နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စိတ်ပျက်စရာ ခြေစွမ်းနဲ့ ရီးရဲယ်မက်ဒရစ်ကို အရှုံးပေးခဲ့ရပြန်တဲ့ လစ်ဗာပူးလ် – ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်

ရီးရဲယ်မက်ဒရစ် ၃ – ၁ လစ်ဗာပူးလ်

ယနေ့မနက် အစောပိုင်းမှာကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ နောက်ထပ်ပွဲစဉ် တစ်ပွဲ မှာတော့ ရီးရဲယ်မက်ဒရစ်တို့ လစ်ဗာပူးလ်ကို အိမ်ကွင်းမှာ သက်တောင့်သက်သာ ကစားပြီး ၃-၁ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ နည်းပြ ဂျာဂျင်ကလော့ပ် အနေနဲ့ ရီးရဲယ်မက်ဒရစ်နဲ့ တွေ့ဆုံမှုတိုင်းမှာ အသာမရခဲ့တဲ့ အစဉ်အလာဆိုးကို မချေဖျက်နိုင်ခဲ့တဲ့ အပြင် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တက်ရောက်ရေး မျှော်လင့်ချက်ဟာလည်း မှေးမှိန်သွားခဲ့ပြီ ဖြစ်ပါတယ်။

နှစ်သင်းစလုံး ဒီနေ့ပွဲမှာ ၄-၃-၃ ကစားကွက်ကို အသုံးပြု ပွဲထွက်လာပြီး သွင်းဂိုးတွေ တတ်နိုင်သမျှ ရရှိဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ဇီဒန်းအနေနဲ့ ဗဟိုခံစစ်နေရာကို အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ဗာရန်းကို အသုံးမပြုပဲ မီလီတောင်၊ ဖာနန်ဒက်စ်အတွဲကို အသုံးပြုခဲ့ပါတယ်။ တိုက်စစ်နဲ့ ကွင်းလယ်မှာတော့ ပုံမှန်ပွဲထွက်နေကျ ကစားသမားတွေနဲ့ ပွဲထွက်လာပါတယ်။ လစ်ဗာပူးလ် ကတော့ တိုက်စစ်မှာ မာနေး၊ ဂျော့တာ၊ မိုဆာလာ ၃ ယောက်အတွဲကိုပဲ သုံးခဲ့ပြီး ကွင်းလယ်မှာ ဖာဘင်ဟို ဝိုင်ဂျ်နယ်ဒမ်၊ နာဘီကိုင်တာ၊ ခံစစ်မှာတော့ ကာဘက်၊ ဖီးလစ်၊ ထရန့်အာနိုးလ်နဲ့ ရော်ဘတ်ဆန် အာနိုးလ်တို့ ပါဝင်လာပါတယ်။ ဒီနေ့ပွဲမှာ ရီးရဲယ်မက်ဒရစ်တို့ တိုက်စစ်က ဗင်နီးစီးယပ်စ် ဂျူနီယာကို လစ်ဗာပူးလ် ခံစစ်ကစားသမားတွေ တော်တော်လေး ထိန်းခဲ့ရပြီး ဂျူနီယာကလည်း ထူးထူးခြားခြား စွမ်းဆောင်ပြခဲ့ပါတယ်။ ပွဲချန် ၂၇ မိနစ်မှာတင် အိမ်ရှင်တို့ ဦးဆောင်ဂိုးရပြီး တိုနီခရူးစ် ကန်တင်ပေးတဲ့ ဘောလုံးကို ဗင်နီးစီးယပ်စ် ဂျူနီယာက အမှားအယွင်းမရှိ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ကစားပုံပျက်သွားတဲ့ လစ်ဗာပူးလ်တို့ ရီးရဲယ်မက်ဒရစ်ရဲ့ တိုက်စစ်ဆင်မှုအောက်မှာ အလူးအလဲခံခဲ့ရပြီး နောက်ခံလူ ထရန့်အာနိုးလ်ရဲ့ အမှားကတစ်ဆင့် မားကို့စ် အက်ဆန်ဆီရိုက ဒုတိယဂိုးသွင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ကလော့ပ်အနေနဲ့ ခံစစ်အားနည်းချက်ကို ဖြည့်တင်းဖို့အတွက် ကိုင်တာအစား သီယာဂိုကို ထည့်သွင်းကစားစေခဲ့လို့ လစ်ဗာပူးလ်တို့ ကစားကွက် ပြန်မိခဲ့ပါတယ်။ ၅၁ မိနစ်မှာတော့ မိုဆာလာက ချေပဂိုးသွင်းပေးခဲ့ပြီး လစ်ဗာပူးလ်တို့ ပြန်လာနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ၆၅ မိနစ်မှာ လူကာမိုဒရစ် ချိုးပေးတဲ့ ဘောလုံးကို ဗင်နီးစီးယပ်စ်ဂျူနီယာကပဲ အသာအယာ ပိတ်သွင်းသွားခဲ့လို့ အိမ်ရှင်တို့ ၃-၁ နဲ့ အနိုင်ရပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တက်ဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။

နည်းပြ ဂျာဂျင်ကလော့ပ် အနေနဲ့ ရီးရဲယ်မက်ဒရစ်နဲ့ တွေ့ဆုံမှုတိုင်းမှာ အသာမရခဲ့တဲ့ အစဉ်အလာဆိုးကို မချေဖျက်နိုင်ခဲ့တဲ့ အပြင် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တက်ရောက်ရေး မျှော်လင့်ချက်ဟာလည်း မှေးမှိန်သွားခဲ့ပြီ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကနေ လှည့်ပြန်ရဖို့ များသွားတဲ့ လစ်ဗာပူးလ်

 

ပွဲပြီးသုံးသပ်ချက်

တစ်ပွဲလုံး ခြုံငုံသုံးသပ်ရရင် ရီးရဲယ်မက်ဒရစ်တို့ ပိုကောင်းခဲ့တယ်ဆိုပေမယ့် လစ်ဗာပူးလ် ခံစစ်မှူးတွေကြောင့် ဂိုးပြတ်နိုင်ပွဲ တစ်ပွဲ အလွယ်တကူ ရရှိခဲ့တာပါ။ ရီးရဲယ်တို့ သွင်းခဲ့တဲ့ ဂိုးတွေကို ပြန်ကြည့်မယ်ဆိုရင် လစ်ဗာပူးလ် ခံစစ်ရဲ့ ပေါ့ဆမှု အမှားတွေက တစ်ဆင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း နည်းပြ ကလော့ပ် ကိုယ်တိုင် ပွဲအပြီးမှာ သူ့အသင်းရဲ့ ညံ့ဖျင်းမှုကို ဝန်ခံသွားခဲ့ပြီး ရီးရဲယ်မက်ဒရစ်ကို အလွယ်တကူ အနိုင်ပေးလိုက်မိတယ်လို့ ဆိုခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ဗင်နီးစီးယပ်စ် ဂျူနီယာကတော့ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်တွေမှာ ရာအူးလ်ပြီးရင် ဒုတိယမြောက် အသက်အငယ်ဆုံး ဂိုးသွင်းနိုင်တဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ရီးရဲယ်မက်ဒရစ်တို့ လာမယ့် ဧပြီလ ၁၁ ရက်နေ့မှာ လာလီဂါ ချန်ပီယံဆု အတွက် အရေးပါတဲ့ပွဲ အဖြစ် ဘာစီလိုနာနဲ့ အက်ကလက်ဆီကို ဒါဘီ နွှဲရမှာပါ။ လစ်ဗာပူးကလည်း အက်စတွန်ဗီလာနဲ့ တွေ့ဆုံနေလို့ ခက်ခဲတဲ့ ပွဲစဉ်တွေ ကျော်ဖြတ်ရဦးမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်