နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပီအက်စ်ဂျီကို ရှုံးပြီး နောက်ဆုံးပွဲမှာ အစွမ်းကုန် ရုန်းကန်ရတော့မယ့် မန်ချက်စတာယူနိုက်တက် – ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်

မန်ချက်စတာယူနိုက် ၁-၃ ပီအက်စ်ဂျီ

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ပီအက်စ်ဂျီတို့ရဲ့ ပွဲစဉ်မှာ အဝေးကွင်းမှာ လာရောက် ကစားခဲ့တဲ့ ပီအက်စ်ဂျီတို့ အကောင်းဆုံးပုံစံနဲ့အတူ ယူနိုက်တက်ကို ၁-၃ နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အခုပွဲရလဒ်ကြောင့် နောက်ဆုံး ကစားရမယ့် ချန်ပီယံလိဂ် ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်တို့ ဂျာမန်မြေမှာ အနိမ့်ဆုံး သရေ ၁ မှတ် ရရှိဖို့ လိုအပ်သွားခဲ့သလို ပီအက်စ်ဂျီကတော့ အစ္စတန်ဘူလ် ဘဆက်ခ်ရှီးယားကို သရေကျခဲ့ရင်တောင် ရှုံးထွက်အဆင့် တက်ရောက် နိုင်ဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။

မနေ့ညက ချန်ပီယံလိဂ် ပွဲစဉ်ကို ပြန်ပြီး သုံးသပ်ကြည့်မယ်ဆိုရင် အဝေးကွင်းမှာ လာရောက်ကစားခဲ့တဲ့ ပီအက်စ်ဂျီ အသင်းရဲ့ စွမ်းဆောင်ရည် ကောင်းတယ် ဆိုတာတော့ ပြောဖို့တောင်မလိုပါဘူး။ ကမ္ဘာ့အကောင်းဆုံး ကစားသမားနှစ်ဦးဖြစ်တဲ့ နေမာနဲ့ အန်ဘာပေးရဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် အားနည်းချက်တွေ၊ ဆုံးဖြတ်ချက် အမှားတွေ တစ်သီတစ်တန်းကြီး ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်ကို အဝေးကွင်းမှာ အလဲထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်တို့ ရဲ့ ခြေစွမ်းကတော့ ဒုတိယပိုင်း ပွဲစပြီး ၁၅ မိနစ်လောက်အထိ တော်တော်လေးကောင်းခဲ့တာ တွေ့ရပြီး ကွင်းလယ်ကစားသမား မက်တော်မီနေး အနေနဲ့ နေမာနဲ့ ဘာပေးရဲ့ ထိုးဖောက်မှုတွေကို ကာကွယ်နိုင်ခဲ့သလို ညာနောက်ခံလူ အာရွန်ဝမ်ဘစ်ဆာခါဟာ လည်း ကိုယ့်အလုပ် ကိုယ် အကောင်းဆုံး လုပ်ပြီး ဂိုးသမား ဒါးဗစ် ဒက်ဟဲယားလည်း ဒဏ်ရာက ပြန်လည်သက်သာ လာချိန်မှာ အတတ်နိုင်ဆုံး ကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့တာ တွေ့ရမှာပါ။ တကယ်တမ်း ခြေစွမ်းမပြနိုင်ပဲ အမှားတွေ များခဲ့တာ ကတော့ တိုက်စစ်က အန်တိုနီမာစီရယ် ပဲ ဖြစ်ပါတယ်။ မာစီရယ်အနေနဲ့ အပိုင်အခွင့်ရေး တွေ အသုံးချနိုင်ဖို့ထက် ဘောလုံး အပျက်များ နေခဲ့တာတွေ့ရပါတယ်။ နောက်တစ်ယောက်က ဘရူနိုဖာနန်ဒက်စ်ပါ။ ဆိုးလ်ရှားရဲ့ ဘရူနိုဖာနန်ဒက်စ် အပေါ် မှီခိုလွန်းတဲ့ အချက်က နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၂ ပွဲမှာ ပေါ်တူဂီကွင်းလယ်ကစားသမားကို ပုံမှန်ခြေစွမ်းအောက် ရောက်ရှိသွားစေခဲ့ပြီး ယူနိုက်တက်အတွက်လည်း အထိနာစေခဲ့ပါတယ်။ နှစ်သင်းလုံး ပထမပိုင်း ပွဲစတင်ချိန်ကတည်း အပြန်အလှန် ထိုးဖောက်ကစားခဲ့ကြပြီး ပွဲချိန်၆ မိနစ်မှာတင် နေမာ က ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲ့နောက် ၂၂ မိနစ်မှာ ရက်ရှ်ဖို့ဒ်က ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲကစားချိန်မှာတော့ ပီအက်စ်ဂျီက မာကွင်ဟို ဦးဆောင်ဂိုး ထပ်မံသွင်းယူခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ပီအက်စ်ဂျီတို့ တစ်ပွဲလုံးနီးပါး ကစားပုံကောင်းခဲ့ပြီးတော့ ဂိုးပေါက် ခြိမ်းခြောက်မှု ၊ ဘောလုံးပိုင်ဆိုင်မှု အဘက်ဘက်မှာ ပိုသာခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် ကတော့ ပွဲချိန် ၇၀ မတိုင်ခင် အထိ တော်တော်လေး ခြေစွမ်းကောင်းခဲ့ပေမယ့် ကွင်းလယ်က ဖရက်ဒ် နှစ်ဝါတစ်နီပြသခံရပြီး ထွက်ခွာသွားချိန်မှာ‌တော့ ယူနိုက်တက်တို့ တပ်ပျက်သွားခဲ့ပါတယ်။ အဲ့နောက် မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပို ၁ မိနစ်မှာ နေမာက နောက်ထပ် အနိုင်ဂိုးတစ်ဂိုး ထပ်မံသွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ ပီအက်စ်ဂျီတို့ အဝေးကွင်းမှာ ၁-၃ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

မနေ့ညက ချန်ပီယံလိဂ် ပွဲစဉ်ကို ပြန်ပြီး သုံးသပ်ကြည့်မယ်ဆိုရင် အဝေးကွင်းမှာ လာရောက်ကစားခဲ့တဲ့ ပီအက်စ်ဂျီ အသင်းရဲ့ စွမ်းဆောင်ရည် ကောင်းတယ် ဆိုတာတော့ ပြောဖို့တောင်မလိုပါဘူး။
ချန်ပီယံလိဂ် အုပ်စု H ရဲ့ ဒုတိယနေရာမှာ ရပ်တည်နေတဲ့ ပီအက်စ်ဂျီ

အခုပွဲမှာ မန်ချက်စတာယူနိုက်တက်တို့ သရေ တစ်မှတ်ရရုံနဲ့ ချန်ပီယံလိဂ် နောက်တစ်ဆင့် တက်ရောက်နိုင်မှာ ဖြစ်ပေမယ့် ရမှတ်ဗလာနဲ့ ပွဲသိမ်းခဲ့ရလို့ လာမယ့် ပွဲစဉ်မှာ ဂျာမန်ကလပ် လိုက်ပ်ဇစ်ထံကနေ သရေ ၁ မှတ်အားထုတ်ရတော့မှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီကတော့ ဒီရာသီ ချန်ပီယံလိဂ်အစ မှာ ခြေစွမ်းယိမ်းယိုင်ခဲ့တယ်ဆိုပေမယ့် ပုံမှန်ခြေစွမ်း တဖြည်းဖြည်း ပြန်ရလာခဲ့လို့ နောက်တစ်ဆင့် တက်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်သွားခဲ့ပါပြီ။ လက်ရှိ ချန်ပီယံလိဂ် အုပ်စု H မှာ မန်ချက်စတာယူနိုက်တက်၊ ပီအက်စ်ဂျီ၊ လိုက်ပ်ဇစ်တို့ ၃ သင်းစလုံး ရမှတ် ၉ မှတ်စီ ရရှိထားပြီး နောက်ဆုံး ပွဲစဉ်မှာ နောက်တစ်ဆင့် ဘယ်အသင်းတက်မတက်ဆိုတာ အဆုံးအဖြတ် ပေးသွားတော့မှာ ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

လာမယ့်ပွဲစဉ်မှာတော့ မန်ချက်စတာယူနိုက်တက် တို့ အနေနဲ့ ပထမအကျော့ က ၅ ဂိုးပြတ် အနိုင်ရထားခဲ့တဲ့ လိုက်ပ်ဇစ်ကို အဝေးကွင်းမှာ သွားရောက်ကစားရမှာ ဖြစ်ပြီး ပီအက်စ်ဂျီကတော့ အစ္စတန်ဘူလ် ဘဆက်ခ်ရှီးယား အိမ်ကွင်း ပခ်ဒက်စ်ပရင့်စ်မှာ ဧည့်ခံကစားရဖို့ရှိနေပါတယ်။ နောက်ဆုံးပွဲမှာ အနိုင်ရတဲ့ အသင်းတွေအနေနဲ့ နောက်တစ်ဆင့် တက်ဖို့ ရှိနေပြီး ယူနိုက်တက်ရော၊ ပီအက်စ်ဂျီရောက သရေတစ်မှတ်ရရုံနဲ့ ရှုံးထွက်အဆင့် တက်နိုင်မှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်