နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Olympics 2024 Daily Missions July to August – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ် အုပ်စု (H) ပွဲပြီးသုံးသပ်ချက်နဲ့ အလားအလာ

ဒီကနေ့ မနက် အစောပိုင်းမှာ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင် ကစားခဲ့ကြပြီး အုပ်စု (H) မှာတော့ ဘာစီလိုနာတို့ ရှုံးပွဲတွေ့ခဲ့ပြီး ပေါ်တို ကတော့ အိမ်ကွင်းမှာ နိုင်ပွဲ ရခဲ့ပါတယ်။


အဝေးကွင်း ရှုံးပွဲတွေ့ခဲ့တဲ့ ဘာစီလိုနာ

ရှက်တာဒိုးနတ် ၁-၀ ဘာစီလိုနာ

ချန်ပီယံလိဂ်မှာ တောက်လျောက် နိုင်ပွဲ ဆက်နေခဲ့တဲ့ ဘာစီလိုနာတို့ ယူကရိန်း ထိပ်သီး အသင်းရဲ့ ရပ်တန့်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ဟမ်းဘတ်မှာ ကစားခဲ့တဲ့ ဒီပွဲမှာ ရှက်တာဒိုးနတ်တို့ ဘာစီလိုနာကို ပထမဦးဆုံး အကြိမ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာရ ပွဲပယ် ကင်းရှင်းနေတဲ့ ရှက်တာဒိုးနတ်တို့ ဘာစီလိုနာကို အတောင့်တင်းဆုံး လူစာရင်းနဲ့ ရင်ဆိုင်နိုင်ခဲ့ပြီး ဘာစီလိုနာ ကလည်း လီဝမ်ဒေါစကီး၊ ရာဖင်ညာ၊ ဖာရန်းတောရက်စ်၊ ဂါဗီ၊ ဂွန်ဒိုအန်၊ ကန်ဆယ်လို၊ အာရူဟို တို့ ပါဝင်တဲ့ အစုအဖွဲ့နဲ့ ကစားသွားခဲ့တာ ဖြစ်ပါတယ်။ အသင်းကြီးနဲ့ အသင်းနဲ့ ကစားတဲ့ ပွဲဖြစ်လို့ ဘာစီလိုနာတို့ ဘောလုံးပိုင်ဆိုင်မှုမှာ အသာရခဲ့ပေမယ့် တိုက်စစ်ပိုင်း ထိထိရောက်ရောက် ကစားနိုင်ခဲ့တာ ကတော့ ရှက်တာဒိုးနတ် ဖြစ်ပါတယ်။ ၄-၁-၄-၁ နဲ့ ကစားသွားတဲ့ ရှက်တာဒိုးနတ် ခံစစ်နဲ့ တန်ပြန် တိုက်စစ်ကြောင့် ဇာဗီရဲ့ အသင်း ဂိုးရဖို့ ခက်ခဲခဲ့သလို ခံစစ်ကလည်း သတိထား ထိန်းချုပ်ခဲ့ရပါတယ်။ ရှက်တာဒိုးနတ် အတွက် တစ်လုံးတည်းသော အနိုင်ဂိုး ကိုတော့ ပထမပိုင်း ပြီးခါနီးမှာ တိုက်စစ်မှူး ဆီကန်က ရတဲ့ အခွင့်အရေးကို အပိုင်အသုံးချပြီး သွင်းယူခဲ့တာ ဖြစ်ပါတယ်။


အပြန်အလှန် ကစားပြီးမှ နိုင်ပွဲရခဲ့တဲ့ လိုက်ပ်ဇစ်

ပေါ်တို ၂-၀ ရွိုင်ရယ် အန့်တ်ဝပ်

ဒါကြောင့် လက်ကျန် ချန်ပီယံလိဂ် ရှုံးထွက်တက်ရေး ဘာစီလိုနာ၊ ပေါ်တိုနဲ့ ရှက်တာဒိုးနတ်တို့ ၃ သင်းစလုံး မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပြီး အမှားများတဲ့ အသင်းက ယူရိုပါလိဂ် ဆင်းကန် ရမှာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ရှုံးထွက်တက်ရေး လက်ကျန်ပွဲတွေမှာ အမှားခံလို့ မရသေးတဲ့ ပေါ်တို

ပေါ်တူဂီ ကလပ်ဟာ လိုအပ်နေတဲ့ နိုင်ပွဲကို အိမ်ကွင်းမှာ သက်တောင့်သက်သာနဲ့ ရရှိခဲ့တာ ဖြစ်ပါတယ်။ ပေါ်တိုတို့ အဓိက လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပေမယ့် ဧည့်သည် အသင်း ဘက်မှာတော့ တိုဘီ အန်ဒါဝီရယ်၊ ကီတာ၊ အွန်ဒရေကာ တို့လို ကစားသမားတွေတော့ မပါဝင်နိုင်ခဲ့ပါဘူး။ ပွဲချိန် အများစုမှာ ပေါ်တိုတို့ပဲ အသာစီးနဲ့ ကစားသွားခဲ့ပြီး ၃၂ မိနစ်မှာ ပေါ်တိုတို့ ပင်နယ်တီက တဆင့် ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပြီး ဒုတိယပိုင်း ပွဲပြန်စပြီး မကြာခင်မှာပဲ ပြိုင်ဘက် ကွင်းလယ်လူ အက်ကယ်လန်ကမ့်ပ် အနီကတ်ပြခံခဲ့ရတာကြောင့် သက်တောင့်သက်သာ ကစားနိုင်ခဲ့ပါတယ်။ ပေါ်တို အတွက် ဒုတိယ အနိုင်ဂိုး ကိုတော့ ဝါရင့် နောက်ခံလူ ပီပီက ၉၀+၁ မိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ပွဲစဉ် ၄ ပွဲ ကစားအပြီးမှာ ဘာစီလိုနာက ရမှတ် ၉ မှတ်၊ ပေါ်တိုက ၉ မှတ်နဲ့ အုပ်စု (H)ကို ပူးတွဲ ဦးဆောင်ထားခဲ့ပြီး ရှက်တာ ကတော့ ၆ မှတ်နဲ့ ချန်ပီယံလိဂ် ရှုံးထွက် အဆင့် အတွက် မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပါတယ်။ လက်ကျန် ပွဲစဉ် ၂ ပွဲမှာ ဘာစီလိုနာက ပေါ်တို အန့်တ်ဝပ် တို့နဲ့ ကစားဖို့ ကျန်နေတာကြောင့် နောက်တစ်ဆင့် အတွက် အခြေအနေ အကောင်းဆုံး ဖြစ်နေပေမယ့် ပေါ့ဆလို့တော့ မရသေးပါဘူး။ ပေါ်တို ကတော့ ဘာစီလိုနာ၊ ရှက်တာဒိုးနတ်နဲ့ ကစားဖို့ ကျန်ပြီး ရှက်တာဒိုးနတ် ကတော့ ပေါ်တို၊ အန့်တ်ဝပ် တို့နဲ့ ကစားဖို့ ကျန်နေပါသေးတယ်။ ဒါကြောင့် လက်ကျန် ချန်ပီယံလိဂ် ရှုံးထွက်တက်ရေး ဘာစီလိုနာ၊ ပေါ်တိုနဲ့ ရှက်တာဒိုးနတ်တို့ ၃ သင်းစလုံး မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပြီး အမှားများတဲ့ အသင်းက ယူရိုပါလိဂ် ဆင်းကန် ရမှာ ဖြစ်ပါတယ်။ ဘဲဥ မကွဲသေးတဲ့ အန့်တ်ဝပ် ကတော့ အုပ်စု အဆင့်နဲ့ပဲ လှည့်ပြန်ရတော့မှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်