နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဟယ်ရီကိန်း ဂိုးမြူးနေမှုနဲ့ အတူ ဘေယန်တို့ ဂိုးပြတ် နိုင်ပွဲ ရယူသွားနိုင်မလား | ဘွန်ဒက်စ်လီဂါ (ပွဲကြိုသုံးသပ်ချက်)

ဘေယန်မြူးနစ် – ဟိုင်ဒန်ဟိမ်း

ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ ဘေယန်မြူးနစ်ဟာ စနေနေ့ည အဲလီးယန့်ဇ်အရီနာမှာ ဟိုင်ဒန်ဟိမ်းကို ဘွန်ဒက်စ်လီဂါ ပွဲစဉ်အဖြစ် လက်ခံယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ဘေယန်မြူးနစ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာ အဓိက ပြိုင်ဘက် ဖြစ်တဲ့ ဒေါ့မန်ကို ၄-၀ နဲ့ ဂိုးပြတ် နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် အမှတ်ပေးဇယား ထိပ်ဆုံးက လေဗာကူဆင်နဲ့ ၂ မှတ် အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။

ဟိုင်ဒန်ဟိမ်းကတော့ မွန်ချင်ဂလတ်ဘတ်ကို ပိုကယ်နဲ့ ဘွန်ဒက်စ်လီဂါမှာ ၂ ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့ပါတယ်။ အဲ့နောက် ယခုလ အစ စတုဂတ်ကို အိမ်ကွင်းမှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ရှုံးပွဲတွေ ကနေ ပြန်လည် ရုန်းထလာနိုင်ခဲ့ပြီး အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။


နှစ်ဖက်အသင်း သတင်းများ

ဘေယန်မြူးနစ် ဘက်မှာ ဂျမဲလ် မူစီအာလာဟာ ဂလာတာဆာရေးကို အနိုင်ရခဲ့တဲ့ပွဲ ပထမပိုင်းမှာ တံကောက်ကြော ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပြီးနောက် ဒီပွဲကို လွဲချော်မှာ ဖြစ်ပြီး ဒီလိုက်တ်၊ ဘွတ်ချ်မန်း တို့လည်း ပါဝင် ကစားပေးနိုင်မှာ မဟုတ်သလို ဂျိုရွှာ ကင်မစ်ချ်လည်း ပွဲပယ်ခံထားရပါတယ်။

ဟိုင်ဒန်ဟိမ်း ဘက်မှာတော့ လီယွန် ကယ်လာ၊ ပီယာရင်ဂါ၊ အယ်လီဒွန် ကျယ်နိုင်အီတို့ လွဲချော်မှာ ဖြစ်ပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

ဘေယန်မြူးနစ် – နျူအာ၊ မက်ဇရာဝီ၊ အူပါမီကာနို၊ ကင်မ်၊ ဒေးဗီးစ်၊ လိုင်မာ၊ ဂိုရက်ဇ်ကာ၊ ဆာနေး၊ မူလာ၊ ဂနာဘရီ၊ ကိန်း

ဟိုင်ဒန်ဟိမ်း – မူလာ၊ ထရာအိုရေး၊ မိန်ကာ၊ ဂင်ဘာ၊ သိုင်ယာကောက်ဖ်၊ မာလိုနေ၊ ရှော့ပ်နာ၊ ဒင်စီ၊ ဘက်ခ်၊ ဘက်စ်တီ၊ ကလိန်းဒိစ်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်း အကြား ၁ ကြိမ်သာ တွေ့ဆုံခဲ့ဖူးပြီး ၂၀၁၉ ခုနှစ်တုန်းက ပိုကယ်ဖလား ပွဲစဉ် အဖြစ် တွေ့ဆုံခဲ့ရာမှာ ဘေယန်မြူးနစ်က ၅-၄ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ ၄ ပွဲ နိုင် ၁ ပွဲ ရှုံးခဲ့ပြီး ဟိုင်ဒန်ဟိမ်းက ၁ ပွဲ နိုင် ၄ ပွဲ ရှုံးခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP ရဲ့ 1X2 မှာ ဘေယန် နိုင်ရင် ၁.၀၆ ဆ၊ ဟိုင်ဒန်ဟိမ်း နိုင်ရင် ၂၄.၀၀ ဆနဲ့ သရေဆိုရင် ၈.၀၀ ဆပါ။ Handicap မှာ ဘေယန်က ၃ လုံး အရှုံးပေးထားပြီး ဂိုးပေါင်း ကတော့ ၄ လုံး အရှုံးပါ။ ဟိုင်ဒန်ဟိမ်းဟာ ဒီရာသီမှာ ဒေါ့မန်ကို အဝေးကွင်းမှာ သရေကစားပြီး စိတ်ပျက်စေခဲ့ပြီး ဖြစ်ပေမယ့်လည်း အဲဒီနောက်ပိုင်း နိုင်ပွဲရဖို့ ရုန်းကန်ခဲ့ရတာကြောင့် စနေနေ့ ပွဲစဉ်မှာ အနိုင်ရဖို့ ရာခိုင်နှုန်း မရှိသလောက် နည်းပါးပါတယ်။ ဘေယန်မြူးနစ် ကတော့ ဘွန်ဒက်စ်လီဂါမှာ အထင်ကြီးဖွယ် ပုံစံကောင်းနဲ့ အမှတ်ပေးဇယား ထိပ်ဆုံးက လေဗာကူဆင်ကို ပြန်လည် ကျော်ဖြတ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ရပ်တန့်မရ ဖြစ်နေတဲ့ ဟယ်ရီ ကိန်းကြောင့် နောက်ထပ် အိမ်ကွင်းမှာ သက်တောင့်သက်သာ နိုင်ပွဲ ရယူသွားမှာ ဖြစ်လို့ အိမ်ရှင်တွေ ဘက်ကပဲ ရပ်တည်ရမှာပါ။ ဒါပေမယ့် ဟိုင်ဒန်ဟိမ်းက ဘယ်အသင်းမဆို ဂိုးသွင်းနိုင်စွမ်း ရှိပြီး တိုက်စစ်ဖွင့် ကစားလို့ ဒီပွဲက BTTS_YES ဖြစ်လာဖို့ တော်တော်လေး အားကောင်းနေပါတယ်။ အဲဒါလည်း ကစားသင့်ပါတယ်။

ခန့်မှန်းရလဒ်

ဘေယန်မြူးနစ် ၄-၁ ဟိုင်ဒန်ဟိမ်း

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်