နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ – နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ (၂၄/၈/၂၀၂၂)

ဩဂုတ်လ ၂၄ ရက်နေ့ရဲ့ နံနက်ခင်း အထိ ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


မိုချင်ဂလတ်ဘတ်ကို ရောက်ရှိဖို့ နီးစပ်လာတဲ့ ဆောလော့သ်

ဂျာမနီ Sky Sports ရဲ့ ဖော်ပြချက်အရ လိုက်ပ်ဇစ် တိုက်စစ်မှူး အလက်ဇန္တား ဆောလော့သ် ကတော့ ဘွန်ဒက်စ်လီဂါ ပြိုင်ဘက် မိုချင်ဂလတ်ဘတ် အသင်းထံ ပြောင်းရွှေ့ဖို့ တဖြည်းဖြည်း နီးစပ်လာခဲ့ပြီလို့ သိရပါတယ်။

အသက် ၂၆ နှစ် အရွယ် နော်ဝေ လက်ရွေးစင် တိုက်စစ်မှူး ဆောလော့သ်ကို လိုက်ပ်ဇစ် ဘက်က အပြီးသတ် ဝယ်ယူခွင့် ပါဝင်တဲ့ အငှားစာချုပ်နဲ့ လက်လွှတ်သွားဖွယ် ရှိနေပြီး လောလောဆယ်နဲ့ မိုချင်ဂလတ်ဘတ်နဲ့ ဆွေးနွေးနေပါတယ်။ နောက်ထပ် ဘွန်ဒက်စ်လီဂါ ကလပ် တစ်ခု ဖြစ်တဲ့ ကိုလုံး ကလည်း အန်သိုနီ မိုဒက်စ် နေရာမှာ အစားထိုးဖို့ ဆောလော့သ်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

မိုချင်ဂလတ်ဘတ် အနေနဲ့ နော်ဝေ တိုက်စစ်မှူးကို အပြီးသတ် ခေါ်ယူမယ် ဆိုရင်တော့ ပြောင်းရွှေ့ကြေး အနည်းဆုံး ၁၀ သန်းထက် မနည်းပေးချေရဖို့ ရှိပါတယ်။ ဆောလော့သ်ဟာ ၂၀၂၀ ခုနှစ် ကမှ လိုက်ပ်ဇစ်ကို ရောက်ရှိလာခဲ့ပေမယ့် ပြီးခဲ့တဲ့ ရာသီက လာလီဂါ ကလပ် ဆိုစီဒက်ကို အငှားချခံခဲ့ရပါတယ်။ အသင်းကို ပြန်လည် ရောက်ရှိလာချိန်မှာလည်း ပွဲစဉ် ၅ ပွဲမှာ စုစုပေါင်း ၅ မိနစ်ပဲ ပွဲထွက် ကစားခွင့်ရခဲ့သူ ဖြစ်ပါတယ်။


ဝုဖ်ဘတ်ရဲ့ စာချုပ် သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့ မာမွတ်ရှ်

ပရီးမီးယားလိဂ်နဲ့ လာလီဂါ ကလပ် အများစုက စိတ်ဝင်စားနေတဲ့ အီဂျစ် တောင်ပံ ကစားသမား အိုမာ မာမွတ်ရှ် ကတော့ ဝုဖ်ဘတ် အသင်းရဲ့ စာချုပ် သက်တမ်းတို့ဖို့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချလိုက်တယ်လို့ သိရပါတယ်။

ဝုဖ်ဘတ်ရဲ့ အားကစား ဒါရိုက်တာ ဖြစ်သူ ရှမက်ဒ်ကီက “အခု လက်တလော မာမွတ်ရှ်ကို ကျွန်တော်တို့ စာချုပ်သက်တမ်းတိုးနိုင်ခြင်း မရှိသေးပါဘူး။ ကျွန်တော်တို့ ဘက်က လိုလိုလားလား စာချုပ် သက်တမ်းတိုးချင်ပါတယ်။ ဒါပေမယ့် တခြား တစ်ဖက် ကတော့ အခုလောလောဆယ် သက်တမ်း မတိုးချင်ဘူး ဖြစ်နေပါတယ်။ မည်သို့ပင် ဆိုစေကာမူ ကျွန်တော်တို့ အိုမာကို လက်လွှတ်သွားမှာ မဟုတ်ပါဘူး။

လက်တလော မာမွတ်ရှ် ကိုတော့ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ နော့တင်ဟမ်ဖောရက်စ်၊ ဘရန့်ဖို့ဒ်နဲ့ အက်စ်ပန်ညို အသင်းတွေက စိတ်ဝင်စားနေပြီး ဘွန်ဒက်စ်လီဂါ ကလပ် ဘက် ကတော့ မကြာခင် စာချုပ်သစ်မှာ လက်မှတ်ရေးထိုးဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။


ဝိုင်ဂဲလ်ရဲ့ ဆုံးဖြတ်ချက်က အဓိက ဖြစ်တယ်လို့ ဆိုလိုက်တဲ့ ဘင်ဖီကာ နည်းပြ

အသင်း ပြောင်းရွှေ့ခြင်း၊ မပြောင်းရွှေ့ခြင်းဟာ ကွင်းလယ်လူ ဂျူလီယန် ဝိုင်ဂဲလ်ရဲ့ အပေါ်မှာသာ မူတည်တယ်လို့ ဘင်ဖီကာ နည်းပြ ရော်ဂျာ ရှမစ်က ပြောကြားလိုက်ပါတယ်။ အသက် ၂၆ နှစ် အရွယ် ဂျာမန် ကွင်းလယ်လူ ကိုတော့ ဘွန်ဒက်စ်လီဂါ ကလပ် မိုချင်ဂလတ်ဘတ် က စိတ်ဝင်စားနေပြီး အငှားနဲ့ ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အသက် ၂၆ နှစ် အရွယ် ဂျာမန် ကွင်းလယ်လူ ကိုတော့ ဘွန်ဒက်စ်လီဂါ ကလပ် မိုချင်ဂလတ်ဘတ် က စိတ်ဝင်စားနေပြီး အငှားနဲ့ ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် မှာ ၅ ရာသီကြာ ကစားခဲ့ဖူးတဲ့ ဝိုင်ဂဲလ်

ဒါနဲ့ ပတ်သတ်လို့ ဘင်ဖီကာ နည်းပြက “သူ့အတွက် အသင်းပြောင်းဖို့ အခွင့်အရေး ရှိကောင်း ရှိနိုင်ပါတယ်။ အဆုံး မှာတော့ သူ့ရဲ့ ဆုံးဖြတ်ချက်က အဓိက ပါပဲ။ လာမယ့် နှစ်ပတ် အတွင်းမှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာကို စောင့်ကြည့်ရမှာပါ။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် ကနေ ၂၀၂၀ ခုနှစ် အထိ ဒေါ့မန် အသင်းမှာ ၅ ရာသီကြာ ကစားခဲ့ဖူးတဲ့ ဝိုင်ဂဲလ်ဟာ ဘင်ဖီကာ အတွက် ၁၁၅ ပွဲ ကစားထားသူ ဖြစ်ပါတယ်။ ဒါပေမယ့် အခုနှစ် ဘောလုံးရာသီ မှာတော့ ဝိုင်ဂဲလ် အနေနဲ့ ပေါ်တူဂီ ကလပ် အတွက် ပြိုင်ပွဲစုံ ၆ ပွဲမှာ စုစုပေါင်း ၇၇ မိနစ်သာ ပွဲထွက်ကစားခွင့် ရထားခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်