နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နာပိုလီကို ခက်ခက်ခဲခဲ ရင်ဆိုင်ရဦးမယ့် ဘာစီလိုနာ | ချန်ပီယံလိဂ် (ပွဲကြိုသုံးသပ်ချက်)

ဘာစီလိုနာ – နာပိုလီ

ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ရှုံးထွက် နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် ဘာစီလိုနာနဲ့ နာပိုလီတို့ Estadi Olímpic Lluís ကွင်းမှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ပထမအကျော့ နာပိုလီကွင်းမှာ တစ်ဖက် တစ်ဂိုးစီ သရေကျထားတာကြောင့် ဘာစီလိုနာ ကွင်းမှာရော ဘယ်အသင်းက အသာရသွားမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဇာဗီ ဟာနန်ဒက်ဇ်ရဲ့ ဘာစီလိုနာက ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲဆက် ရှုံးပွဲ မရှိခဲ့ပေမယ့် နိုင်ပွဲနဲ့ သရေပွဲက မျှချေ ဖြစ်နေပါတယ်။ ဘာစီလိုနာတို့ တချို့ပွဲတွေမှာ မထင်မှတ်ပဲ ခြေချော်သွားတတ်က ဒီပွဲ အိမ်ကွင်းမှာ ကစားရပေမယ့် နာပိုလီကို အလွယ်တကူ အသာရသွားပါ့မလား ဆိုတာ စိုးရိမ်စရာတော့ ရှိပါတယ်။ ဘာစီလိုနာဟာ ချန်ပီယံလိဂ်မှာ ၂၀၂၀ နောက်ပိုင်း ပထမဦးဆုံး အကြိမ် ကွာတားဖိုင်နယ် အဆင့်ကို တင်လှမ်းနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပြီး လူငယ်ကစားသမားတွေ အစုအဖွဲ့နဲ့ ဘယ်လောက်အထိ ခရီးရောက်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

နာပိုလီ ကတော့ နောက်ပိုင်း ပွဲစဉ်တွေမှာ ပုံစံကောင်း ပြန်ရလာပေမယ့် ချီးကျူးလို့မှ မဆုံးသေးခင်မှာပဲ နိုင်ပွဲ ပြန်ပျောက်ခဲ့ပါတယ်။ ဆာဆူအိုလိုကို ၁-၆ နဲ့ ဂိုးပြတ် နိုင်ပြီး ခြေစွာနေတဲ့ ဂျူဗင်တပ်စ် ကိုလည်း အနိုင်ရခဲ့ပေမယ့် တိုရီနို ကိုတော့ အိမ်ကွင်းမှာ သရေကျသွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ခြေစွမ်းပိုင်း အရ နာပိုလီဟာ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ်မှာ ခြေစွမ်းပြခဲ့တဲ့ အခြေအနေနဲ့ တခြားစီ ဖြစ်နေလို့ စပိန် မြေမှာ လွယ်ကူဖို့တော့ မရှိပါဘူး။


နှစ်ဖက်အသင်း သတင်းများ

ဘာစီလိုနာ ဘက်မှာ ရာဖင်ညာ၊ ပက်ဒရီ၊ ဂါဗီ၊ ဒီယောင်၊ တောရက်စ်၊ ဘဲလ်ဒီတို့ ကျိန်းသေပေါက် လွဲချော်ဖို့ ရှိပြီး မားကို့စ် အလွန်ဆို ကလည်း ပါဝင်ကစားနိုင်ဖို့ မသေချာသေးပါဘူး။

လက်ရှိ ခြေစွမ်းပိုင်း အရ နာပိုလီဟာ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ်မှာ ခြေစွမ်းပြခဲ့တဲ့ အခြေအနေနဲ့ တခြားစီ ဖြစ်နေလို့ စပိန် မြေမှာ လွယ်ကူဖို့တော့ မရှိပါဘူး။
ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲဆက် မရှုံးထားတဲ့ နာပိုလီ

နာပိုလီ မှာတော့ ကာဂျု့စ် လွဲချော်မှာ ဖြစ်ပြီး အန်ဂိုနီ ကလည်း ပါဝင်ကစားနိုင်ဖို့ မသေချာသေးပါဘူး။


ဖြစ်နိုင်ဖွယ် လူစာရင်း 

ဘာစီလိုနာ – တာစတီဂန်၊ ကွန်ဒေး၊ အာရူဟို၊ မာတီနက်ဇ်၊ ကန်ဆယ်လို၊ ဂွန်ဒိုအန်၊ ခရစ္စတန်ဆန်၊ လိုပက်ဇ်၊ ရာမဲလ်၊ လီဝမ်ဒေါစကီး၊ ဖီးလစ်

လာလီဂါ
မယ်လိုကာ
ဂရာနာဒါ
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

နာပိုလီ – မီရတ်၊ ဒီလော်ရန်ဇို၊ အိုစတီဂတ်၊ ဂျေဇုစ်၊ အိုလစ်ဗီယာ၊ အန်ဂစ်ဆာ၊ လိုဘွတ်ကာ၊ ထရာအိုရေး၊ ပိုလီတာနို၊ အိုဆင်မ်ဟန်၊ ကာဗရာစခီလီယာ


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ဥရောပ အဆင့် ပြိုင်ပွဲတွေမှာ ၅ ကြိမ် တွေ့ဆုံခဲ့ရာမှာ ဘာစီလိုနာက ၂ ကြိမ် နိုင်ပြီး ၃ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ဘာစီလိုနာ ကွင်းမှာ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၂ ကြိမ် မှာတော့ ဘာစီလိုနာက နာပိုလီကို ၁ ကြိမ် နိုင်ပြီး ၁ ကြိမ် သရေကျခဲ့ပါတယ်။ ပထမအကျော့ မာရာဒိုနာ ကွင်းမှာလည်း တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ထားပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2မှာ ဘာစီလိုနာ နိုင်ရင် ၁.၈၉ ဆ၊ နာပိုလီက ၃.၆၁ ဆ၊ သရေကျရင်တာ့ ၃.၃၉ ဆ ရမှာပါ။ အာရှဟန်းဒီးကပ် မှာတော့ ဘာစီလိုနာက သရေ အရှုံးကြေးပေါက်နေပြီး ဂိုးပေါင်း ကတော့ ၃ လုံး ဆိုရင် အပြည့် ပျော်ရမှာ ဖြစ်ပါတယ်။ လက်ရှိ ခြေစွမ်းအရ ဘာစီလိုနာတို့ နာပိုလီ အိမ်ကွင်းမှာ အသာရအောင် ကစားနိုင်စွမ်း ရှိနေပါတယ်။ ဒါပေမယ့် အသင်းကြီးတွေနဲ့ တွေ့ရင် နာပိုလီက ဒုက္ခပေးတတ်လို့ လျှော့တွက်လို့တော့ မရပါဘူး။ ဘာစီလိုနာတို့ ကပ်နိုင်သွားမယ့် ပွဲပါ။

ခန့်မှန်းရလဒ်

ဘာစီလိုနာ ၂-၁ နာပိုလီ 

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်