နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စတုဂတ် – ဒေါ့မန် | ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၂၉ (ပွဲကြိုသုံးသပ်ချက်)

စတုဂတ် – ဒေါ့မန်

လာမယ့် သောကြာနေ့ မြန်မာစံတော်ချိန် ည ၁ နာရီ မှာတော့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၂၉ ရဲ့ အစောဆုံး ပွဲစဉ် အဖြစ် စတုဂတ်နဲ့ ဒေါ့မန်တို့ မားစီးဒီးစ်ဘန့်ဇ် ကွင်းမှာ ယှဉ်ပြိုင် ကစားဖို့ ရှိနေပါတယ်။

ရာသီအစထဲက တောက်လျောက် ရုန်းကန်ခဲ့ရတဲ့ စတုဂတ်တို့ နောက်ပိုင်း ပွဲစဉ်တွေ မှာတော့ ခြေစွမ်းပိုင်း ပြန်လည် တည်ငြိမ်လာခြင်းနဲ့ အတူ တဖြည်းဖြည်း ရှုံးပွဲတွေ နည်းလာတာ တွေ့ရပါတယ်။ ဘွန်ဒက်စ်လီဂါ နောက်ဆုံး ၅ ပွဲမှာ ဟော့ဖန်ဟိမ်း တစ်သင်းတည်းကို ရှုံးပြီး ပြီးခဲ့တဲ့ ၄ ပွဲ ဆက်တိုက် ရလဒ်ကောင်းခဲ့လို့ တန်းဆင်းဇုန် ဖိအားတွေ အောက်ကနေ အသက်ရှုချောင်ရုံလောက်တော့ ရုန်းထွက်ထားနိုင်တာ တွေ့ရပါတယ်။ ဒါပေမယ့် တန်းဆင်းဇုန်နဲ့ ၁ မှတ်သာ ကွာဟနေတာကြောင့် စတုဂတ် အတွက် လက်ကျန် ပွဲစဉ် အားလုံးဟာ သေရေရှင်ရေး တမျှ အရေးကြီးနေဆဲ ဖြစ်ပါတယ်။ မက်တာရက်ဇိုရဲ့ အသင်းက လက်တလော အိမ်ကွင်း စွမ်းဆောင်ရည် မဆိုးဘူးလို့ ပြောလို့ရပြီး နောက်ဆုံး ၃ ပွဲဆက် ရှုံးပွဲ မရှိခဲ့သလို ၂ ပွဲနိုင်၊ ၁ ပွဲ သရေကျထားပါတယ်။

အခုလာမယ့် ပွဲကိုတော့ အဓိက ကစားသမားတွေ ဖြစ်တဲ့ အမ်ဗမ်ပါ၊ နီကိုလက်စ် နာတေး၊ အန်တွန် တို့ လွဲချော်ဖို့ ရှိနေလို့ မက်တာရက်ဇိုရဲ့ အသင်း အနေနဲ့ ခံစစ် ၃ ဦး အခင်းအကျင်း နဲ့ပဲ ဒေါ့မန်ကို ရင်ဆိုင်မယ့် သဘော ရှိပါတယ်။ တိုက်စစ် မှာတော့ နောက်ဆုံး ၆ ပွဲမှာ ၄ ဂိုး သွင်းထားတဲ့ ကာလက်ဂျစ်ပဲ ပါဝင်လာဖို့ ရှိပြီး သောမက်စ်၊ ဖူးရစ်ချ်၊ အန်ဒို၊ ကာရာဇာ၊ မန်ဂါလာ၊ ဆိုဆာ၊ စတန်ဇဲလ်၊ အမ်ဗရိုပါးနို့စ်၊ အိုင်တို၊ မူလာ တို့ကိုလည်း ပွဲထွက်လူစာရင်းမှာ မြင်တွေ့ရဖွယ် ရှိနေပါတယ်။

ဘွန်ဒက်စ်လီဂါ နောက်ဆုံး ၅ ပွဲမှာ ဟော့ဖန်ဟိမ်း တစ်သင်းတည်းကို ရှုံးပြီး ပြီးခဲ့တဲ့ ၄ ပွဲ ဆက်တိုက် ရလဒ်ကောင်းခဲ့လို့ တန်းဆင်းဇုန် ဖိအားတွေ အောက်ကနေ အသက်ရှုချောင်ရုံလောက်တော့ ရုန်းထွက်ထားနိုင်တာ တွေ့ရပါတယ်။
ဘွန်ဒက်စ်လီဂါ တန်းဆင်းဇုန်ရဲ့ အထက်မှာ တစ်မှတ် အကွာနဲ့ ရပ်တည်နေတဲ့ စတုဂတ်

ဒေါ့မန် ကတော့ ရာသီသိမ်းခါနီးလေ ခြေစွမ်းပိုင်း ပိုပြီး ပေါ့ပျက်လာလေလို့ပဲ ဆိုရမလို ဖြစ်နေပါတယ်။ လက်တလော မာကိုရို့စ်ရဲ့ အသင်းက ဘွန်ဒက်စ်လီဂါ တစ်ခုတည်း ကစားဖို့ ကျန်ရှိတော့သလို အဆင့် ၃ နေရာက လေဗာကူဆင်ကို ၆ မှတ် ဖြတ်ထားနိုင်ဆဲ ဖြစ်လို့ လက်ကျန် ပွဲစဉ်တွေကို သိပ်ပြီး အားမထည့်တော့တာလည်း ဖြစ်နိုင်ပါတယ်။ အဓိက ကတော့ အာလင်း ဟာလန်း ဒဏ်ရာက ပြန်လည် သက်သာလာခဲ့ပေမယ့် ပုံမှန် ခြေစွမ်း ပြန်မရသေးတာကြောင့် ဒေါ့မန် တိုက်စစ်က ဂိုးသွင်းနှုန်း သိသိသာသာ ကျဆင်းနေခဲ့ပြီး နောက်ဆုံး ၅ ပွဲမှာ ဆိုရင် တစ်ပွဲ ပျမ်းမျှ ၁ ဂိုးနှုန်းလောက်ပဲ သွင်းယူထားနိုင်ပါတယ်။ ဒေါ့မန်ရဲ့ ဒီရာသီ ဘွန်ဒက်စ်လီဂါ အိမ်ကွင်း ခြေစွမ်း ကတော့ မဆိုးဘူးလို့ ပြောလို့ ရပြီး ရှုံးပွဲ ၄ ပွဲ ရှိထားပေမယ့် လေဗာကူဆင်၊ လိုက်ပ်ဇစ်နဲ့ ဘေယန်မြူးနစ် တို့လို အသင်းတွေကို ဖြစ်ပါတယ်။
သောမက်စ်မြူနီယာ၊ နီကို ရှဲလ်ဇ်၊ တစ်ဂက်စ်၊ မိုရေးစ်၊ ပက်စ်လက်ခ်၊ ရှမဲလ်ဇာ တို့ကတော့ အခု ပွဲစဉ်ကို ကျိန်းသေပေါက် လွဲချော်မှာ ဖြစ်ပါတယ်။ ပွဲထွက်လူစာရင်း မှာတော့ ဟာလန်း၊ ရိုက်စ်၊ ဘရန့်တ်၊ ရေနာ၊ ဒါဟွတ်၊ ဘယ်လင်ဂမ်၊ ဂွာရဲရိုး၊ အာကန်ဂျီ၊ ဟမ်းမဲလ်စ်၊ ချန်နဲ့ ကိုဘယ်တို့ပဲ ပါဝင်လာဖွယ် ရှိနေပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒေါ့မန်တို့ စတုဂတ်ကို ပြိုင်ပွဲစုံ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၈ ကြိမ်မှာ ၇ ကြိမ် အထိ အနိုင်ရထားခဲ့သလို နောက်ဆုံး ကစားခဲ့တဲ့ ၁၅ ပွဲမှာ ၁၃ ပွဲက အနည်းဆုံး ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ စတုဂတ် အတွက် ၃.၆၀ ဆ၊ ဒေါ့မန် အတွက် ၁.၈၉ ဆ၊ သရေ အတွက် ၃.၈၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ စတုဂတ်တို့ တန်းမဆင်း ရရေး အတွက် လက်ကျန် ပွဲတွေကို ဖောင်ဖျက် ကစားနေပေမယ့် နောက်ဆုံး တွေ့ဆုံမှု ၈ ကြိမ်မှာ ၇ ကြိမ် အထိ အိမ်ကွင်းမှာ အရှုံးပေးခဲ့ရတဲ့ ဒေါ့မန် ဆီကနေတော့ သရေ တစ်မှတ်တောင် မျှော်လင့်နိုင်မယ် မထင်ပါဘူး။ ခက်တာက ဒေါ့မန် တိုက်စစ်က ဟာလန်း အရင်လို ဂိုးသွင်းခြေစွမ်း ပြန်မရသေးတာ ဖြစ်ပြီး ဒီအချက်ကြောင့်ပဲ ဂိုးပေါင်း အပေါ်ကိုပါ တွဲပြီး မစွန့်စားရဲတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ့မန်တို့ နောက်ဆုံး ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲပေါင်း ၆၀ မှာ ဂိုးမသွင်းနိုင်တဲ့ ပွဲ ၁ ပွဲသာ ရှိထားလို့ နှစ်သင်းပေါင်း အနည်းဆုံး သွင်းဂိုး ၂ ဂိုးလောက်တော့ မြင်တွေ့ရမယ် ထင်ပါတယ်။


ခန့်မှန်းရလဒ် (၁-၂)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်