နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂိုးအများနဲ့ အင်တာမီလန်ကို လက်တွဲထားရမယ့် အချိန် ဖြစ်တယ် | အင်တာမီလန် – ရှက်တာဒိုးနက်ခ် (ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်)

အင်တာမီလန် vs ရှက်တာဒိုးနက်ခ်

ဒီတစ်ပတ် ချန်ပီယံလိဂ် အုပ်စု (D)ရဲ့ အင်တာမီလန်နဲ့ ရှက်တာဒိုးနတ်တို့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဖြစ်လာဖို့ ရှိနေပါတယ်။ အုပ်စု ပထမနေရာ အတွက် မျှော်လင့်ချက်ရှိနေတဲ့ အသင်း ၃ သင်းအထိ ရှိနေတာက ဒီပွဲကို ပိုပြီး အရေးပါစေမှာလည်း ဖြစ်ပါတယ်။ ရှက်တာဒိုးနက်ခ် အတွက် မျှော်လင့်ချက် မရှိတော့ဘူး ဆိုပေမယ့် အင်တာမီလန် အတွက် အုပ်စု ပထမနေရာက ရယူနိုင်ခွင့် ရှိနေဆဲဖြစ်လို့ အကြိတ်အနယ် အရှိဆုံး ပွဲတစ်ပွဲ ဖြစ်လာမှာ သေချာပါတယ်။

ရှက်တာဒိုးနက်ခ် ကတော့ ဒီနှစ် ချန်ပီယံလိဂ်မှာ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဖြစ်ခဲ့ပါပြီ။
ချန်ပီယံလိဂ် အုပ်စု (D)ရဲ့ အောက်ဆုံးမှာ ရပ်တည်နေတဲ့ ရှက်တာဒိုးနတ်ခ်

အုပ်စု ပထမနေရာ အတွက် အင်တာမီလန်တို့ အကောင်းဆုံး အခြေအနေမှာ ရှိနေပါတယ်။ အုပ်စုတွင်း ပွဲစဉ် ၄ ပွဲ ကစားပြီးချိန်မှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးရလဒ် ရရှိထားတယ် ဆိုပေမယ့် အဆင့် ၁ နေရာက ရီးရဲယ်နဲ့ ရမှတ် ၁ မှတ်ပဲ ကွာဟနေလို့ လက်ကျန် ၂ ပွဲက အရေးပါဆုံး ဖြစ်နေပါတယ်။ အထူးသဖြင့် ဒီရာသီ ချန်ပီယံလိဂ် အိမ်ကွင်း ရလဒ်ကောင်း ရရှိထားတဲ့ အသင်း တစ်သင်းရဲ့ အခြေအနေက မျှော်လင့်ချက် အကောင်းဆုံး ဖြစ်နေခဲ့တာပါ။ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲမှာ ရှုံးပွဲလုံးဝ မရှိထားတဲ့ အခြေအနေက တည်ငြိမ်လွန်းနေပါတယ်။ ပြည်တွင်း ပြိုင်ဘက်တွေ ဖြစ်တဲ့ ဂျူဗင်တပ်စ်၊ အေစီမီလန်၊ နာပိုလီတို့ကို မရှုံးအောင် ကစားထားနိုင်တဲ့ အခြေအနေပါ။ တိုက်စစ်က ၁၄ ဂိုးသွင်းပြီး ၆ ဂိုး ပြန်ပေးထားရတာက အဓိက သက်သေပါ။

ရှက်တာဒိုးနက်ခ် ကတော့ ဒီနှစ် ချန်ပီယံလိဂ်မှာ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဖြစ်ခဲ့ပါပြီ။ အုပ်စု ပွဲစဉ် ၄ ပွဲအပြီး ၁ ပွဲ သရေ၊ ၃ ပွဲရှုံး ဆိုတဲ့ ရလဒ်က ပြိုင်ပွဲကို နှုတ်ဆက်ရဖို့ သေချာသလောက် ရှိခဲ့တာပါ။ အသင်းငယ်တစ်သင်း ဖြစ်တဲ့ ရှရစ်ဖ်လို အသင်းမျိုးကိုတောင် အနိုင်မယူနိုင်ခဲ့တဲ့ အခြေအနေက ဆိုးရွားလွန်းပါတယ်။ ဒါပေမဲ့ လက်ရှိ လူစာရင်းနဲ့ အစုအဖွဲ့က ဒီရလဒ်နဲ့ပဲ ထိုက်တန်တယ်လို့ ဆိုရမှာပါ။ အဓိက အချက်ကတော့ ချန်ပီယံလိဂ် ပွဲစဉ်တွေမှာအခက် အခဲရှိနေခဲ့တာလို့ ဆိုချင်ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ချန်ပီယံလိဂ် ရှုံးပွဲ တစ်ပွဲကလွဲရင် ကျန်ပွဲအားလုံး အနိုင်ရရှိထားခဲ့တာက သက်သေပါ။ တိုက်စစ်က ၁၃ ဂိုးရပြီး ၄ ဂိုးပဲ ပြန်ပေးထားရတာကလည်း တည်ငြိမ်တဲ့ အခြေအနေလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်မှာ လုပ်တိုင်း မဖြစ်တာကတော့ ရှက်တာဒိုးနက်ခ်ရဲ့ ကံတရားလို့ပဲ ယိုးမယ်ဖွဲ့ရပါလိမ့်မယ်။ ထရာအိုရေးလ်၊ မိုရက်စ်၊ အစ်မိုင်လီတို့ ပါဝင်ကစားဖို့ မသေချာတဲ့ အခြေအနေ ဆိုပေမယ့် အဓိက ကစားသမား အစုအဖွဲ့ကတော့ ကြံ့ခိုင်မှု ပြည့်ဝနေပါတယ်။ မေကွန်၊ ဖာနန်ဒို၊ ဆော်လမွန်၊ ပက်ဒရင်ဟိုတို့လို ကစားသမားတွေ ပါဝင်လာနိုင်ခြေ များပါတယ်။ သင်္ချာနည်းအရ မျှော်လင့်နိုင်သေးတယ်ဆိုတဲ့ အခြေအနေမှာ ဒီပွဲက ရှက်တာဒိုးနက်ခ် အတွက် အရေးပါဆုံး ပွဲတစ်ပွဲလို့ပဲ သတ်မှတ်ရမှာပါ။

ပရီးမီးယား လိဂ်
ဘရိုက်တန်
လိဒ် ယူနိုက်တက်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

နောက်ဆုံး ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ၆ ကြိမ်မှာ အင်တာမီလန်က ၂ ကြိမ်နိုင်၊ ၄ ကြိမ်သရေကျထားပြီး ရှက်တာဒိုးနက်ခ်က တစ်ကြိမ်မှ အနိုင်ရရှိထားခြင်း မရှိပါဘူး။ ရှက်တာဒိုးနက်ခ်ရဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပထမအကျော့ ထိပ်တိုက် တွေ့ဆုံမှုမှာတော့ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။


အင်တာမီလန် – ရှက်တာဒိုးနက်ခ်

??
အင်တာမီလန် vs ရှက်တာဒိုးနက်ခ်အချိန်ပြည့် 1X2 အိမ်ရှင် @ ၁.၂၈
နိုဝင်ဘာ ၂၅ ရက်၊ မနက် ၁၂:၁၅ နာရီ (GMT+ ၆:၃၀)

1X2 ရဲ့ ပေါက်ကြေး အရ အိမ်ရှင်အသင်း အတွက် ၁.၃၀ ဆ၊ သရေ အတွက် ၅.၆၀ ဆ၊ ဧည်သည့်အသင်း အတွက် ၈.၅၀ ဆ ကြေးဖွင့်ထားပါတယ်။ အခြေအနေအရပ်ရပ် အရ အင်တာမီလန်ဘက်မှာ အခွင့်အရေး များစွာရှိနေပါတယ်။ ပထမအကျော့ တုန်းက သရေရလဒ် ထွက်ပေါ်ထားတယ် ဆိုပေမယ့် အင်တာမီလန်ရဲ့ အိမ်ကွင်း မှာတော့ ရှက်တာဒိုးနက်ခ်တို့ ထင်သလောက် မလွယ်ကူနိုင်ပါဘူး။ အပြန်အလှန် သွင်းဂိုး ရှိလာနိုင်ခြေရှိပေမယ့် အင်တာမီလန် တိုက်စစ်ရဲ့ ဂိုးတွေ ကိုပဲ ပိုပြီး မျှော်လင့်ရပါလိမ့်မယ်။ ပြည်တွင်း ပွဲစဉ်တွေမှာ ခြေစွမ်း ကောင်းသလောက် ချန်ပီယံလိဂ်မှာ ရုန်းကန်နေရတဲ့ ရှက်တာဒိုးနက်ခ် အတွက် ဒီပွဲက နောက်ဆုံး မျှော်လင့်ချက်ပါ။ ထို့နည်းတူ အင်တာမီလန် ကလည်း ဒီပွဲနိုင်မှ နောက်ပွဲမှာ ရီးရဲယ်နဲ့ မတိုင်မီ မျှော်လင့်ချက် ခိုင်မာစေမှာ ဖြစ်ပါတယ်။ နှစ်သင်းလုံး အရေးပါဆုံး အခြေအနေ ဖြစ်နေလို့ အိမ်ရှင် ဘက်က ရပ်တည်ရင် အကျိုးအမြတ် ရနိုင်ခြေ များပါတယ်။ အင်တာမီလန် ကိုပဲ အကြိုက် တွေ့မိပါတယ်။

ခန့်မှန်းရလဒ် (၃-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်