နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ – နောက်ဆုံးရ သတင်းများ (၁၄/၉/၂၀၂၂)

စက်တင်ဘာ ၁၄ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ချန်ပီယံလိဂ်မှာ ရလဒ်တွေ ကောင်းခဲ့တဲ့ ဘွန်ဒက်စ်လီဂါ အသင်းများ

မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဥ်တွေမှာ ဘွန်ဒက်စ်လီဂါ ကလပ်တွေ ဖြစ်တဲ့ ဘေယန်မြူးနစ်နဲ့ လေဗာကူဆင်တို့ အိမ်ကွင်းမှာ အသီးသီး နိုင်ပွဲတွေ ရရှိခဲ့ပါတယ်။

ဘေယန်မြူးနစ်က အိမ်ကွင်းမှာ ဘာစီလိုနာကို နှစ်ဂိုးပြတ်နဲ့ အနိုင်ကစားခဲ့တာ ဖြစ်ပြီး နှစ်ပွဲဆက် အနိုင်နဲ့အတူ ချန်ပီယံလိဂ်မှာ ရလဒ်ကောင်းတွေကို ပိုင်ဆိုင်ထားဆဲပါ။ ပထမပိုင်းမှာ ဘာစီလိုနာက ကစားပုံ ပိုကောင်းခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဘေယန်မြူးနစ် အတွက် လူးကပ်စ် ဟာနန်ဒက်ဇ်၊ လီရွိုင်း ဆာနေးတို့က အနိုင်ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။

အုပ်စု အဖွင့်ပွဲမှာ ရှုံးပွဲကြုံတွေ့ထားတဲ့ လေဗာကူဆင် ကလည်း အက်သလက်တီကို,ကို အိမ်ကွင်းမှာ နှစ်ဂိုးပြတ်နဲ့ အနိုင်ကစားခဲ့ပါတယ်။ ဒီပွဲမှာ လေဗာကူဆင် အတွက် ဂိုးတွေကို အန်ဒရစ်ချ်နဲ့ ဒီယာဘီ တို့က သွင်းယူပေးခဲ့ပါတယ်။


ဒေါ့မန်နဲ့ ပွဲအတွက် လူစာရင်းမှာ ပြန်လည် ပါဝင်လာတဲ့ မန်စီးတီး နောက်ခံလူ

မန်ချက်စတာစီးတီး နောက်ခံလူ ဂျွန်စတုန်းစ်ဟာ ဒေါ့မန်နဲ့ အိမ်ကွင်းမှာ ကစားရမယ့် ချန်ပီယံလိဂ် အုပ်စု ပွဲစဥ် အတွက် အသင်းရဲ့ ကစားသမား စာရင်းမှာ ပြန်လည် ပါဝင်လာခဲ့ကြောင်း သိရှိရပါတယ်။

ဒီကနေ့ညမှာ မန်စီးတီးနဲ့ ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်တို့ အီတီဟတ်မှာ ရင်ဆိုင် ကစားကြမှာပါ။ စတုန်းစ်ဟာ အသေးစား ဒဏ်ရာပြဿနာကြောင့် ဆီဗီလာနဲ့ အုပ်စု အဖွင့်ပွဲကို လွဲချော်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ် နောက်ခံလူ အန်တိုနီယိုရူဒီဂါက ဒီကနေ့ည ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ်နဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ပွဲစဉ်မှာ ပြိုင်ဘက် တိုက်စစ်မှူး တီမိုဗာနာနဲ့ သူငယ်ချင်းတွေ ဖြစ်နိုင်မှာ မဟုတ်ကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။
ချန်ပီယံလိဂ်မှာ လိုက်ပ်ဇစ်နဲ့ ပထမဦးဆုံး အကြိမ် တွေ့ဆုံ ကစားရမယ့် ရီးရဲယ်မက်ဒရစ်

မန်စီးတီးရဲ့ အခြားသော နောက်ခံလူဖြစ်တဲ့ အမ်းမရစ်ခ် လာပေါ့တ်လည်း ဒူးဒဏ်ရာ ကနေ ပြန်လည် သက်သာလာခဲ့ပေမယ့် ဒီပွဲ မှာတော့ ပါဝင်ကစားနိုင်ဖို့ မရှိသေးပါဘူး။ ဒါ့အပြင် ညာနောက်ခံလူ ဝေါ်လ်ကာလည်း ဒီပွဲကို လွဲချော်ဦးမှာဖြစ်ပါတယ်။ မန်စီးတီးဟာ အုပ်စု အဖွင့်ပွဲမှာ ဆီဗီလာကို လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒေါ့မန် ကလည်း အိမ်ကွင်းမှာ ကိုပင်ဟေဂင်ကို ခြေစွမ်းပြပြီး သုံးဂိုးပြတ်နဲ့ အနိုင်ရရှိကာ နှစ်သင်းလုံး ကတော့ အုပ်စု အဖွင့်မှာ နိုင်ပွဲကိုယ်စီ ရရှိထားကြပါတယ်။


ဗာနာနဲ့ သူငယ်ချင်း မဖြစ်နိုင်တော့ကြောင်း ရီးရဲလ်မက်ဒရစ် နောက်ခံလူ ဖွင့်ဟ

ရီးရဲလ်မက်ဒရစ် နောက်ခံလူ အန်တိုနီယိုရူဒီဂါက ဒီကနေ့ည ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ်နဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ပွဲစဉ်မှာ ပြိုင်ဘက် တိုက်စစ်မှူး တီမိုဗာနာနဲ့ သူငယ်ချင်းတွေ ဖြစ်နိုင်မှာ မဟုတ်ကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

ပရီးမီးယား လိဂ်
ဝူဗာဟမ်တမ်
မန်ချက်စတာစီးတီး
1X2 ဝူဗာဟမ်တမ် @ 1.31
ဝူဗာဟမ်တမ် အာရှ ဟန်းဒီးကပ် -1.50 @ 1.95
ဂိုးပေါ် 3.00 @ 1.97
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီကစားသမား နှစ်ယောက်ဟာ ချဲလ်ဆီးမှာ (၂) နှစ်ကြာ အတူတွဲကစားခဲ့ပြီး ပြီးခဲ့တဲ့နွေရာသီမှာတော့ ချဲလ်ဆီး ကနေ အသီးသီး စွန့်ခွာခဲ့ပါတယ်။ ဗာနာဟာ အသင်းဟောင်း လိုက်ပ်ဇစ်ကို ပြန်လည်ရောက်ရှိခဲ့သလို ရူဒီဂါကလည်း ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။

ဗာနာနဲ့ ပြန်လည် ရင်ဆိုင်ရမယ့် အပေါ်မှာ ရူဒီဂါက “ကျနော်တို့ နှစ်ယောက် တယောက် အကြောင်း တယောက် ကာလရှည် သိခဲ့ကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တသင်းတည်းမှာပဲ အတူတကွ ကစားခဲ့ကြလို့ပါ။ ဗာနာကို ကွင်းထဲမှာ မြင်ရတာ ကျနော် သဘောကျပါတယ်”

“ဒါပေမယ့် ဒီတကြိမ် တွေ့ဆုံမှုမှာတော့ ကျနော်တို့က သူငယ်ချင်းတွေ မဖြစ်နိုင်တော့ပါဘူး။ ပစ်မှတ်တွေ ထဲက တခုက ဗာနာရဲ့ တိုက်စစ်ဆင်မှုတွေကို ခုခံ ကာကွယ်နိုင်ဖို့ပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်