နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အကြိတ်အနယ် ကစားကြမယ့် လိုက်ပ်ဇစ်နဲ့ ဒေါ့မန် | ဘွန်ဒက်စ်လီဂါ (ပွဲကြိုသုံးသပ်ချက်)

လိုက်ပ်ဇစ် – ဒေါ့မန်

အခုတစ်ပတ် အခုတစ်ပတ် ဘွန်ဒက်စ်လီဂါ ပွဲစဉ်တွေထဲက အကောင်းဆုံး ပွဲစဉ် တစ်ပွဲ အဖြစ် လိုက်ပ်ဇစ်နဲ့ ဒေါ့မန်တို့ ရက်ဘူးလ် အရီနာမှာ ကစားကြမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အတိုင်းအတာ တစ်ခု အထိ အဆုံးအဖြတ် ပေးသွားမယ့် ပွဲစဉ် ဖြစ်တာကြောင့် မဖြစ်မနေ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။
လိုက်ပ်ဇစ်က နောက်ဆုံး ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၇ ပွဲဆက် ရှုံးပွဲ မရှိခြင်းနဲ့ အတူ ရလဒ်တွ တောက်လျောက် ကောင်းနေပါတယ်။ ပြီးခဲ့တဲ့ ၃ ပွဲဆက် နိုင်ပွဲ ရထားခဲ့ပြီး ပွဲတိုင်းနီးပါး ဂိုးပြတ်တွေချည်း အနိုင်ရထားတာပါ။ ဒေါ့မန်ဟာ လက်တလော အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အခြေအနေ ကောင်းနေတာကြောင့် ဒီနေရာကနေ မဖယ်ပေးရဖို့ အတွက် အားကုန်ထုတ်လာဦးမှာ သေချာပါတယ်။ မာကိုရို့စ် အသင်းရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ၁၀ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၂ ပွဲ ရှုံးထားပါတယ်။

ဒေါ့မန် ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာ လေဗာကူဆင်ကို အနိုင်ရမလို ဖြစ်ခဲ့ပြီးမှာ သရေ တစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒေါ့မန်ဟာ ရှေ့ပွဲတွေမှာ ခြေချော်ခဲ့တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် အတွက် မသေချာမချာ ဖြစ်နေပြီး အခုပွဲမှာ သေချာပေါက် အနိုင်ရမှ ဖြစ်မှာပါ။ လက်ရှိမှာ ဒေါ့မန်က လိုက်ပ်ဇစ်နဲ့ ၂ မှတ် ကွာဟနေလို့ ရလဒ်ကောင်းခဲ့ရင် အဆင့် ၄ နေရာကို ပြန်လည် တက်လှမ်းနိုင်မှာပါ။ ဒေါ့မန်ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံးခဲ့ပြီး ရလဒ်ပိုင်း ကတော့ အားရစရာ မရှိခဲ့ပါဘူး။ အဝေးကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်မယ် ဆိုရင်တော့ ၈ ပွဲနိုင်၊ ၆ ပွဲသရေ၊ ၁ ပွဲ ရှုံးထားပါတယ်။


နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ လိုက်ပ်ဇစ် ဘက်က ပိုလ်ဆင်နဲ့ လန့်ဇ်တို့ လွဲချော်ဖို့ ရှိနေပြီးတော့ ဒေါ့မန် ဘက်မှာတော့ အမ်မရီချန်နဲ့ မတ်ဆန်တို့ ပွဲပယ်ခံထားရပါတယ်။ ဒါ့အပြင် ဟော်လာ၊ ဘတ်စ်ဘိုင်နီနဲ့ မယ်လန် တို့ကတော့ ဒဏ်ရာကြောင့် လွဲချော်ကြဦးမှာပါ။


ဖြစ်နိုင်ဖွယ် လူစာရင်း

လိုက်ပ်ဇစ် – ဂူလက်ရှီ၊ အော်ဘန်၊ လုခ်ဘာ၊ ရမ်း၊ ဟင်းနရစ်ချ်၊ ဟိုင်ဒါရာ၊ ရှလာဂါ၊ အော်လမို၊ ဆိုင်မွန်၊ အိုပန်ဒါ၊ ဆက်စ်ကို

ဒေါ့မန် – ကိုဘယ်၊ ဟမ်းမဲလ်စ်၊ ရှလော့တ်တာဘက်ခ်၊ ရွိုင်ယာဆန်၊ မတ်ဆန်၊ ချန်၊ ဆဘစ်ဇာ၊ ဘရန့်တ်၊ ဘိုင်နို ဂစ်တန်စ်၊ ဆန်ချို၊ ဖူးလ်ခရက်ဂျ်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၁၇ ကြိမ် တွေ့ဆုံခဲ့ရာမှာ လိုက်ပ်ဇစ်က ၇ ကြိမ်နိုင်၊ ဒေါ့မန်က ၈ ကြိမ် နိုင်ပြီး ၂ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါ နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာတော့ လိုက်ပ်ဇစ်က ၄ ကြိမ် အထိ အနိုင်ရပြီး ဒေါ့မန် ကတော့ ၁ ကြိမ်သာ ပြန်လည် အနိုင်ရခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ လိုက်ပ်ဇစ်က ၄ ပွဲနိုင်၊ ၁ ပွဲ သရေကျခဲ့ပြီး ဒေါ့မန် ကတော့ ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံးခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ လိုက်ပ်ဇစ် နိုင်ရင် ၁.၆၆ ဆ၊ ဒေါ့မန် နိုင်ရင်တော့ ၄.၀၀ ဆ၊ သရေ ဆိုရင်တော့ ၄.၀၃ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ လိုက်ပ်ဇစ်က သရေ တစ်ဝက် ရှုံး၊ တစ်လုံး တစ်ဝက်စား၊ တစ်လုံး သရေကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကလည်း ၃ လုံးက စဖွင့်ပါတယ်။ နှစ်သင်းစလုံးရဲ့ လာမယ့် ရာသီ ဥရောပဝင်ခွင့် အတွက် အရေးပါတဲ့ ပွဲစဉ် ဖြစ်ပါတယ်။ ဒေါ့မန်က ဒီပွဲပြီးရင် ချန်ပီယံလိဂ် ကစားရဦးမှာ ဖြစ်လို့ အီဒင် တာဇစ် အနေနဲ့ အများကြီး တွေးထားဖို့ လိုအပ်ပါတယ်။ အိမ်ကွင်းကောင်းတဲ့ လိုက်ပ်ဇစ်ကြောင့် ဒေါ့မန်တို့ ခက်ခဲဦးမှာပါ။ လိုက်ပ်ဇစ်ပဲ ကြိုက်ပါတယ်။

ခန့်မှန်းရလဒ်

လိုက်ပ်ဇစ် ၂-၁ ဒေါ့မန်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်