နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ် အုပ်စု (E) ပွဲပြီးသုံးသပ်ချက်နဲ့ အလားအလာ

ဒီကနေ့ မနက် အစောပိုင်းမှာ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင် ကစားခဲ့ကြပြီး အုပ်စု (E) မှာတော့ အက်တလက်တီကိုမက်ဒရစ်နဲ့ လာဇီယိုတို့ နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ကြပါတယ်။


တိုက်စစ် အစွမ်းပြပြီး ဆဲလ်တစ်ကို ဂိုးပြတ် အနိုင်ယူခဲ့တဲ့ အက်တလက်တီကို

အက်တလက်တီကိုမက်ဒရစ် ၆-၀ ဆဲလ်တစ်

အက်တလက်တီကို မက်ဒရစ် ကတော့ ဆဲလ်တစ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့တာ ဖြစ်ပါတယ်။ ဆာဗစ်၊ ဂိုမစ်၊ ဂါဘစ် တို့က လွဲလို့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်ခဲ့ပြီး ဒီယေဂို ဆီမြွန်နီရဲ့ စိတ်ကြိုက် ၃-၅-၂ နဲ့ပဲ ရင်ဆိုင်သွားခဲ့ပါတယ်။ ဒဏ်ရာရ ပွဲပယ် ကစားသမား များနေတဲ့ ဆဲလ်တစ် ကတော့ ပဲလ်မာ၊ မာအီဒါ၊ မက်ဂရီဂေါ်၊ အိုရိုင်လီ၊ စကေးလ်စ်၊ ဂျွန်စတန်၊ ဟာ့တ် တို့နဲ့ ပွဲထွက်ခဲ့ပြီး ၄-၃-၃ အခင်းအကျင်းနဲ့ ကစားသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားအား ကောင်းတဲ့ အက်တလက်တီကို မက်ဒရစ်လို အသင်းကို ခြေရည်တူ ရင်ဆိုင်ဖို့ ခက်ခဲခဲ့ပြီး ပွဲချိန် ၆ မိနစ်မှာတင်ပဲ ဦးဆောင်ဂိုး ပေးခဲ့ရပါတယ်။ ဒီဂိုး ကိုတော့ ဂရစ်ဇ်မန်းက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ပွဲချိန် ၂၃ မိနစ်မှာ မာအီဒါ အနီကတ်ပြ ထုတ်ပယ်ခံလိုက်ရခြင်းက ဆဲလ်တစ်ကို ပိုမို ရုန်းကန်သွားရစေပြီး တတ်နိုင်သမျှ ခံကစားခဲ့ပေမယ့် ၄၅+၂ မိနစ်မှာ မိုရာတာရဲ့ ဒုတိယဂိုးကို ထပ်မံ ခွင့်ပြုပေးခဲ့ရပါတယ်။ ဒုတိယပိုင်း မှာတော့ အက်တလက်တီကိုတို့ ပွဲကို အပြည့်အဝ လွှမ်းမိုးနိုင်ခဲ့ပြီး သွင်းဂိုး ၄ ဂိုး ထပ်ရခဲ့လို့ ပွဲအပြီးမှာ ၆-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ တီကို အတွက် ဂိုးတွေ ကိုတော့ ဂရစ်ဇ်မန်း၊ လီနို၊ မိုရာတာနဲ့ ဆာအူးလ် တို့က ထပ်မံ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။


အင်မိုဘီလီရဲ့ သွင်းဂိုးနဲ့ ဖီယင်နော့ဒ်ကို အနိုင်ရခဲ့တဲ့ လာဇီယို

လာဇီယို ၁-၀ ဖီယင်နော့ဒ်

နှစ်သင်းစလုံး အက်တလက်တီကိုမက်ဒရစ်၊ ဆဲလ်တစ် တို့နဲ့ ကစားဖို့ ကျန်နေသေးလို့ ချန်ပီယံလိဂ် ရှုံးထွက်ကို ဘယ်အသင်း တက်ရောက်သွားမလဲ ဆိုတာတော့ ပြောလို့ မရသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။
အိမ်ကွင်း ၅ ပွဲဆက် ရလဒ်ကောင်းခဲ့တဲ့ လာဇီယို

လာဇီယိုတို့ အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် ရုန်းကန်ခဲ့ရပါတယ်။ ဧည့်သည် ဖီယင်နော့ဒ် အသင်းရဲ့ အားကောင်းတဲ့ ကစားဟန်ကြောင့် ပွဲအစ မိနစ် ၂၀ လောက် အထိပဲ လာဇီယိုတို့ အသာရခဲ့တာပါ။ အဲ့နောက်ပိုင်း မှာတော့ ဖီယင်နော့ဒ်တို့ ပွဲချိန် တော်တော်များများ အိမ်ရှင်အသင်း ဘက်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်း လိုအပ်နေတဲ့ သွင်းဂိုး ရရှိခဲ့တာက လာဇီယို ဖြစ်ပါတယ်။ လာဇီယို အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ တိုက်စစ်မှူး ကိုင်ရို အင်မိုဘီလီက ပထမပိုင်း ပွဲပြီးခါနီးမှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ရောမသားတို့ ပထမအကျော့ နယ်သာလန်မြေမှာ ဂိုးပြတ် အရေးနိမ့်ခဲ့မှုကို ပြန်လည် ချေဖျက်နိုင်ခဲ့ပြီး နောက်တစ်ဆင့် အတွက်လည်း မျှော်လင့်ချက် ရှိသွားခဲ့ပါတယ်။

ဒီအုပ်စုရဲ့ လက်ရှိ ရပ်တည်မှုတွေကို ကြည့်မယ် ဆိုရင် အက်တလက်တီကိုမက်ဒရစ်က ၈ မှတ်နဲ့ ထိပ်ဆုံးမှာ ရှိနေပြီး လာဇီယိုက ၇ မှတ်နဲ့ ဒုတိယ၊ ဖီယင်နော့ဒ်က ၆ မှတ်နဲ့ တတိယ နေရာမှာ ရှိနေပါတယ်။ ၁ မှတ်ပဲ ရထားသေးတဲ့ ဆဲလ်တစ် ကတော့ အုပ်စု အောက်ဆုံးမှာ ရှိနေပြီး ဒီနှစ် ချန်ပီယံလိဂ် ကိုတော့ အုပ်စု အဆင့်နဲ့ပဲ နှုတ်ဆက်ရဖို့ သေချာသလောက် ရှိသွားခဲ့ပါတယ်။

ဒါကြောင့် လက်ကျန် ပွဲစဉ် အခြေအနေအရ အက်တလက်တီကိုမက်ဒရစ်ဟာ ချန်ပီယံလိဂ် ရှုံးထွက်တက်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေပြီး ဖီယင်နော့ဒ်နဲ့ လာဇီယို ကတော့ လက်ကျန် ၂ ပွဲမှာ တတ်နိုင်သမျှ အမှတ်ယူဖို့ လိုအပ်ပါတယ်။ နှစ်သင်းစလုံး အက်တလက်တီကိုမက်ဒရစ်၊ ဆဲလ်တစ် တို့နဲ့ ကစားဖို့ ကျန်နေသေးလို့ ချန်ပီယံလိဂ် ရှုံးထွက်ကို ဘယ်အသင်း တက်ရောက်သွားမလဲ ဆိုတာတော့ ပြောလို့ မရသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်