နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခရစ္စတန်ဆန်ရဲ့ အနိုင်ဂိုးနဲ့ ပီအက်စ်ဂျီကို အသာရခဲ့တဲ့ ဘာစီလိုနာ | ချန်ပီယံလိဂ် (ပွဲပြီးသုံးသပ်ချက်)

ပီအက်စ်ဂျီ ၂-၃ ဘာစီလိုနာ

 ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ဒုတိယနေ့ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ ဘာစီလိုနာက ပီအက်စ်ဂျီရဲ့ အိမ်ကွင်းမှာ ၂-၃ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အသင်းကြီး နှစ်သင်းရဲ့ အားပြိုင်မှု ဖြစ်တာနဲ့ အညီ ပွဲက တော်တော်လေး ရသမြောက်ခဲ့ပြီး ပီအက်စ်ဂျီတို့ ဘာစီလိုနာရဲ့ နောက်ကျဂိုးနဲ့ အနိုင်ဂိုးတွေကြောင့် အိမ်ကွင်းမှာ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ လူးဝစ် အန်နရီကေးရဲ့ အသင်းက ၄-၃-၃ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး ဒွန်နာရူးမား၊ ဟာနန်ဒက်ဇ်၊ ဘာရယ်ဒို၊ မန်းဒက်စ်၊ မာကွင်ညော့စ်၊ ရူအစ်ဇ်၊ ဗစ်တင်ဟာ၊ ကန်အင်လီ၊ အမ်ဘာပေး၊ ဒမ်ဘီလီ၊ အဆန်စီယို တို့ပါဝင်လာခဲ့ပါတယ်။ ဘာစီလိုနာ မှာတော့ တာစတီဂျန်၊ အာရူဟို၊ ကူဘာစီ၊ ကွန်ဒေး၊ ကန်ဆယ်လို၊ ဒီယောင်၊ ရော်ဘတ်တို၊ ဂွန်ဒိုအန်၊ ရာမယ်၊ ရာဖင်ညာ၊ လီဝမ်ဒေါစကီးတို့ ပွဲထွက်ခဲ့ပါတယ်။

ဘာစီလိုနာရဲ့ ပထမပိုင်း ကစားပုံက တော်တော်လေး ကောင်းမွန်ခဲ့ပြီး ပီအက်စ်ဂျီရဲ့ အားနည်းနေတဲ့ ခံစစ်ကို အကြိမ်ကြိမ် ဒုက္ခပေးနိုင်ခဲ့ပါတယ်။ အဓိက ကတော့ ရာဖင်ညာနဲ့ ရာမယ် တို့ရဲ့ တောင်ပံ နှစ်ဖက်က ပီအက်စ်ဂျီ ခံစစ်ကို မွှေနှောက်နိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဘာစီလိုနာတို့ ပထမပိုင်းမှာ ရာဖင်ညာရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ပွဲက ပိုမို အသက်ဝင် ကြည့်ကောင်းလာခဲ့ပြီး အိမ်ရှင် ပီအက်စ်ဂျီရဲ့ ချေပဂိုး ရရေး အားထုတ်မှုတွေကြောင့် အပြန်အလှန် ရှိခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်စပြီး ၃ မိနစ် အကြာမှာတော့ ပီအက်စ်ဂျီတို့ ချေပဂိုး ပြန်ရခဲ့ပြီး ဒမ်ဘီလီက အားပါတဲ့ ကန်ချက်နဲ့ လှလှပပ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ပီအက်စ်ဂျီတို့ပဲ ပွဲကို ထိန်းချုပ်ထားခဲ့ပြီး နောက်ထပ် ၃ မိနစ် အကြာမှာပဲ ဗစ်တင်ဟာက ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဘာစီလိုနာ ကတော့ အခွင့်အရေး ရရင် ရသလို အသုံးချဖို့ ချောင်းခဲ့ပြီး ပွဲချိန် ၆၁ မိနစ် မှာ‌တော့ လူစားဝင် ကွင်းလယ် ကြယ်ပွင့် ပက်ဒရီရဲ့ အကွက်မြင်မြင် ကန်တင်ပေးပို့မှု ကနေ ဦးဆောင်ဂိုး သွင်းယူခဲ့တဲ့ ရာဖင်ညာက ပါးပါးနပ်နပ် အဆုံးသတ်ပေးခဲ့လို့ ဘာစီလိုနာတို့‌ ချေပဂိုး ပြန်ရခဲ့ပါတယ်။ ပွဲချိန် ၇၇ မိနစ် မှာတော့ ဒေါင့်ကန်ဘော ကနေ တဆင့် ဂွန်ဒိုအန် ကန်တင်ပေးပို့လိုက်တာကို ခရစ္စတန်ဆန်က ခေါင်းတိုက် အဆုံးသတ်ပေးခဲ့လို့ ဘာစီလိုနာ တို့ အဝေးကွင်းမှာ ၂-၃ ရလဒ်နဲ့ အဖိုးတန် နိုင်ပွဲ ရခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ဘာစီလိုနာ ဘက်က ရာဖင်ညာ ခြေစွမ်းပြနိုင်ခဲ့သလို ပီအက်စ်ဂျီ ဘက်ကတော့ အူစမန်နီ ဒမ်ဘီလီ တော်တော်လေး ခြေစွမ်းပြသွားခဲ့တာ တွေ့ရပါတယ်။ အားထားရတဲ့ အမ်ဘာပေး ကတော့ ဒီနေ့ပွဲမှာ ပုံမှန် ခြေစွမ်းအောက် ရောက်နေခဲ့ပြီး အဆန်စီယို ကလည်း အထောင် တိုက်စစ်မှာ ဘာမှလုပ်မပြနိုင်ခဲ့လို့ ဘာကိုလာနဲ့တောင် လူစားလဲခဲ့ရပါတယ်။ တစ်ဖက် မှာတော့ ဇာဗီရဲ့ လူစားလဲလှယ်မှုတွေ မှန်ကန်ခဲ့တယ်လို့ ပြောလို့ ရပြီး ပက်ဒရီနဲ့ ခရစ္စတန်ဆန် တို့က ဘာစီလိုနာကို နိုင်ပွဲ ရှာဖွေပေးခဲ့တာ ဖြစ်ပါတယ်။ဒီရလဒ်ကြောင့် ဘာစီလိုနာတို့ အခြေအနေ ကောင်းသွားခဲ့ပြီး စပိန်မြေမှာ သရေကစားနိုင်ရုံနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ လာမယ့် ဧပြီ ၁၇ ရက်နေ့မှာ ဒုတိယအကျော့ အဖြစ် ယှဉ်ပြိုင်ကစားဖို့ ရှိပြီး ပီအက်စ်ဂျီ ကတော့ ကြားရက်မှာ ကစားရမယ့် ပွဲမရှိပါဘူး။ ဘာစီလိုနာ ကတော့ ချန်ပီယံလိဂ် မတိုင်ခင် ကာဒစ်ဇ်နဲ့ လာလီဂါ ပွဲစဉ် ကစားရဦးမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်