နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒီဂျက်ကိုရဲ့ သွင်းဂိုးတွေနဲ့ ရှက်တာဒိုးနတ်ခ်ကို သက်တောင့် သက်သာ အနိုင်ယူခဲ့တဲ့ အင်တာ (ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)

အင်တာမီလန် ၂ – ၀ ရှက်တာဒိုးနက်ခ်

ချန်ပီယံလိဂ် အုပ်စု (D)ရဲ့ ပွဲစဉ် တစ်ပွဲ မှာတော့ အင်တာမီလန်တို့ ရှက်တာဒိုးနတ်ကို ဆန်စီရိုမှာ သက်တောင့် သက်သာ ကစားပြီး ၂ ဂိုးပြတ် ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီရလဒ်ကြောင့်ပဲ အင်တာမီလန် ၁၀ စုနှစ် အတွင်း ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီး ရှက်တာဒိုးနတ်ခ် ကတော့ အုပ်စု အဆင့်နဲ့ပဲ လှည့်ပြန်သွားခဲ့ရပြီ ဖြစ်ပါတယ်။


ပွဲစဉ် အကျဉ်း

ဆိုင်မွန် အင်ဇာဂီရဲ့ အင်တာမီလန် အသင်း အနေနဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို သေချာပေါက် တက်လှမ်းနိုင်ရေး အတွက် စတီဗင် ဒီဗရစ်ဂျ်နဲ့ အလက်ဆစ် ဆန်းချက်ဇ် တို့က လွဲလို့ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ရှက်တာဒိုးနတ်ခ် ကတော့ ဒီပွဲ မကစားခင် ကတည်းက အုပ်စု အဆင့် ကနေ လှည့်ပြန်ရဖို့ သေချာသလောက် ရှိခဲ့ပေမယ့် ဖာနန်ဒို၊ တီတီ၊ ဆော်လမွန်၊ မာလွန်၊ ဗီတာအို၊ ဒိုဒို၊ စတက်ဖန်နန်ကို၊ မတ်ဗီရန်ကို တို့လို အမာခံ ကစားသမားတွေနဲ့ အဝေးကွင်းမှာ လာရောက် ရင်ဆိုင်ခဲ့ပြီး အနိမ့်ဆုံး သရေ တစ်မှတ် ရဖို့ အားစိုက် ကစားလာခဲ့ပါတယ်။

ပွဲပြီး အချက်အလက်တွေ အရ ရှက်တာဒိုးနတ်ခ်တို့ ဘောလုံး ပိုင်ဆိုင်မှု တစ်ခုတည်း အသာရခဲ့တာ ကလွဲရင် အင်တာမီလန်ကို ဘယ်လိုနည်းနဲ့မှ ယှဉ်ကစားနိုင်ခဲ့ခြင်း မရှိခဲ့တာ တွေ့ရပါတယ်။ ဂိုးသမား ထရူဘင်နဲ့ ဒိုဒို၊ ဗီတာအို တို့ နောက်ခံလူတွေ အင်တာမီလန်ရဲ့ တိုက်စစ်ကို အကောင်းဆုံး တားဆီးနိုင်ခဲ့လို့သာ အခုထက် ပိုပြီး ဂိုးမပြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရှက်တာ နောက်တန်း အနေနဲ့ ပွဲကစားချိန် မိနစ် ၆၀ လောက် အထိ အမှားအယွင်း မရှိ ကစားနိုင်ခဲ့လို့ အိမ်ရှင် အင်တာမီလန်တို့ ဂိုးရဖို့တော့ ခက်ခဲခဲ့ပါတယ်။ ပွဲကစားချိန် ၅၇ မိနစ်မှာ လော်တာရို မာတီနက်ဇ် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမယ့် ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ပြီး ပြစ်ဒဏ်ဘော အဖြစ် သတ်မှတ်ပေးခဲ့လို့ အင်တာမီလန်တို့ နစ်နာခဲ့ရပါတယ်။ ဒါပေမယ့်လည်း ၆၁ မိနစ်နဲ့ ၆၇ မိနစ် တို့မှာ အီဒင် ဒီဂျက်ကိုက ၂ ဂိုးဆက် သွင်းယူပေးခဲ့လို့ အင်တာမီလန်တို့ ၂ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။ လက်ကျန် မိနစ် တွေမှာ အင်ဇာဂီ အသင်းက အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့လို့ ရှက်တာဒိုးနတ်ခ်တို့ ပွဲကို ပိုပြီး လွှမ်းမိုး ကစားနိုင်ခဲ့ပေမယ့် ပက်ဒရင်ဟိုနဲ့ ဘွန်ဒါရန်ကိုတို့ ဂိုးကံခေမှုတွေကြောင့် ၂-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲ မှာလည်း အင်တာမီလန် တစ်သင်းလုံး အကောင်းဆုံး ပုံစံ ရနေခဲ့ပြီး ရှက်တာဒိုးနတ်ခ် ဂိုးပေါက်ကို ခြိမ်းခြောက်မှု ၂၁ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ အဲ့ထဲကမှ ဂိုးပေါက် တည့်မှု ကတော့ ၉ ကြိမ် အထိ ရှိခဲ့ပါတယ်။ နောက်တစ်ချက်က ရှက်တာဒိုးနတ်ခ် ဂိုးသမား ထရူဘင်ရဲ့ လက်စွမ်းပြမှုကြောင့် ဖြစ်ပြီး တစ်ပွဲလုံး အတိုင်းအတာနဲ့ အင်တာမီလန်ရဲ့ အပိုင်ကန်ချက် ကာကွယ်မှု ၇ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ အနိုင်ရခဲ့တဲ့ အင်တာမီလန်တို့ အုပ်စု လက်ကျန် ပွဲစဉ် ၁ ပွဲ ကျန်ရှိနေသေးပေမယ့် ရမှတ် ၁၀ မှတ်နဲ့ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ အုပ်စု ပထမနေရာ အတွက် အဆုံးအဖြတ် ကိုတော့ လာမယ့် ဒီဇင်ဘာလ ၈ ရက်နေ့မှ ရီးရဲယ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ရှက်တာဒိုးနတ်ခ် ကတော့ ယူရိုပါလိဂ် ဆက်ကစားခွင့် ရဖို့တောင် မျှော်လင့်နိုင်ခြင်း မရှိတော့ပဲ ချန်ပီယံလိဂ် အုပ်စု (D)ရဲ့ အောက်ဆုံး နေရာနဲ့ပဲ ကျေနပ်ခဲ့ရပြီလည်း ဖြစ်ပါတယ်။


လာမယ့် ပွဲစဉ်များ

အင်တာမီလန်တို့ လာမယ့် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ဗီနီဇီယာ အသင်းနဲ့ စီးရီးအေ ပွဲစဉ် ၁၄ ကစားရမှာ ဖြစ်ပြီး ရှက်တာဒိုးနတ်ခ် ကတော့ အင်ဟူးလတ်စ် ပက်ထရိုဗီ အသင်းနဲ့ ယူကရိန်း ပရီးမီးယားလိဂ် ကစားဖို့ ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်