နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒေါ့မန်ကို ဂိုးပြတ်တီးပြီး ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာရဖို့ သေချာလာတဲ့ လိုက်ပ်ဇစ် | ဘွန်ဒက်စ်လီဂါ (ပွဲပြီးသုံးသပ်ချက်)

လိုက်ပ်ဇစ် ၄-၁ ဒေါ့မန်

အခုတစ်ပတ် ဘွန်ဒက်စ်လီဂါရဲ့ အကောင်းဆုံး ပွဲစဉ် ၂ ပွဲထဲက တစ်ပွဲ ဖြစ်တဲ့ လိုက်ပ်ဇစ်နဲ့ ဒေါ့မန်တို့ရဲ့ ပွဲကတော့ အကြိတ်အနယ် ကစားရင်း ဂိုးတော်တော်လေး ပြတ်သွားခဲ့ပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အဓိက တိုက်ပွဲဝင်နေတဲ့ နှစ်သင်းရဲ့ တွေ့ဆုံမှု ဖြစ်တာကြောင့် ဗိုလ်လုပွဲ တစ်ပွဲလို ကစားခဲ့ကြပြီး တိုက်စစ် အဆုံးသတ် ပိုကောင်းခဲ့တဲ့ လိုက်ပ်ဇစ်တို့ ဂိုးပြတ် အောင်ပွဲခံသွားခဲ့တာ ဖြစ်ပါတယ်။

လိုက်ပ်ဇစ်က ဒီနေ့ပွဲမှာ Classic ၄-၄-၂ အခင်းအကျင်းနဲ့ပဲ ပွဲထွက်လာခဲ့ပြီး ဂိုးမှာ ဂူလက်ရှီ၊ ခံစစ်မှာ လူကီဘာ၊ အော်ဘန်၊ ရမ်း၊ ဆီမာကန်၊ ကွင်းလယ်မှာ ရှလာဂါ၊ ဟိုင်ဒါရာ၊ ဆီမွန်စ်၊ အော်လမို၊ တိုက်စစ် မှာတော့ ဆက်စ်ကိုနဲ့ အိုပန်ဒါတို့ ပါဝင်လာခဲ့ပါတယ်။ ဒေါ့မန် ကတော့ ကိုဘယ်၊ ရှလော့တ်တာဘက်ခ်၊ ဟမ်းမဲလ်စ်၊ ဝုဖ်၊ ရိုင်ရာဆန်၊ အန်မီချာ၊ အော့ဇ်ကန်၊ ဘရန့်တ်၊ ဆန်ချို၊ အဒီရီမီ၊ ဖူးလ်ခရက်ဂျ် တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ လူစာရင်းအရ ခြေစွမ်းပိုင်း ကွာဟချက် သိပ်မရှိခဲ့ပေမယ့် မာကိုရို့စ်ရဲ့ နည်းစနစ်ပိုင်း ချဉ်းကပ်မှုက အီဒင် တာဇစ်ထက် ပိုသာခဲ့ပြီး အခွင့်အရေး အသုံးချနိုင်မှု အပိုင်းမှာလည်း ပိုသာခဲ့ပါတယ်။ 

လိုက်ပ်ဇစ်ဟာ မေလ ၄ ရက်နေ့မှာ ဟော့ဖန်ဟိမ်းနဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ဆက်လက် ကစားရဖို့ ရှိပြီး ဒေါ့မန် ကတော့ မေ ၂ ရက်နေ့မှာ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ် ကစားရမှာ ဖြစ်ပါတယ်။
ဘွန်ဒက်စ်လီဂါ အဆင့် ၅ နေရာမှာ ဆက်လက် ရပ်တည်နေတဲ့ ဒေါ့မန်

ပွဲအစပိုင်းမှာ ဒေါ့မန် ကတောင် ပိုကောင်းတဲ့ ကစားဟန်ကို ပြသနိုင်ခဲ့ပြီး ဖူးလ်ခရက်ဂျ်ရဲ့ ခေါင်းတိုက်ချက်နဲ့ ဘရန့်တ်ရဲ့ အဝေးကန်ချက်ကို ဂူလက်ရှီ ကာကွယ်နိုင်ခဲ့လို့သာ လိုက်ပ်ဇစ်တို့ သက်သာခဲ့ရတာ ဖြစ်ပါတယ်။ ဦးဆောင်ဂိုး ကိုလည်း ဒေါ့မန် ကပဲ သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး ဒေါ့မန်က ဧရိယာ ထိပ်ကနေ ဂိုးသမားကို ကျော်ပြီး လှလှပပ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လိုအပ်နေတဲ့ သွင်းဂိုးတွေ ပြန်ရဖို့ အတွက် အားစိုက်လာတဲ့ လိုက်ပ်ဇစ်ကြောင့် ဒေါ့မန်တို့ လက်ကျန် မိနစ်တွေမှာ တောက်လျောက် ရုန်းကန်ခဲ့ရပြီး ဂိုးတွေ လည်း ဆက်တိုက်ပေးခဲ့ရပါတယ်။ ဒေါ့မန် အတွက် ချေပဂိုးကို ပွဲချိန် ၂၃ မိနစ်မှာ အိုပန်ဒါက သွင်းယူပေးခဲ့ပြီး ပထမပိုင်း ပွဲပြီးခါနီးမှာတော့ ရှလာဂါ ကန်ချက်ကို ကိုဘယ် ပုတ်ထုတ်ရာကနေ ပြန်ထွက်လာတာကို ဆက်စ်ကိုက အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း လိုက်ပ်ဇစ် တို့ပဲ ပွဲကိုဆက်လက် စိုးမိုးထားခဲ့ပြီး ပွဲပြန်စစချင်းမှာပဲ ဆီမာကန်က အိမ်ရှင်တို့ အတွက် တတိယဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲ့နောက် လူစားဝင် ကစားသမား ဘမ်ဂတ်နာက စတုတ္ထမြောက် ဂိုးကို သွင်းယူသွားခဲ့လို့ ဒေါ့မန်တို့ ဘယ်လိုမှ လိုက်မမှီခဲ့ပဲ ဂိုးပြတ် အရေးနိမ့်ခဲ့ရပါတယ်။

ဒေါ့မန်က ဒီပွဲပြီးရင် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ကစားရမှာ ဖြစ်ပေမယ့် တောင့်တင်းတဲ့ လူစာရင်းနဲ့ ပွဲထွက်ခဲ့တာပါ။ လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ဘွန်ဒက်စ်လီဂါ ကိုပဲ အာရုံစိုက်ခဲ့ပေမယ့် ဒေါ့မန်တို့ နှစ်ပွဲဆက် ရလဒ် ဆိုးရွားခဲ့လို့ အခုတော့ လိုက်ပ်ဇစ်နဲ့ ၅ မှတ် ပြတ်သွားခဲ့ပြီ ဖြစ်ပါတယ်။ လိုက်ပ်ဇစ်ဟာ လက်ကျန် ၃ ပွဲမှာ ၂ ပွဲနိုင်ရုံနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် သေချာပေါက်ရမှာ ဖြစ်ပြီး ဒီကြားထဲ ဒေါ့မန်သာ ခြေထပ်ချော်ခဲ့ရင်တော့ လိုက်ပ်ဇစ်တို့ စောစောစီးစီး နောက်ရာသီ ချန်ပီယံလိဂ် ကစားရတော့မှာပါ။

လိုက်ပ်ဇစ်ဟာ မေလ ၄ ရက်နေ့မှာ ဟော့ဖန်ဟိမ်းနဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ဆက်လက် ကစားရဖို့ ရှိပြီး ဒေါ့မန် ကတော့ မေ ၂ ရက်နေ့မှာ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်