နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ ကစားသမားတွေ ဦးဆောင်နေတဲ့ လက်ရှိ ဥရောပရဲ့ Rating အကောင်းဆုံး ကစားသမား ၅ ဦး

ဥရောပထိပ်တန်း လိဂ် ၅ ခု ဖြစ်တဲ့ ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒက်စ်လီဂါ၊ လီဂူးဝမ်း တို့ဟာ ဘောလုံးလောကကြီးကို အဓိက မောင်းနှင်နေတဲ့ ယန္တား ခွေးသွားစိပ်တွေ ဖြစ်ပါတယ်။

ဒီလိဂ်တွေ ကနေ တုပြိုင်လို့ မရတဲ့ ပါရမီတွေ၊ နည်းဗျူဟာပိုင်း ရှုပ်ထွေးမှု၊ ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုတွေကို မြင်တွေ့ရပြီး ဒီလို ထိပ်တန်းလိဂ်တွေက တိုက်ပွဲတွေဟာ ကမ္ဘာတစ်လွှားက ဘောလုံး ပါရမီရှင်တွေ ပေါ်ပေါက်လာဖို့ ရေခံမြေခံ ဖြစ်လာခဲ့တာပါ။

ဒီလို ယှဉ်ပြိုင်မှု ပြင်းထန်တဲ့ ပတ်ဝန်းကျင်မှာ တောက်ပနိုင်တဲ့ ဘယ်လို ကစားသမားမျိုး မဆို ကမ္ဘာပေါ်က အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခြင်းခံရတာ ဖြစ်ပြီး ကစားသမားတွေဟာ သူတို့ရဲ့ အရည်အသွေးနဲ့ ပါရမီကို အခက်ခဲဆုံး ပြိုင်ဘက်တွေနဲ့ အမြဲလိုလို မှတ်ကျောက်တင်ခံနေရတာ ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိ ဥရောပမှာ Rating တွေအရ အကောင်းဆုံး ကစားသမား အဖြစ် ရပ်တည်နေတဲ့ ကစားသမား ၅ ဦးက ဘယ်သူတွေလဲ ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။


၅။ ကီလီယန် အမ်ဘာပေး (ပီအက်စ်ဂျီ) – ၈.၀၃ မှတ်

မက်ဆီနဲ့ နေမာတို့ ပီအက်စ်ဂျီ ကနေ ထွက်သွားပြီးကတည်းက အမ်ဘာပေးဟာ နောက်ထပ် တစ်ကြိမ် အသင်းရဲ့ အဓိက ကစားသမား ဖြစ်လာခဲ့သူပါ။ ပြင်သစ် တိုက်စစ်မှူးဟာ လီဂူးဝမ်း ကလပ်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်နေခဲ့တာ နှစ်ပေါင်းများစွာ ရှိနေပြီ ဖြစ်သလို ဒီရာသီမှာလည်း နောက်ထပ် တစ်ကြိမ် သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ကို ပြသနေတာ ဖြစ်ပါတယ်။ အမ်ဘာပေးဟာ ယခုရာသီ အစောပိုင်းမှာပဲ အသင်း အတွက် လီဂူးဝမ်း ၁၁ ပွဲမှာ သွင်းဂိုး ၁၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ပေးထားပြီး ဖြစ်ပြီး နောက်ဆုံး ကစားခဲ့တဲ့ ၄ ပွဲမှာ သွင်းဂိုး ၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။


၄။ ဂျူ့ဒ် ဘယ်လင်ဟမ် (ရီးရဲလ်မက်ဒရစ်) -၈.၀၄ မှတ်

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ဘယ်လင်ဟမ်ဟာ ကမ္ဘာပေါ်က အကြီးမားဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်မှာ လုပ်ပြနေတဲ့ အရာတွေက ယုံနိုင်စရာတောင် မရှိပါဘူး။ သူဟာ လာလီဂါ ဘီလူးကြီးရဲ့ ၂၀၂၃-၂၀၂၄ ရာသီအစောပိုင်း အောင်မြင်မှုတွေမှာ အခရာဖြစ်နေခဲ့တာ ဖြစ်ပါတယ်။ ပုံမှန်ထက် တိုက်စစ်ကို ပိုမိုလိုက်ပါတဲ့ အခန်းကဏ္ဍမှာ ကစားနေတဲ့ ဘယ်လင်ဟမ်ဟာ ဒီရာသီမှာ အန်ဆယ်လော့တီရဲ့ အသင်း အတွက် အဓိက ဂိုးသွင်းရှင် ဖြစ်နေခဲ့ပါတယ်။ ဘယ်လင်ဟမ်ဟာ သွင်းဂိုးတွေ အတွက် စိတ်ချရရုံတင် မကဘဲ ၎င်းရဲ့ ခေါင်းဆောင်မှု အရည်အသွေးနဲ့ အရေးကြီးတဲ့ အချိန်တွေမှာ ကယ်တင်ပေးနိုင်စွမ်းလည်း ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဒီရာသီမှာ ဘယ်လင်ဟမ်ဟာ ရီးရဲလ် အတွက် လာလီဂါ ၁၁ ပွဲမှာ သွင်းဂိုး ၁၀ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် အထိ ပြုလုပ်ထားပြီး ပွဲစဉ် တလျှောက် အကောင်းဆုံး ကစားသမားဆုကို ၅ ကြိမ် အထိ ရရှိထားပါတယ်။


၃။ ဟယ်ရီကိန်း (ဘေယန်မြူးနစ်) – ၈.၃၆ မှတ်

အသက် ၃၀ အရွယ် တိုက်စစ်မှူးဟာ ဘွန်ဒက်စ်လီဂါ ၁၁ ပွဲသာ ပါဝင် ကစားထားရသေးချိန်မှာ ပြီးခဲ့တဲ့ ရာသီ ရွှေဖိနပ်ဆုရှင် နစ်ကလပ်စ် ဖူးလ်ခရက်ဂျ်ရဲ့ သွင်းဂိုး စံချိန် (၁၆ဂိုး) ကိုတောင် ကျော်ဖြတ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။
ဘေယန်မြူးနစ် အတွက် အကောင်းဆုံး ခြေစွမ်းပြနေတဲ့ ဟယ်ရီကိန်း

ဟယ်ရီကိန်းဟာ ဆုဖလား ကင်းမဲ့နေမှုကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်ချက်နဲ့ ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး ဂျာမနီမှာ ရောက်ရောက်ချင်းပဲ ခြေစွမ်းပြနေတဲ့ ကစားသမား ဖြစ်ပါတယ်။ ကိန်းရဲ့ အထောင် တိုက်စစ် စွမ်းရည်ဟာ ဘယ်တုန်းကမှ သံသယဖြစ်စရာ မရှိခဲ့ဘဲ ဘွန်ဒက်စ်လီဂါမှာ သွင်းယူနေတဲ့ သွင်းဂိုး အရေအတွက်ဟာလည်း အထင်ကြီးဖွယ် ကောင်းမွန်နေတာ ဖြစ်ပါတယ်။ အသက် ၃၀ အရွယ် တိုက်စစ်မှူးဟာ ဘွန်ဒက်စ်လီဂါ ၁၁ ပွဲသာ ပါဝင် ကစားထားရသေးချိန်မှာ ပြီးခဲ့တဲ့ ရာသီ ရွှေဖိနပ်ဆုရှင် နစ်ကလပ်စ် ဖူးလ်ခရက်ဂျ်ရဲ့ သွင်းဂိုး စံချိန် (၁၆ဂိုး) ကိုတောင် ကျော်ဖြတ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ အင်္ဂလန် တိုက်စစ်မှူးဟာ ဒီရာသီ ဘွန်ဒက်စ်လီဂါမှာ သွင်းဂိုး ၁၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ် အထိ ပြုလုပ်ပေးထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။


၂။ ဆာဟူ ဂီရက်ဆီ (စတုဂတ်) – ၈.၄၀ မှတ်

ဘွန်ဒက်စ်လီဂါမှာ နောက်ထပ် ဂိုးသွင်းတာ မရပ်တန့်နိုင်တဲ့ ကစားသမား ကတော့ ဂီနီယာ တိုက်စစ်မှူး ဆာဟူ ဂီရက်ဆီ ဖြစ်ပါတယ်။ အသက် ၂၇ နှစ် အရွယ် တိုက်စစ်မှူးဟာ ဒီရာသီ စတုဂတ် အတွက် ရင်သပ်ရှုမောဖွယ် ဂိုးသွင်းခြေစွမ်းကို ပြသနေခဲ့တာ ဖြစ်ပါတယ်။ အသင်းဖော်တွေနဲ့ ချိတ်ဆက်ကစားပြီး ဂိုးကန်သွင်းတဲ့ စွမ်းရည် အလွန်ကောင်းမွန်တဲ့ ဘက်စုံကောင်းမွန်တဲ့ ကစားသမား ဖြစ်တဲ့ ဂီရက်ဆီဟာ ဘွန်ဒက်စ်လီဂါ အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့ စတုဂတ်ရဲ့ ရာသီအစောပိုင်း အထင်ကြီးဖွယ် ရပ်တည်မှုမှာ အဓိက အခန်း ကဏ္ဍကနေ ပါဝင်ကစားပေးနေတာ ဖြစ်ပါတယ်။ ဒီရာသီ ပြိုင်ပွဲစုံ ၉ ပွဲ ပါဝင်ကစားပေးထားရာမှာ ဂီရက်ဆီက သွင်းဂိုး ၁၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။


၁။ လီရွိုင်း ဆာနေး (ဘေယန်မြူးနစ်) – ၈.၅၃ မှတ်

လီရွိုင်း ဆာနေးရဲ့ အလွန်လျင်မြန်တဲ့ တိုက်စစ် ကစားပုံက ဘေယန်မြူးနစ်ကို ရာသီအစောပိုင်းမှာ အလွန် ကောင်းမွန်တဲ့ တိုက်စစ်အင်အားကို ပိုင်ဆိုင်စေခဲ့တာ ဖြစ်ပြီး ဂျာမန် တောင်ပံ ကစားသမားရဲ့ အလွန်ကောင်းမွန်တဲ့ ခြေစွမ်းနဲ့ သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ ပြုလုပ်နိုင်မှုက အသင်းဖော်တွေ အတွက် အဖိုးမဖြတ်နိုင်တဲ့ အထောက်အပံ့ ဖြစ်နေစေတာပါ။ ဆာနေးဟာ လျင်မြန်တဲ့ မြန်နှုန်းနဲ့ ပြေးလွှားပြီး ပြိုင်ဘက်တွေကို လိမ်ခေါက် ဖြတ်ကျော်နိုင်စွမ်း ရှိပြီး လက်ရှိ ဥရောပ ထိပ်တန်းလိဂ် ၅ ခု အတွင်းမှာ ပျမ်းမျှ ရမှတ် ၈.၅၃ မှတ်နဲ့ ရမှတ် သတ်မှတ်ချက် အမြင့်မားဆုံး ကစားသမား အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ ဒီရာသီ ဘွန်ဒက်စ်လီဂါ ၁၁ ပွဲ ပါဝင် ကစားပေးထားရာမှာ ဆာနေးက သွင်းဂိုး ၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ် အထိ ပြုလုပ်ပေးထားပြီး ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်