နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ (၁၆/ ၆/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇွန်လ ၁၆ ရက်နေ့ မနက်ပိုင်း အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ ဘွန်ဒက်စ်လီဂါ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘွန်ဒက်စ်လီဂါ ကြယ်ပွင့် ၂၂ ဦး အထိ ပါဝင်နေတဲ့ Golden Boy ဆု ဆန်ကာတင် စာရင်း

Tutto Sport က နှစ်စဉ် ရွေးချယ် ချီးမြှင့်တဲ့ Golden Boy ဆု ဆန်ကာတင် စာရင်း မှာတော့ ဘွန်ဒက်စ်လီဂါ က လူငယ်ကစားသမား ၂၂ ဦး အထိ ပါဝင်နေပါတယ်။ အသက် ၂၁ နှစ်အောက် လူငယ် ကစားသမားတွေကို ရွေးချယ်ချီးမြှင့်တဲ့ ဒီဆု အတွက် ဒေါ့မန် အသင်းက ကစားသမား ၅ ဦးအထိ အများဆုံး ပါဝင်နေပြီး ဘေယန်မြူးနစ်က ၄ ဦး၊ လိုက်ပ်ဇစ်က ၃ ဦး၊ မိုချင်ဂလတ်ဘတ်၊ လေဗာကူဆင်နဲ့ ဝုဖ်ဘတ် အသင်း တို့က ၂ ဦးစီနဲ့ ဖရန့်ဖတ်၊ ဟော့ဖန်ဟိမ်းနဲ့ ကိုလုံး အသင်းတွေကတော့ ၁ ဦးစီ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။

ဆန်ကာတင် စာရင်းမှာ ပါဝင်လာတဲ့ ဒေါ့မန် ကစားသမား ၅ ဦး ကတော့ အဒီယီမီ၊ ဂျူ့ဒ် ဘယ်လင်ဂမ်၊ ဘရက်ဖ်၊ မူကိုကိုနဲ့ ရေနာတို့ ဖြစ်ပြီး ဘေယန်မြူးနစ် ကနေတော့ ဂရာဗန်ဘက်ချ်၊ မူဆီရာလာ၊ တေးလ်မန်း၊ နီရန်ဇူ တို့ ရွေးချယ်ခံခဲ့ရပါတယ်။ ဂက်ဗာဒီယိုလ်၊ မိုရီဘာနဲ့ ဘရော့ဘီ တို့ကတော့ လိုက်ပ်ဇစ် အသင်း ကနေ ရွေးချယ်ခံခဲ့ရပြီး ဟိုးလ်ဇက်ခ်၊ ဟင်ကာပီ (လေဗာကူဆင်)၊ ကာမင်းစကီး၊ ဗရန်ချက်ခ် (ဝုဖ်ဘတ်)၊ သိုင်းလ်မန်း (ကိုလုံး)၊ ရက်တာ (ဟော့ဖန်ဟိမ်း)နဲ့ သီယာဂို သောမက်စ် (စတုဂတ်) တို့လည်း ဆန်ကာတင်စာရင်းမှာ ပါဝင်နေခဲ့ပါတယ်။

၂၀၀၃ ခုနှစ် ကနေ စတင်ပြီး အားကစား သတင်းထောက်တွေက ရွေးချယ် ချီးမြှင့်တဲ့ Tutto Sport ရဲ့ Golden Boy ဆုကို ဘွန်ဒက်စ်လီဂါ ကစားသမား ၃ ဦး ရရှိခဲ့ဖူးပြီး ၂၀၁၁ ခုနှစ်မှာ ဂေါ့ဇီ၊ ၂၀၁၆ မှာ ရီနာတို ဆန်းချက်စ်နဲ့ ၂၀၂၀ မှာတော့ အာလင်း ဟာလန်းက ရရှိထားခဲ့ပါတယ်။ ပထမဦးဆုံး အကြိမ် ရရှိခဲ့သူ ကတော့ နယ်သာလန် တိုက်စစ်မှူးဟောင်း ရာဖေးလ် ဗန်ဒါဘတ် ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ကတော့ ဘာစီလိုနာ ကြယ်ပွင့် ပက်ဒရီက ရရှိထားခဲ့ပါတယ်။


ထင်ထားတာထက် ပိုပြီး ဈေးကြီးနိုင်ဖွယ် ရှိနေတဲ့ ဒေးဗစ်ရမ်း

ဆက်လက်ပြီး ဟော့ဖန်ဟိမ်းနဲ့ ဂျာမနီ လက်ရွေးစင် ဘယ်နောက်ခံလူ ဒေးဗစ် ရမ်းရဲ့ တန်ကြေးဟာ ထင်ထားတာထက် ပိုများလာဖွယ် ရှိနေတယ်လို့ Kicker က ဖော်ပြခဲ့ပါတယ်။ လက်ရှိမှာ အသက် ၂၄ နှစ် အရွယ် နောက်ခံလူကို ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်နဲ့ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီး အသင်းတို့က အဓိက ချိတ်ဆက်လျက် ရှိပြီး ဟော့ဖိန်းဟိမ်းနဲ့တော့ စာချုပ်သက်တမ်း ၄ နှစ် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

ဂျေလိဂ်
ဆန်ဖရက်ကီ ဟီရိုရှီးမား
ဆီရီဇို အိုဆာကာ
1X2 ဆီရီဇို အိုဆာကာ @ 3.50
ဂိုးပေါ် 2.25 @ 2.01
ဂိုးပေါင်း 0-1 @ 2.59
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ရမ်းရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရို သန်း ၃၀ သာ ရှိပေမယ့် ၂၀၂၃ ခုနှစ် မတိုင်ခင် အထိ သက်ရောက်မှု မရှိသေးတာကြောင့် ဟော့ဖန်ဟိမ်း ဘက်က ဈေးတင်တောင်းလို့ ရနေတာ ဖြစ်ပါတယ်။ ဂျာမန် က လာတဲ့ သတင်းတွေ အရ ဆိုရင် ရမ်းကို ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ အနည်းဆုံး ယူရို သန်း ၄၀ တော့ အသုံးပြုရဖွယ် ရှိနေတယ်လို့ သိရပါတယ်။

ဒေးဗစ် ရမ်းဟာ မနှစ်ကမှ ဂရူသာဖက်သ် ကနေ ဟော့ဖန်ဟိမ်းထံ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူ့ရဲ့ ဘွန်ဒက်စ်လီဂါ ပွဲဦးထွက်ရာသီမှာပဲ ၃ ဂိုးသွင်းပြီး ၁၃ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ ဂျာမနီ လက်ရွေးစင် အသင်း အတွက်လည်း အရေးပါတဲ့ နောက်ခံလူ ဖြစ်နေပြီး ပြီးခဲ့တဲ့ နေးရှင်းလိဂ် အုပ်စု ပွဲစဉ် ၄ ပွဲမှာ ပွဲချိန်ပြည့် ၃ ပွဲ ကစားခွင့်ရခဲ့ပြီး ၁ ပွဲကတော့ ၁၀ မိနစ် လူစားဝင်ခွင့်ရခဲ့ပါတယ်။


ဂျူဗင်တပ်စ်ရဲ့ ပစ်မှတ် ကော့စတစ် အတွက် တန်ကြေး သတ်မှတ်လိုက်တဲ့ ဖရန့်ဖတ်

ဂျူဗင်တပ်စ် အသင်းက စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူ ဖိလစ် ကော့စတစ် ကိုတော့ ဖရန့်ဖတ် အသင်းက ပြောင်းရွှေ့ကြေး သတ်မှတ်ပေးလိုက်ပြီလို့ သိရပါတယ်။ အသက် ၂၉ နှစ် အရွယ် ဆာဘီးယား လက်ရွေးစင်ဟာ ဘွန်ဒက်စ်လီဂါ ကလပ်နဲ့ စာချုပ် သက်တမ်း တစ်နှစ် ကျန်ရှိနေသေးပေမယ့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ စိတ်အားထက်သန်နေတယ်လို့ ဖော်ပြပါတယ်။

အီတလီ သတင်းစာ La Gazzetta dello Sport မှာတော့ ကော့စတစ် ဟာ ဂျူဗင်တပ်စ်နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီး ဖြစ်တယ်လို့ ဖော်ပြနေပေမယ့် ဂျာမန် နာမည်ကြီး သတင်းစာ Kicker မှာတော့ စီးရီးအေ ကလပ်ဘက် ကမ်းလှမ်းမှု တစ်စုံတရာမှ မရှိသေးဘူးလို့ ဖော်ပြပြန်ပါတယ်။ ဂျူဗင်တပ်စ် အနေနဲ့ ဘယ်တောင်ပံမှာ သာမက ကွင်းလယ် တိုက်စစ် နေရာမှာပါ ကစားနိုင်တဲ့ ကော့စတစ် အတွက် အနည်းဆုံး ယူရို ၁၅ သန်းလောက် အသုံးပြုရဖွယ် ရှိနေတယ်လို့ သိရပါတယ်။

ကော့စတစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဖရန့်ဖတ် အတွက် ဘွန်ဒက်စ်လီဂါ အပါအဝင် ပြိုင်ပွဲစုံ ၄၂ ပွဲ ကစားပေးခဲ့ပြီး ၇ ဂိုးသွင်းကာ ၁၅ ဂိုး ဖန်တီးပေးခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဖရန့်ဖတ် တို့ ဝေးကွာနေတဲ့ ဥရောပ အောင်မြင်မှု ပြန်လည် ရရှိအောင် အဓိက နေရာက စွမ်းဆောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်