နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ကျ အနိုင်ဂိုးတွေနဲ့ ဟော့ဖန်ဟိမ်းကို အနိုင်ယူပြီး ငါတို့က ချန်ပီယံလောင်းတွေဟေ့လို့ ကြွေးကြော်လိုက်တဲ့ လေဗာကူဆင် | ဘွန်ဒက်စ်လီဂါ (ပွဲကြိုသုံးသပ်ချက်)

လေဗာကူဆင် – ဟော့ဖန်ဟိမ်း

လေဗာကူဆင်နဲ့ ဟော့ဖန်ဟိမ်း တို့ရဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ကလည်း အကြိတ်အနယ် ရှိပြီး ရင်ခုန် စိတ်လှုပ်ရှားစရာ ကောင်းခဲ့ပါတယ်။ လေဗာကူဆင်ဟာ ဟော့ဖန်ဟိမ်းကို နောက်ကနေ လိုက်ကစားခဲ့ရပြီး ပက်ထရစ် ရှစ်ခ်ရဲ့ နာကျင် အချိန်ပို နောက်ကျဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့တာ ဖြစ်ပါတယ်။

လေဗာကူဆင်က ဒီနေ့ပွဲမှာ သူတို့ရဲ့ အကောင်းဆုံး လူစာရင်း ဖြစ်တဲ့ ဟွာဒက်ကီ၊ တာ့ရ်၊ တပ်ဆိုဘာ၊ ဟင်ကပ်ပီ၊ အန်းဒရစ်ချ်၊ ချာကာ၊ ဂရီမဲလ်ဒို၊ ဖရင်မ်ပေါင်၊ ဝစ်ဇ်၊ ဟော့ဖ်မန်း၊ ပက်ထရစ် ရှစ်ခ် တို့နဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဟော့ဖန်ဟိမ်း ကလည်း အတောင့်တင်းဆုံး လူစာရင်းနဲ့ပဲ ပွဲထွက်လာခဲ့တာ ဖြစ်ပြီး ဂရီးလစ်ချ်၊ ကာဘက်ခ်၊ ကရာမာရစ်၊ ဗက်ဂ်ဟော့စ် တို့လို ကစားသမားတွေကို ပွဲထုတ်လာခဲ့ပါတယ်။

ပွဲအစမှာ မထင်မှတ်ပဲ ဧည့်သည် ဟော့ဖန်ဟိမ်းရဲ့ ဖိအားပေး ကစားပုံကြောင့် လေဗာကူဆင်တို့ ကစားကွက် တည်မရ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲချိန် ၅ မိနစ် လောက်က စပြီး လေဗာကူဆင်တို့ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပြီး ကစားကွက်လည်း အသားကျလာခဲ့ပါတယ်။ အဲ့နောက် ပွဲချိန် ၂၅ မိနစ်ကျော်လာချိန်မှာ ဟော့ဖန်ဟိမ်းက တဖန် ပြန်လည် ဖိအားပေးနိုင်ခဲ့ပြီး ၃၃ မိနစ် မှာတော့ ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။ အဲ့နောက်ပိုင်းက စပြီး လေဗာကူဆင်တို့ လက်ကျန် ပွဲချိန် တစ်လျှောက်လုံး လေဗာကူဆင်တို့ပဲ ပွဲကို စိတ်ကြိုက် ထိန်းချုပ်ပြီး ဟော့ဖန်ဟိမ်း ဂိုးပေါက်ကို တရစပ် ထိုးဖောက် တိုက်စစ်ဆင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း လေဗာကူဆင်က ပွဲကစားချိန် ၈၈ မိနစ် အရောက်မှ ချေပဂိုး ပြန်ရခဲ့ပါတယ်။ ဒီဂိုး ကိုတော့ အန်းဒရစ်ချ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် လေဗာကူဆင်တို့ ကစားအား မချပဲ အနိုင်ရဖို့ ဆက်လက် ကြိုးစားခဲ့ပြီး မိနစ် ၉၀ ပြည့်ပြီးလို့ နာကျင်အချိန်ပို ၁ မိနစ် မှာတော့ တယ်လာရဲ့ ဖန်တီးပေးမှု ကနေ ပက်ထရစ် ရှစ်ခ်က လေဗာကူဆင် အတွက် လိုအပ်နေတဲ့ အနိုင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ လေဗာကူဆင်ရဲ့ ခြေစွမ်း ကတော့ ကြောက်စရာ ကောင်းလောက်အောင်ကို ထက်မြတ်ခဲ့ပြီး တစ်ပွဲလုံး အတိုင်းအတာနဲ့ ဂိုးပေါက် ကန်ချက် ၃၄ ကြိမ် ရှိခဲ့ပြီး ဂိုးပေါက် တည်မှု ကလည်း ၁၁ ကြိမ် အထိ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီလို Comeback နဲ့ ပြန်လာနိုင်ခဲ့တာ လေဗာကူဆင် အတွက်တော့ ပထမဦးဆုံး အကြိမ် မဟုတ်ပါဘူး။ ရှေ့ပွဲ တစ်ချို့မှာတုန်းကလည်း မြင်တွေ့ခဲ့ရပြီး လေဗာကူဆင်ကို ဂိုးအရင် သွင်းမိတဲ့ အသင်း တော်တော်များများ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါကြောင့် ဇာဘီ အလွန်ဆိုရဲ့ အသင်းက လက်ရှိ အချိန်ထိ ပြိုင်ပွဲစုံမှာ ရှုံးပွဲ လုံးဝ မရှိသေးတဲ့ စံချိန်ကောင်း တစ်ခုကို ဆက်တင်နိုင်ခဲ့သလို ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား ထိပ်မှာလည်း အမှတ်ဖြတ် ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။ တစ်ဖက်မှာ အဆင့် ၂ နေရာက ဘေယန်မြူးနစ်က ဒေါ့မန်နဲ့ ကစားနေချိန် လေဗာကူဆင်တို့ အခွင့်ကောင်းယူနိုင်ခဲ့တာ ဖြစ်ပြီး ဒီလို ခြေစွမ်းမျိုးက ချန်ပီယံ ဖြစ်မယ့် အသင်းတစ်သင်းမှာ မြင်တွေ့ရလေ့ ရှိတဲ့ ပုံစံပါပဲ။ ပြောရမယ် ဆိုရင် ဒီနှစ် ဘွန်ဒက်စ်လီဂါ ဖလားက လေဗာကူဆင် အတွက်လို့တောင် ပြောလို့ ရနေပြီ ဖြစ်ပါတယ်။ လေဗာကူဆင်ဟာ လာမယ့် ကြားရက်မှာ ဒူဆယ်ဒေါ့ဖ်နဲ့ ပိုကယ်ဖလား ဆီမီးဖိုင်နယ် ကစားရဖို့ ရှိပြီး နောက်ထပ် ၂ ရက် အကြာမှာ ယူနီယံဘာလင်နဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။ ဟော့ဖန်ဟိမ်း ကတော့ လာမယ့် တစ်ပတ် တနင်္ဂနွေ နေ့မှ အော့စ်ဘတ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်