နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Olympics 2024 Daily Missions July to August – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စပိန်မြေမှာ ဘာစီလိုနာကို ပီအက်စ်ဂျီတို့ အသာရပါ့မလား | ချန်ပီယံလိဂ် (ပွဲကြိုသုံးသပ်ချက်)

ဘာစီလိုနာ – ပီအက်စ်ဂျီ

ဒီတစ်ပတ် ကြားရက်မှာလည်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်တွေ ဆက်လက် ကစားဖို့ ရှိပြီး ဘာစီလိုနာက ပီအက်စ်ဂျီကို စပိန်မြေမှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။ ပထမအကျော့ ပြင်သစ်မြေမှာ အနိုင်ရခဲ့တဲ့ ဇာဗီရဲ့ ဘာစီလိုနာ အတွက် အားသာချက်တွေ ရှိနေပေမယ့် ပီအက်စ်ဂျီ ကရော မထင်မှတ်တာတွေ လုပ်ပြနိုင်ဦးမလား ဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဘာစီလိုနာဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့တုန်းက ရာဖင်ညာနဲ့ လူစားဝင် ကစားသမားတွေ ဖြစ်တဲ့ ပက်ဒရီ၊ ခရစ္စတန်ဆန် တို့ရဲ့ ခြေစွမ်းပြမှုနဲ့ အတူ အဖိုးတန် နိုင်ပွဲ ရထားခဲ့ပြီး အခုပွဲကို ဖိအားနည်းနည်းနဲ့ ကစားနိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီပွဲကို ပြန်ကြည့်ရင် ပီအက်စ်ဂျီဟာ ပွဲကို လွှမ်မိုးထားဖို့ ကြိုးစားခဲ့ပေမယ့် ဘာစီလိုနာရဲ့ လျင်မြန်တဲ့ တိုက်စစ် အကူးအပြောင်းတွေ အောက်မှာ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ အဓိက ကတော့ ဘာစီလိုနာရဲ့ တောင်ပံ နှစ်ဖက်က တော်တော်လေး အလုပ် ဖြစ်ခဲ့ပြီး ဟာကီမီ ညာခြမ်းခံစစ်က အားနည်းခဲ့တာ ဖြစ်ပါတယ်။ အခုပွဲမှာတော့ ဟာကီမီ ပါလာပြီ ဖြစ်လို့ ဘာစီလိုနာရဲ့ ညာတောင်ပံက ပထမအကျော့ကလိုမျိုး လွယ်ကူဖို့တော့ မရှိပါဘူး။ ဘာစီလိုနာဟာ လက်ရှိမှာ ပြိုင်ပွဲစုံ နောက်ဆုံး ၁၃ ပွဲဆက် ရှုံးပွဲ မရှိထားသလို ခြေစွမ်း တည်ငြိမ်နေတာ တွေ့ရပါတယ်။

ပီအက်စ်ဂျီ ကတော့ ချန်ပီယံလိဂ် ပထမအကျော့ ကစားပြီးတဲ့နောက် ကြားရက်မှာ အနားရနေပြီး အခုပွဲကို အင်အား အပြည့်နဲ့ ကစားနိုင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာ ပီအက်စ်ဂျီမှာ အဓိက အားထားရတဲ့ တိုက်စစ်မှူး အမ်ဘာပေး တစ်ယောက် ပုံမှန်ခြေစွမ်းအောက် ရောက်နေခဲ့သလို အဆန်စီယိုရဲ့ အထောင်တိုက်စစ် ကလည်း အားနည်းခဲ့ပါတယ်။ ဒါကြောင့် ဘာစီလိုနာ နည်းပြဟောင်း အင်းနရစ်ခ် အနေနဲ့ အခုပွဲကို မတူညီတဲ့ ချဉ်းကပ်မှုမျိုးနဲ့ ပြောင်းလဲ ပွဲထွက်စေမယ့် သဘော ရှိပြီး အလုပ်ဖြစ်မဖြစ် ကိုတော့ စောင့်ကြည့်ရမှာပါ။ ပထမအကျော့ လူစာရင်းနဲ့ သိသိသာသာ ကွဲပြားတဲ့ ပုံစံမျိုးနဲ့လည်း ပွဲထွက်လာနိုင်ပါတယ်။ ပီအက်စ်ဂျီဟာလည်း အဝေးကွင်း နောက်ဆုံး ၁၃ ပွဲဆက် ရှုံးပွဲ မရှိထားလို့ စောင့်ကြည့်ချင်စရာပါပဲ။


နှစ်ဖက်အသင်း သတင်းများ

ပီအက်စ်ဂျီ ကတော့ ချန်ပီယံလိဂ် ပထမအကျော့ ကစားပြီးတဲ့နောက် ကြားရက်မှာ အနားရနေပြီး အခုပွဲကို အင်အား အပြည့်နဲ့ ကစားနိုင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။
အဝေးကွင်း နောက်ဆုံး ၁၃ ပွဲဆက် မရှုံးထားတဲ့ ပီအက်စ်ဂျီ

အခုပွဲကိုတော့ ဘာစီလိုနာ ဘက်က ဆာဂျီ ရောဘတ်တို၊ ခရစ္စတန်ဆန် တို့ ပွဲပယ်ကြောင့် လွဲချော်ဖို့ ရှိပြီး ဂါဗီနဲ့ ဘဲလ်ဒီ ကတော့ ဒဏ်ရာကြောင့် ဆက်လက် လွဲချော်ကြဦးမှာပါ။

ပီအက်စ်ဂျီ ဘက်မှာတော့ ရီကို၊ ကင်ဘမ်ပီ၊ မူကီလီ၊ ကာဇာဝါတို့ ဒဏ်ရာကြောင့် အသီးသီး လွဲချော်ကြမှာ ဖြစ်ပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

ဘာစီလိုနာ – တာစတီဂျန်၊ ကွန်ဒေး၊ အာရူဟို၊ ကူဘာဆီ၊ ကန်ဆယ်လို၊ ပက်ဒရီ၊ ဂွန်ဒိုအန်၊ ဖရန်ကီ ဒီယောင်၊ ရာမယ်၊ လီဝမ်ဒေါစကီး၊ ရာဖင်ညာ

ပီအက်စ်ဂျီ – ဒွန်နာရူးမား၊ ဟာကီမီ၊ မာကွင်ညော့စ်၊ ဘာရယ်ဒို၊ ဟာနန်ဒက်စ်၊ ဇိုင်း အမ်မရီ၊ ရူအစ်ဇ်၊ ဗစ်တင်ဟာ၊ ဒမ်ဘီလီ၊ ရာမို့စ်၊ အမ်ဘာပေး


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၁၂ ကြိမ် တွေ့ဆုံခဲ့ရာမှာ ပီအက်စ်ဂျီက ၃ ကြိမ်နိုင်၊ ၃ ကြိမ် သရေကျပြီး ဘာစီလိုနာက ၆ ကြိမ် အနိုင်ရခဲ့ပါတယ်။ ဘာစီလိုနာ အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲ မှာတော့ ဘာစီလိုနာက ၃ ကြိမ်နိုင်၊ ၁ ကြိမ် သရေ၊ ၁ ကြိမ် ရှုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ဘာစီလိုနာက ၅ ပွဲစလုံး နိုင်ခဲ့ပြီး ပီအက်စ်ဂျီက ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1×2 မှာ ဘာစီလိုနာ နိုင်ရင် ၂.၁၆ ဆ၊ ပီအက်စ်ဂျီ နိုင်ရင် ၂.၈၃ ဆ၊ သရေ ဆိုရင်တော့ ၃.၅၁ ဆ ပေးထားပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဘာစီလိုနာက သရေ တစ်ဝက် ရှုံး၊ သရေ အရှုံး၊ ဒဲ့ကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံးက စဖွင့်ပါတယ်။ ပထမအကျော့ ခြေစွမ်းအတိုင်းဆို ပီအက်စ်ဂျီတို့ ဘာစီလိုနာရဲ့ ကွင်းမှာ မျှော်လင့်ချက် တော်တော်လေး နည်းနေပါလိမ့်မယ်။ အမ်ဘာပေး ဦးဆောင်တဲ့ တိုက်စစ်က ခြေစွမ်းပြနိုင်ဖို့ လိုအပ်ပြီး မထင်မှတ်တာတွေ လုပ်ပြမှ ရပါလိမ့်မယ်။ ဘာစီလိုနာ ကတော့ ပထမအကျော့က နိုင်ထားလို့ ပွဲကို ထိန်းချုပ် ကစားရင်း သူ့အိမ်ကွင်းမှာ အနိမ့်ဆုံး သရေကန်ပါလိမ့်မယ်။ ကျနော် ကတော့ ပြိုင်ပွဲစုံမှာ ရှုံးပွဲ မရှိပဲ ပုံစံကောင်းရနေတဲ့ ဘာစီလိုနာကိုပဲ ကြိုက်ပါတယ်။ အပြန်အလှန် သွင်းဂိုး တချို့ ရှိနိုင်ပါတယ်။

ခန့်မှန်းရလဒ် ဘာစီလိုနာ ၂-၁ ပီအက်စ်ဂျီ (နှစ်ကျော့ပေါင်း ရလဒ် ၅-၃)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်