နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ – နောက်ဆုံးရ သတင်းများ (၄/၉/၂၀၂၂)

စက်တင်ဘာ ၄ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘေယန်မြူးနစ် နိုင်ပွဲ ထပ်ပျောက်ခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဥ်များ

စနေနေ့ညက ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဥ်တွေ မှာတော့ ဘေယန်မြူးနစ် နိုင်ပွဲ ထပ်ပျောက်ခဲ့ပြီး ရုန်းကန်နေရတဲ့ လေဗာကူဆင် ကလည်း အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပါတယ်။ ဘေယန်မြူးနစ်ဟာ ဒီပွဲမှာ ယူနီယံဘာလင်ကို ဦးဆောင်ဂိုး ပေးခဲ့ရပြီး ဂျော်ရွှာ ကင်မစ်ချ်က (၁၅) မိနစ် မှာတင် ချက်ချင်း ချေပနိုင်ခဲ့တာပါ။

ဒါပေမယ့် လက်ကျန် ပွဲကစားချိန်တွေမှာ တစ်ဂိုးတောင် ထပ်မသွင်းနိုင်တော့တာကြောင့် ဘေယန်မြူးနစ်တို့ ဘွန်ဒက်စ်လီဂါ နောက်ဆုံး ၂ ပွဲ ဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ရတာ ဖြစ်ပါတယ်။ တခြားသော ပွဲစဥ်တွေ မှာတော့ လေဗာကူဆင်က ဖရိုင်းဘတ်ကို နှစ်ကြိမ် တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်ပေးခဲ့ရပြီး အိမ်ကွင်းမှာ ၂-၃ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

ကိုလုံး ကလည်း ဝုလ်ဖ်ဘတ်ကို အဝေးကွင်းမှာ ၂-၄ ဂိုး၊ ဝါဒါဘရီမင် ကလည်း ဘိုချမ်ကို အဝေးကွင်းမှာ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး စတုဂတ်နဲ့ ရှော်လ်ကေးတို့ တဂိုးစီ သရေကျခဲ့ပါတယ်။ စနေညရဲ့ နောက်ဆုံးပွဲ မှာတော့ အိမ်ရှင် ဖရန့်ဖတ်က လိုက်ပ်ဇစ်ကို ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဖရန့်ဖတ်အတွက် ဂိုးတွေကို ကာမာဒါ၊ ရိုဒီ၊ တျူတာနဲ့ ဘော်ရီ တို့က သွင်းယူခဲ့ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖရန့်ဖတ်က စနေနေ့ညမှာ နိုင်ပွဲရခဲ့တဲ့ တသင်းတည်းသော ဘွန်ဒက်စ်လီဂါ အသင်းလည်း ဖြစ်ခဲ့ပါတယ်။

ဘန်ဒက် လီဂါ
လိုက်ဇစ်
ဒေါ့မွန်
1X2 သရေ (Draw) @ 3.40
ဂိုးပေါ် 3.00 @ 1.81
လိုက်ဇစ် အာရှ ဟန်းဒီးကပ် -0.25 @ 2.26
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒဏ်ရာ ပြဿနာတွေနဲ့ ဆက်တိုက် ရင်ဆိုင်နေရတဲ့ ဒေါ့မန်

သောကြာနေ့ညက ဟော့ဖန်းဟိမ်းနဲ့ ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဥ်မှာ ဒေါ့မွန် တောင်ပံ ကစားသမား ဘိုင်နိုဂစ်တန်က ပခုံးဒဏ်ရာ ရရှိခဲ့ပြီး ပထမပိုင်း မပြီးခင်မှာတင် သော်ဂန် ဟာဇက်နဲ့ လူစားလဲခဲ့ရပါတယ်။ ဒီပွဲမှာ ဒေါ့မွန်က မာကိုရိုက်စ်ရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒေါ့မန်ဟာ ရာသီအစောပိုင်းမှာတည်းက ဒဏ်ရာပြဿနာတွေနဲ့ ဆက်တိုက် ရင်ဆိုင်ခဲ့ရပြီး အခြားသော ကွင်းလယ်လူ မိုဒါဟွတ်ဒ် ကလည်း ဝါဒါဘရီမင်နဲ့ ပွဲမှာ ပခုံးဒဏ်ရာ ရရှိခဲ့တာကြောင့် နိုဝင်ဘာလ အစောပိုင်း အထိ အနားယူရဖို့ ရှိနေတယ်လို့ သိရပါတယ်။

အခု ဂစ်တန်ရဲ့ ဒဏ်ရာက ဒေါ့မွန် အတွက် နောက်ထပ် ထိုးနှက်ချက် တစ်ခု ဖြစ်လာခဲ့ပြီး ဒွန်ယဲယ် မာလန်၊ ကာရင်မ် အဒီယီမီ တို့ကလည်း အသီးသီး ဒဏ်ရာရရှိနေပါတယ်။ လက်ရှိ အသင်းရဲ့ တိုက်စစ်ပိုင်းက ဟော်လာ အပါအဝင် အဓိက, ကစားသမားတွေ အနားယူနေရတာကြောင့် တော်တော်လေး အားနည်းနေပြီလို့ပဲ ဆိုရမှာပါ။

ဒေါ့မန်ဟာ လိုက်ပ်ဇစ်၊ မန်စီးတီးတို့နဲ့ ပွဲတွေ အပါအဝင် လာမယ့်ပွဲစဥ် (၄) ပွဲကို (၃) ရက် ၁ ပွဲနှုန်းနဲ့ ကစားရမှာ ဖြစ်ပြီး ရလဒ်ကောင်းတွေ ရနေတဲ့ အသင်းရဲ့ အနေအထားက ဒဏ်ရာ ပြဿနာတွေကြောင့် ယိမ်းယိုင်သွားဖွယ် ရှိနေပါတယ်။


တောင်ပံတိုက်စစ် နေရာမှာသာ ကစားလိုကြောင်း ကိုးမန်း ပြောကြား

ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ရဲ့ တောင်ပံကစားသမား ကင်စလေ ကိုးမန်းက သူ့အနေနဲ့ တောင်ပံမှာ ကစားသည့်တိုင် တိုက်စစ်ကိုသာ ပိုမို ဦးစားပေး ကစားလိုကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။
အခုနှစ် ဘွန်ဒက်စ်လီဂါမှာ ဘေယန်မြူးနစ် အတွက် ၃ ပွဲ ကစား ၁ ဂိုးသွင်း၊ ၂ ဂိုး ဖန်တီးထားတဲ့ ကိုးမန်း

ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ရဲ့ တောင်ပံကစားသမား ကင်စလေ ကိုးမန်းက သူ့အနေနဲ့ တောင်ပံမှာ ကစားသည့်တိုင် တိုက်စစ်ကိုသာ ပိုမို ဦးစားပေး ကစားလိုကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။ ဒီကစားသမားဟာ ဘယ်ညာတောင်ပံ နှစ်ဖက်လုံးမှာ ကစားနိုင်တဲ့ ကစားသမားပါ။

ပြီးခဲ့တဲ့ ရာသီမှာတုန်းက အသင်းရဲ့ ဒဏ်ရာပြဿနာတွေကြောင့် ကိုးမန်းက Wing-Back ဆန်ဆန် ကစားခဲ့ရပါတယ်။ ဒါပေမယ့် ကိုးမန်းက “ကျွန်တော်တို့ ပုံစံကိုပြောင်းဖို့ လိုအပ်ခဲ့တာကြောင့် ကျွန်တော် ဒီနေရာကို ပြောင်းကစားခဲ့ရတာပါ”

“ကျွန်တော် အမြဲတမ်း အသင်းလိုက် ကစားသမား တစ်ယောက် ဖြစ်ခဲ့ပြီး ဒါကပဲ အောင်မြင်နိုင်မယ် ဆိုတာကို သိခဲ့ပါတယ်။ အသင်း အတွက် ကျနော် ပေးဆပ်ဖို့ လိုအပ်ခဲ့တာ ကိုလည်း သိပြီး အဲ့ဒါကြောင့်လည်း ကျွန်တော် Wing-Back နေရာမှာ ကစားပေးခဲ့တာပါ”

“ကျွန်တော် ကတော့ တိုက်စစ်ကိုပဲ ပိုမိုအားသန်ပါတယ်။ ဒီနေရာက တိုက်စစ်ပိုင်းမှာ အပြောင်းအလဲ အများကြီး မရှိပေမယ့် ခံစစ်ပိုင်း မှာတော့ ကျွန်တော် နောက်ကို တော်တော်လေး ဆင်းခဲ့ရပြီး ခံစစ် ကစားရတာက မလွယ်ကူပါဘူး” လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်