နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အန်ဒက်ဗ်ကို အပြီးသတ် ခေါ်ချင်နေတဲ့ စတုဂတ်၊ ဒေါ့မန်က ထွက်ခဲ့တဲ့ အကြောင်း ပြန်ပြောပြလာတဲ့ မူနီယာ၊ ဒေးဗီးစ်ကို သတိပေးလိုက်တဲ့ ဘေယန် | ဘွန်ဒက်စ်လီဂါ အပြောင်းအရွှေ့သတင်းများ

ဒေးဗီးစ်ကို သတိပေးလိုက်တဲ့ ဘေယန်မြူးနစ် သတင်း အပါအဝင် စိတ်ဝင်စားစရာ ကောင်းတဲ့ ဘွန်ဒက်စ်လီဂါ အပြောင်းအရွေး သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

အန်ဒက်ဗ်ကို အပြီးသတ် ခေါ်ယူချင်နေတဲ့ စတုဂတ်

BILD ရဲ့ ဖော်ပြချက်အရ ဒန်းနစ်ဇ် အန်ဒက်ဗ်ကို ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ်တွေက ဖြတ်ခုတ်ဖို့ ကြံစည်နေတာကြောင့် လက်ရှိ ကလပ် စတုဂတ်က အပြီးသတ် ခေါ်ယူနိုင်ဖို့ အတွက် စတင် ကြိုးပမ်းနေပြီလို့ သိရပါတယ်။ 

အန်ဒက်ဗ်ကို ခေါ်ယူနိုင်ဖို့ အတွက် ဆိုရင် စတုဂတ်တို့ ကစားသမားရဲ့ ပြောင်းရွှေ့ကြေးနဲ့ လုပ်ခလစာ နှစ်ခုပေါင်း ယူရို ၁၃ သန်း ကနေ ၁၈ သန်းလောက် အထိ ပေးချေရဖို့ ရှိပါတယ်။ ဒါ့ကြောင့် စတုဂတ် အနေနဲ့ အန်ဒက်ဗ်ကို ခေါ်ယူနိုင်ဖို့ ဆိုရင်တော့ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိဖို့ လိုအပ်ပြီး အကယ်၍ သူတို့ အနေနဲ့ လုပ်ဆောင်နိုင်မယ် ဆိုရင်တော့ ဂျာမန် တိုက်စစ်မှူးကို အမှန်တကယ် ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။ 

ပြဿနာက အန်ဒက်ဗ်ကို လက်တလောမှာ ခေါ်ယူချင်နေတဲ့ ဘွန်ဒက်စ်လီဂါ ထိပ်သီး အသင်း တော်တော်များများ ရှိနေတာကြောင့် စတုဂတ်တို့ လက်ဦးမှု ရယူနိုင်ဖို့တော့ လိုအပ်နေပါတယ်။ အသက် ၂၇ နှစ်အရွယ် ဂျာမနီ လက်ရွေးစင် တိုက်စစ်မှူးရဲ့ မိခင် ကလပ်က ဘရိုက်တန် ဖြစ်ပြီး ဒီရာသီမှာ ခြေစွမ်းပြပြီး ဂိုးတွေ သွင်းနေတဲ့ ဒီကစားသမားကို ဘရိုက်တန် ကလည်း ပြန်ခေါ်ဖွယ် ရှိနေပါသေးတယ်။ 

အန်ဒက်ဗ်ဟာ ဒီရာသီ စတုဂတ် အတွက် ပြိုင်ပွဲစုံ ၂၅ ပွဲ ကစားပြီး ၁၅ ဂိုး သွင်းယူထားသလို ပြီးခဲ့တဲ့ ပြင်သစ်နဲ့ ခြေစမ်းပွဲမှာလည်း ဂျာမနီ အတွက် ၁၀ မိနစ် အကြာ ဝင်ရောက် ကစားခွင့်ရခဲ့ပါတယ်။


ဒေါ့မန် ကနေ ဘာကြောင့် ထွက်ခွာလာရသလဲ ဆိုတာ ဖွင့်ဟလိုက်တဲ့ မူနီယာ

ဘယ်လ်ဂျီယံ ညာနောက်ခံလူ သောမက်စ် မူနီယာ ကတော့ ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်မှာ ၃ နှစ်ခွဲကြာ ကစားပြီးနောက် တူရကီ ကလပ် ထရပ်ဇွန်စပေါကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ 

ဒါကြောင့် အသက် ၃၂ နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင်က သူဘာကြောင့် ဂျာမန် ကလပ် ကနေ ထွက်ခွာခဲ့ရသလဲ ဆိုတာနဲ့ ပတ်သတ်လို့ အင်တာဗျူးမှာ အခုလိုပဲ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ မူနီယာက “ကျနော့်ရဲ့ ပွဲထွက်ခွင့် အတွက် နေရာလုရသူတွေ ရောက်လာလို့ ရှိရင် ကျနော် အရန်ခုံ ပြန်သွားရမယ် ဆိုတာကို ဒေါ့မန်က ရှင်းရှင်းလင်းလင်း သိစေခဲ့ပါတယ်။” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 

မူနီယာဟာ ဒဏ်ရာကြောင့် ၂ လ ကြာ အနားယူနေခဲ့ရတဲ့ ရိုင်ယာဆန် နေရာမှာ ဝင်ရောက် ကစားခွင့်ရခဲ့သလို ၇ ပွဲ ဆက်တိုက် ကစားခဲ့ရပြီး အပေါင်း လက္ခဏာဆောင်တဲ့ ခြေစွမ်းမျိုးလည်း ပြသနိုင်ခဲ့သူပါ။ ဒါပေမယ့်လည်း တကယ်တမ်းမှာတော့ ရွိုင်ယာဆန်နဲ့ မားရီးယက်စ် ဝုဖ်တို့ရဲ့ အနောက်မှာပဲ ရှိနေခဲ့တာပါ။ 

ဆက်လက်ပြီး မူနီယာက ဆောင်းရာသီမှာ ရွေးချယ်ခွင့် တစ်ခု ပေါ်လာခဲ့ရင်၊ ကျနော် အဲ့ဒီ အခွင့်အရေးကို အရယူမယ်။ စာချုပ်က ခြောက်လပဲ ကျန်ပါတော့တယ်။ ဒါပေမယ့် သာသာယာယာ နေရတာနဲ့ ပြိုင်ဆိုင်မှု ကင်းမဲ့နေတယ်လို့ ခံစားရလို့ပါ။” လို့ ဆိုပါတယ်။

အဓိက ကတော့ မူနီယာက ဒေါ့မန်ရဲ့ ပထမလူစာရင်းမှာ မပါခဲ့ရင် ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းကြီးနဲ့ အတူ ယူရို ၂၀၂၄ ကစားခွင့်မရမှာကို စိုးရိမ်ခဲ့ပြီး အသင်းကနေ ထွက်ခွာဖို့ လိုအပ်တယ်လို့ ယူဆခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး မူနီယာက နိုင်ငံ အသင်းဟာ ကျနော့်ရဲ့ တစ်ခုတည်းသော ပန်းတိုင် ဖြစ်ပြီး၊ အဲဒီ အတွက် ကျွန်တော် စွန့်စားခဲ့ရပါတယ်” လို့လည်း ပြောကြားသွားခဲ့ပါတယ်။


အနာဂတ်နဲ့ ပတ်သတ်ပြီး အခုလကုန် မတိုင်ခင် ဆုံးဖြတ်ဖို့ ဒေးဗီးစ်ကို အသိပေးလိုက်တဲ့ ဘေယန်

ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ် ကတော့ သူတို့ရဲ့ ဘယ်နောက်ခံလူ အဲလ်ဖွန်ဆို ဒေးဗီးစ်ကို အနာဂတ်နဲ့ ပတ်သတ်လို့ အခုလကုန် မတိုင်ခင် ဆုံးဖြတ်ချက်ချဖို့ သတိပေးလိုက်ပါတယ်။

အသက် ၂၃ နှစ် အရွယ် ကနေဒါ လက်ရွေးစင်ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံလူတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရပြီး ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်ပေါ်နေသူပါ။ ဒေးဗီးစ်က ဘေယန်မြူးနစ်နဲ့ စာချုက်သက်တမ်း ၁၈ လသာ ကျန်ရှိပြီး ဂျာမန် ကလပ်နဲ့ စာချုစ်သစ် ချုပ်ဆိုဖို့ အသံတိတ်နေသူ ဖြစ်ပါတယ်။ 

အဓိက ကတော့ ဘေယန်မြူးနစ်နဲ့ စာချုစ်သစ် ချုပ်လိုက်ရင် သူရဲ့ ပြောင်းရွှေ့ကြေး များသွားမှာကို စိုးရိမ်ပြီး ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ အခက်အခဲ ဖြစ်သွားနိုင်တာကို စိုးရိမ်နေတာ ဖြစ်ပါတယ်။ အကယ်၍ ဘေယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း တိုးဖြစ်ခဲ့ရင်လည်း ဒေးဗီးစ်က တစ်ရာသီကို ယူရို သန်း ၂၀ လိုချင်နေပြီး ဘေယန် ဘက်ကတော့ ၁၄ သန်းလောက်ပဲ အသုံးပြုချင်နေတာ ဖြစ်ပါတယ်။ 

ဘေယန်မြူးနစ်ဟာ အဲလ်ဖွန်ဆို ဒေးဗီးစ် အတွက် ပြောင်းရွှေ့ကြေးကို အနည်းဆုံး ယူရို သန်း ၅၀ အလိုရှိနေပြီး ရီးရဲလ်မက်ဒရစ် ကတော့ အဲ့ဒီထက် နည်းတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ ဒေးဗီးစ်သာ ထွက်ခွာ ဖြစ်ခဲ့ရင် ဘေယန်မြူးနစ်က အေစီမီလန်က သီယို ဟာနန်ဒက်ဇ်နဲ့ ချဲလ်ဆီးက လန် မတ်ဆန်တို့ကို အစားထိုး အားဖြည့်သွားဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။ 


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်