နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နေဂဲလ်စ်မန်း ဘက်က အခိုင်အမာ ရပ်တည်ခဲ့တဲ့ ကင်မစ်ချ်နဲ့ ဂိုရက်ဇ်ကာ၊ အောင်မြင်တဲ့ ဘဝမှာ အထီးကျန်ရကြောင်း ဖွင့်ဟခဲ့တဲ့ အဲလ်ဖွန်ဆို ဒေးဗီးစ် (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

နေဂဲလ်စ်မန်း ဘက်က အခိုင်အမာ ရပ်တည်ခဲ့တဲ့ ကင်မစ်ချ်နဲ့ ဂိုရက်ဇ်ကာ၊ အောင်မြင်တဲ့ ဘဝမှာ အထီးကျန်ရကြောင်း ဖွင့်ဟခဲ့တဲ့ အဲလ်ဖွန်ဆို ဒေးဗီးစ် စတဲ့ သတင်းတွေ အပါအဝင် မတ် ၂၇ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


နေဂဲလ်စ်မန်း ဘက်က ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ကြောင်း ကင်မစ်ချ် ဖွင့်ဟ

ဘေယန်မြူးနစ်နဲ့ ဂျာမနီ လက်ရွေးစင် ကြယ်ပွင့် ဂျော်ရွှာ ကင်မစ်ချ်က အသင်းသားတွေဟာ အထုတ်ခံလိုက်ရတဲ့ နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်း ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့ကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာ ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ်ရဲ့ တာဝန်ရှိသူတွေဟာ နေဂဲလ်စ်မန်းကို ရုတ်တရက် ရာထူးက ထုတ်ပယ်ပြီး ဒေါ့မွန်၊ ချဲလ်ဆီးနဲ့ ပီအက်စ်ဂျီ တို့ရဲ့ နည်းပြဟောင်း သောမတ်စ် တူချယ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ပါတယ်။

ကာယကံရှင် နေဂဲလ်စ်မန်း အပြင် ဘေယန်မြူးနစ် အသင်းသားတွေနဲ့ ဘောလုံးလောက တစ်ခုလုံးက ဒီသတင်း အပေါ် အံ့အားသင့်ခဲ့ရပြီး ကင်မစ်ချ် ကတော့ အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။

ကင်မစ်ချ်က နေဂဲလ်စ်မန်း အနေနဲ့ အသင်း အဝတ်လဲခန်းကို ဆုံးရှုံးလိုက်ရခြင်း မရှိကြောင်း၊ ဒါက ကျွန်တော်တို့ လုံလောက်တဲ့ နိုင်ပွဲ၊ လုံလောက်တဲ့ အောင်ပွဲ မရရှိခဲ့လို့ ဖြစ်ကြောင်း၊ အသင်း အနေနဲ့ နောက်ဆုံး (၁၀) ပွဲမှာ (၅) ပွဲသာ အနိုင်ရရှိခဲ့ကြောင်း၊ ဒါပေမယ့် နည်းပြ အနေနဲ့ အဝတ်လဲခန်း အတွင်းမှာ သူ့ အပေါ်ထားတဲ့ ယုံကြည်မှုကို မဆုံးရှုံးခဲ့ရကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။


အောင်မြင်တဲ့ ကစားသမား ဘဝမှာ အထီးကျန်ရကြောင်း ဖွင့်ဟခဲ့တဲ့ အဲလ်ဖွန်ဆို ဒေးဗီးစ်

အဆိုပါ ဘွန်ဒက်စ်လီဂါ ကြယ်ပွင့်ဟာ ဂါနာနိုင်ငံမှာ ရှိတဲ့ ဒုက္ခသည် စခန်းမှာ မွေးဖွားခဲ့သူ တစ်ယောက် ဖြစ်ပြီး အသက် (၅) နှစ် အရွယ် မှာတော့ ကနေဒါ နိုင်ငံကို ပြောင်းရွှေ့ ခိုလှုံခဲ့ရတာလည်း ဖြစ်ပါတယ်။
ပြင်ပ လူနေမှုဘဝ မှာတော့ အထီးကျန်ရကြောင်း ဖွင့်ဟ ဝန်ခံခဲ့တဲ့ အဲလ်ဖွန်ဆို ဒေးဗီးစ်

ဘေယန်မြူးနစ်ရဲ့ ကနေဒါ ကြယ်ပွင့် ကစားသမား အယ်လ်ဖွန်ဆို ဒေးဗီးစ်က သူ့ အနေနဲ့ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝမှာ ကျော်ကြားနေပေမယ့် ပြင်ပ လူနေမှုဘဝ မှာတော့ အထီးကျန်ရကြောင်း ဖွင့်ဟ ဝန်ခံခဲ့ပါတယ်။ ဒေးဗီးစ်ဟာ ဒီစကားကို သူ့ရဲ့ Twitch Channel ကနေ ပြောကြားခဲ့တာ ဖြစ်ပြီး သူ့ဘေးနားမှာ မိသားစုနဲ့ ချစ်သူလည်း အတူတူ မရှိနိုင်ကြောင်း ဝမ်းနည်းဖွယ်ရာ ဖွင့်ဟခဲ့ပါတယ်။

ဒေးဗီးစ်က ပရော်ဖက်ရှင် ဘောလုံးသမား တစ်ယောက် ဖြစ်ရတာ ကြီးကျယ် ခမ်းနားကြောင်း၊ ဒါပေမယ့် ထရိန်နင် ပြီးသွားချိန်မှာ ဘာမှလုပ်စရာ မရှိကြောင်း၊ မိသားစုနဲ့ ချစ်သူ ကလည်း ကျွန်တော့် ဘေးနားမှာ မရှိဘဲ အထီးကျန်ရကြောင်း၊ သူငယ်ချင်း (၅) ယောက်လောက်တော့ ရှိကြောင်း၊ ကျွန်တော်က နာမည်ကြီးတဲ့ အရှုံးသမား တစ်ယောက်သာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဆိုပါ ဘွန်ဒက်စ်လီဂါ ကြယ်ပွင့်ဟာ ဂါနာနိုင်ငံမှာ ရှိတဲ့ ဒုက္ခသည် စခန်းမှာ မွေးဖွားခဲ့သူ တစ်ယောက် ဖြစ်ပြီး အသက် (၅) နှစ် အရွယ် မှာတော့ ကနေဒါ နိုင်ငံကို ပြောင်းရွှေ့ ခိုလှုံခဲ့ရတာလည်း ဖြစ်ပါတယ်။


သတင်းထောက်နဲ့ ချစ်ဇာတ်လမ်းကြောင့် နည်းပြ ရာထူး ဆုံးရှုံးခဲ့ရတဲ့ နေဂဲလ်စ်မန်း

လာလီဂါ
ကာဒပ်ဇ်
ဆီဗီလာ FC
1X2 သရေ (Draw) @ 3.05
ပထမပိုင်း ဂိုးအောက် 0.75 @ 2.04
ဂိုးပေါင်း 0-1 @ 2.44
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

နေဂဲလ်စ်မန်း တစ်ယောက် ဘေယန်မြူးနစ် နည်းပြ ရာထူး ကနေ အထုတ်ခံခဲ့ရတဲ့ အကြောင်းရင်းဟာ နာမည်ကျော် Bild သတင်းဌာနက သတင်းထောက် အမျိုးသမီး ဝါဇန်ဘာဂါနဲ့ ငြိစွန်းခဲ့လို့ဖြစ်ကြောင်း ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ ဂန္တဝင် မားကပ်စ် ဘာဘဲလ်က ပြောပါတယ်။

နေဂဲလ်စ်မန်းကို ဘေယန်မြူးနစ်တို့ နည်းပြ ရာထူးက ထုတ်ပယ်လိုက်တဲ့ အပေါ် အံ့အားသင့်ခဲ့ရပြီး ဒါဟာ လုံလောက်တဲ့ စွမ်းဆောင်ရည်ကို မမြင်တွေ့ခဲ့ရလို့ ဖြစ်ကြောင်း အိုလီဗာခန်း၊ ဆာလီ ဟာမစ်ဇစ် တို့က ဖြေရှင်းခဲ့ပါတယ်။ ဒါပေမယ့် ဘာဘဲလ် ကတော့ အဆိုပါ အမျိုးသမီးကြောင့် အသင်းက ကစားသမားတွေကြားမှာ ကြီးမားတဲ့ ပြဿနာအဖြစ် ဆွေးနွေးစရာ ဖြစ်ခဲ့ကြောင်း၊ နေဂဲလ်စ်မန်း အနေနဲ့ ဒီအမျိုးသမီးကြောင့်ပဲ ရာထူးကို လက်လွှတ် ဆုံးရှုံးခဲ့ရတာဖြစ်ကြောင်း၊ သူက အသင်း အတွက် အရင်ကတည်းက ကြီးမားတဲ့ ပြဿနာဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဂျော်ရွှာ ကင်မစ်ချ်၊ လီယွန် ဂေါ်ရက်ဇ်ကာ တို့ကတော့ နေဂဲလ်စ်မန်းဟာ ကစားသမားတွေရဲ့ ယုံကြည်မှုကို မဆုံးရှုံးခဲ့ရကြောင်း ဖြေရှင်းထားပြီး ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်