နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နာပိုလီကို ဂိုးပြတ် အနိုင်ယူပြီး ကွာတားဖိုင်နယ် တက်ခဲ့တဲ့ ဘာစီလိုနာ | ချန်ပီယံလိဂ် (ပွဲပြီးသုံးသပ်ချက်)

ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ရှုံးထွက် ဒုတိယအကျော့ နောက်ထပ် ပွဲစဉ် တစ်ပွဲမှာတော့ ဘာစီလိုနာက နာပိုလီကို ဂိုးပြတ် အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

ပထမအကျော့ နာပိုလီ အိမ်ကွင်းမှာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ထားခဲ့တာကြောင့် နှစ်သင်းစလုံး မျှော်လင့်ချက် ကိုယ်စီ အတွက် အားထည့် ကစားခဲ့ကြပါတယ်။ ဇာဗီရဲ့ အသင်းက ၄-၃-၃ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး တာစတီဂျန်၊ အာရူဟို၊ ကူဘာစီ၊ ကွန်ဒေး၊ ကန်ဆယ်လို၊ ခရစ္စတန်ဆန်၊ ဂွန်ဒိုအန်၊ လိုပက်ဇ်၊ ရာဖင်ညာ၊ လာမင်း ယာမယ်၊ လီဝမ်ဒေါစကီးတို့ ပါဝင်လာခဲ့ပါတယ်။ နာပိုလီ ကလည်း သူတို့ရဲ့ အတောင့်တင်းဆုံး လူစာရင်း ဖြစ်တဲ့ မီရတ်၊ ဂျေဇုစ်၊ ရာမန်နီ၊ ရူအီ၊ ဒီလော်ရန်ဇို၊ လိုဘွတ်ကာ၊ အန်ဂစ်ဆာ၊ ထရာအိုရေး၊ ပိုလီတာနို၊ ခါဗရာစခီလီယာ၊ ဗစ်တာ အိုဆင်မ်ဟန် တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။

ဘာစီလိုနာတို့ ပထမပိုင်း ပွဲစကတည်းက နာပိုလီ ဘက်ကို တရစပ် ထိုးဖောက်နိုင်ခဲ့ပြီး ဇာဗီရဲ့ လူငယ်တွေ ရုန်းအားက တော်တော်လေး အားရစရာကောင်းခဲ့ပါတယ်။ ဒါကြောင့် ပွဲချိန် ၁၅ မိနစ်မှာ လိုပက်ဇ်က ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး နောက်ထပ် ၂ မိနစ် အကြာမှာပဲ ကန်ဆယ်လိုက ဒုတိယဂိုး ထပ်မံ သွင်းယူနိုင်ခဲ့လို့ ဘာစီလိုနာတို့ ၂ ဂိုးပြတ်နဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ အဲ့နောက် နာပိုလီတို့ ကစားကွက် ပြန်မိသွားခဲ့ပြီး မိနစ် ၃၀ မှာ ရာမန်နီက ဧည့်သည် အသွင်း အတွက် ချေပဂိုး တစ်ဂိုး ပြန်လည် ရယူပေးခဲ့ပါတယ်။

လက်ကျန် မိနစ်တွေမှာတော့ နှစ်သင်းစလုံး အပြန်အလှန် ကစားပြီး အခွင့်အရေး ကိုယ်စီ ရရှိခဲ့ကြပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် သွင်းဂိုးတွေနဲ့ ဝေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲချိန် ၈၃ မိနစ်မှာ နောက်တစ်ဆင့် တက်ရေး အနိုင်သေချာစေမယ့် သွင်းဂိုးကို ဆာဂျီ ရောဘတ်တိုရဲ့ ဖန်တီးပေးမှု ကနေ လီဝမ်ဒေါစကီးက သွင်းယူပေးခဲ့လို့ ဘာစီလိုနာတို့ သက်ပြင်းချနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်
ဖူလ်ဟမ်
တော့တင်ဟမ် ဟော့စပါး
1X2 ဖူလ်ဟမ် @ 2.96
ဂိုးပေါ် 3.25 @ 2.12
ဂိုးပေါင်း 0-1 @ 4.51
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘာစီလိုနာတို့ ဒီနေ့ပွဲမှာ ဂိုးပြတ် နိုင်ခဲ့သလို ခြေစွမ်းပိုင်းအရလည်း အားရစရာ အခြေအနေမှာ ရှိခဲ့ပါတယ်။ ယာမယ်၊ လိုပက်ဇ်၊ ကူဘာဆီ တို့လို လူငယ်ကစားသမားတွေရဲ့ ခြေစွမ်းကလည်း ဘာစီလိုနာရဲ့ အနာဂတ် အတွက် ကျေနပ်စရာပါ။ နာပိုလီ ကလည်း ရှုံးနိမ့်ခဲ့ပေမယ့် ခြေစွမ်းပိုင်း တိုးတက်မှုတွေ မြင်တွေ့လာရပြီးတော့ ပိုလီတာနိုနဲ့ ခါဗရာစခီလီယာ တို့ ခြေစွမ်းပြခဲ့ပေမယ့် ဗစ်တာ အိုဆင်မ်ဟန် ကတော့ အပိုင်အခွင့်အရေးတွေ ဖြုန်းတီးပစ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ နာပိုလီတို့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပြီး လာမယ့် ရာသီ ဥရောပဝင်ခွင့် တစ်နေရာရရေး အတွက် စီးရီးအေကို ပြန်လည် အားစိုက်ရတော့မှာ ဖြစ်ပါတယ်။

ဘာစီလိုနာဟာ ၂၀၂၀ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို ပြန်လည် တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပြီး လူငယ်ကြယ်ပွင့်တွေရဲ့ အစွမ်းအစနဲ့ ဘယ်လောက်အထိ ခရီးပေါက်နိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ လာမယ့် မတ်လ ၁၈ ရက်နေ့မှာ အက်တလက်တီကိုမက်ဒရစ်နဲ့ လာလီဂါ ပွဲစဉ် ကစားဖို့ ရှိပြီး နာပိုလီ ကတော့ အင်တာမီလန်နဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်