ်မှာတော့ ရန်းစ်အသင်းကို ၁-၀ နဲ့ အနိုင်ရပြီး နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်မှာ ၃-၂ ရလဒ်နဲ့ ခရက်စနိုဒါကို အနိုင်ရခဲ့ပါတယ်။ လက်ရှိ ဆီဗီလာ အသင်းမှာ ဂျီးဆပ်စ် နားဗက်စ်၊ လူးကပ်စ် အိုကမ်ပို့စ်၊ ဖာနန်ဒို၊ ရာကီတစ်ချ်၊ ကွန်ဒေး၊ ဒီယေဂို ကားလို့စ်တို့ ခြေစွမ်းပြနေပြီးတော့ လက်ရှိ ခရက်စနိုဒါနဲ့ ပွဲစဉ်မှာတော့ ဂျီးဆပ်စ် နားဗက်စ် အနီကတ် ပြစ်ဒဏ်ကြောင့် ပါဝင်လာနိုင်မှာ မဟုတ်သလို ဆူဆိုကတော့ ကြွက်သားဒဏ်ရာကြောင့် လွဲချော်ဖို့ ရှိနေပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံ မှု အပိုင်းကို ကြည့်မယ်ဆိုရင် ဥရောပ ပြိုင်ပွဲတွေမှာ ၃ ကြိမ်တိတိ ထိပ်တိုက်တွေ့ဆုံထားပြီး ဆီဗီလာကတော့ ၂ ပွဲနိုင်ပြီး ခရက်စနိုဒါကတော့ ၁ ပွဲပြန်လည် အနိုင်ရထားပါတယ်။ ဒီနှစ် ချန်ပီယံလိဂ် ပထမအကျော့ ပွဲစဉ် မှာတော့ ဆီဗီလာက အိမ်ကွင်းမှာ နာဆီရီရဲ့ သွင်းဂိုးနှစ်ဂိုး အပါအဝင် ရာကီတစ်ချ်ရဲ့ သွင်းဂိုး ၁ ဂိုးနဲ့အတူ ၃-၂ ရလဒ်နဲ့ ခရက်စနိုဒါကို အနိုင်ရထားခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ခရက်စ်နိုဒါ vs ဆီဗီလာ 1X2 ဆီဗီလာ @ 1.64
နိုဝင်ဘာလ ၂၅ ရက်, မနက် ၁၂:၂၅ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ပေါက်ကြေး အရ အိမ်ရှင် ခရက်စနိုဒါ အသင်းအတွက် ၄.၇၀ ဆ နဲ့ ဧည့်သည် ဆီဗီလာ အသင်းအတွက် ၁.၆၄ ဆ သရေအတွက် ၄.၀၀ ဆ ကြေးဖွင့် ပေးထားတာ တွေ့ရပါတယ်။ ဒီပေါက်ကြေးကို ကြည့်မယ်ဆိုရင်တော့ ဧည့်သည် ဆီဗီလာ အသင်းဘက်မှာ မဖြစ်မနေ ရပ်တည်သင့် နေပါတယ်။ ဒါပေမယ့် တစ်ချက် ပြန်ကြည့်ရမှာက ဥရောပ အသင်းကြီးတွေ အနေနဲ့ အရှေ့ ဥရောပ ကလပ်တွေရဲ့ ကွင်းမှာ သွားရောက် ရင်ဆိုင်ရာတိုင်း ရုန်းကန်ရလေ့ ရှိတာကိုတော့ သတိချပ်ရပါမယ်။ ဆီဗီလာတို့ပဲ ကပ်နိုင်သွားဖို့ များပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်