နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကန်ဆယ်လိုနဲ့ ဂရီးလစ်ရှ်က မန်စီးတီး-ဘေယန်ပွဲရဲ့ အဆုံးအဖြတ် ဖြစ်လာလိမ့်မယ် ဆိုတဲ့ ခရစ္စဆပ်တန်၊ ဘေယန် ကြယ်ပွင့်ကို စိတ်ဝင်စားနေဆဲ ဖြစ်တဲ့ အာဆင်နယ် (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ကန်ဆယ်လိုနဲ့ ဂရီးလစ်ရှ်က မန်စီးတီး-ဘေယန်ပွဲရဲ့ အဆုံးအဖြတ် ဖြစ်လာလိမ့်မယ် ဆိုတဲ့ ခရစ္စဆပ်တန်၊ ဘေယန် ကြယ်ပွင့်ကို စိတ်ဝင်စားနေဆဲ ဖြစ်တဲ့ အာဆင်နယ် စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၁၁ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကန်ဆယ်လိုနဲ့ ဂရီးလစ်ရှ်က မန်စီးတီး-ဘေယန်ပွဲရဲ့ အဆုံးအဖြတ် ဖြစ်လာလိမ့်မယ် ဆိုတဲ့ ခရစ္စဆပ်တန်

ပရီးမီးယားလိဂ်ရဲ့ ဝါရင့် ကစားသမားဟောင်း ခရစ္စဆပ်တန်က ယာအို ကန်ဆယ်လိုနဲ့ ဂျက် ဂရီးလစ်ရှ်တို့ ထိပ်တိုက်တွေ့မှုက မန်ချက်စတာစီးတီးနဲ့ ဘေယန်မြူးနစ် တို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ကို အဆုံးအဖြတ်ပေးမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး နှစ်သင်းက ကွာတားဖိုင်နယ် အဆင့် မှာတင် စောစောစီးစီး တွေ့ဆုံနေပြီး ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ်ရဲ့ နည်းပြသစ် သောမတ်စ် တူချယ် အတွက်လည်း ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်လာမှာပါ။

ကန်ဆယ်လိုဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ မန်စီးတီး ကနေ ဘေယန်မြူးနစ်ကို (၆) လ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး လက်ရှိ မှာတော့ ဂျာမန်မြေမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရဆဲပါ။

ဒါပေမယ့်လည်း မန်စီးတီး အကြောင်းကို ကောင်းကောင်း သိထားတဲ့ ကန်ဆယ်လို တစ်ယောက် ချန်ပီယံလိဂ် မှာတော့ ပွဲထွက်ခွင့်ရဖွယ် ရှိနေပြီး ဆပ်တန် ပြောသလိုပဲ ဂရီးလစ်ရှ်နဲ့ သူနဲ့က အဓိက အဆုံးအဖြတ်ပေးနိုင်သူတွေ ဖြစ်လာမလား ဆိုတာ စောင့်ကြည့်ရမှာပါ။


ဟာလန်းကို ရပ်တန့်ဖို့ အသင်းလိုက် အားထုတ်မှု လိုအပ်ကြောင်း တူချယ် ပြော

ဘေယန်မြူးနစ် နည်းပြ သောမတ်စ် တူချယ်က မန်ချက်စတာစီးတီးနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာ ပြိုင်ဘက် တိုက်စစ်မှူး အာလင်း ဟာလန်းကို ရပ်တန့်ဖို့ အတွက် အသင်းလိုက် အားထုတ်မှု လိုအပ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ဟာလန်းဟာ ဒီရာသီမှာ မန်စီးတီး အတွက် ဂိုးတွေ သွင်းပြီး ခြေစွမ်းပြနေတဲ့ ကစားသမား ဖြစ်သလို ပရီးမီးယားလိဂ် သွင်းဂိုး (၃၀) အပါအဝင် ပြိုင်ပွဲစုံမှာ (၄၄) ဂိုး အထိ သွင်းယူထားသူ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ နည်းပြက ဟာလန်းရဲ့ ကစားပုံက တကယ်ကို ပြိုင်စံရှား ဖြစ်ပြီး မန်စီးတီး မှာလည်း အံဝင်နေပြီ ဖြစ်ကြောင်း၊ မန်စီးတီး အတွက် နောက်ပိုင်း နှစ်တွေမှာ မရခဲ့တဲ့ အရာကို ဟာလန်းက ပေးစွမ်းနိုင်ကြောင်း၊ ဟာလန်းကို ထိန်းချုပ်ဖို့ အသင်းလိုက် ကြိုးစားရမှာ ဖြစ်ပြီး ကျွန်တော်တို့ အနေနဲ့ အောက်အသင်း ဖြစ်နေသည့်တိုင်အောင် ယုံကြည်ချက် အပြည့်ရှိနေဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ရီးရဲလ်မက်ဒရစ်
ချဲလ်ဆီး
1X2 ရီးယဲလ်မက်ဒရစ် @ 1.70
ဂိုးအောက် 2.50 @ 1.87
ဂိုးပေါင်း 2-3 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘေယန် ကြယ်ပွင့်ကို စိတ်ဝင်စားနေဆဲ ဖြစ်တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ဘေယန်မြူးနစ် ကြယ်ပွင့် ရိုင်ယန် ဂရာဗင်ဘာ့ချ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ကြောင်း သိရပါတယ်။

နယ်သာလန် လူငယ် ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ အေဂျက်စ် ကနေ ဘွန်ဒက်စ်လီဂါကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ရရှိဖို့တော့ ရုန်းကန်နေရပါတယ်။ အသက် (၂၀) အရွယ် ဒီကစားသမားလေးဟာ ဘွန်ဒက်စ်လီဂါ ပွဲဦးထွက် အဖြစ် တစ်ပွဲသာ ကစားခွင့်ရထားပြီး ကျန်လိဂ်ပွဲ (၁၆) ပွဲ ကိုတော့ အရန်ခုံ ကနေသာ လူစားဝင်ခွင့် ရရှိခဲ့တာပါ။

ဒါပေမယ့် သောမတ်စ် တူချယ် လက်ထက် မှာတော့ သူ့ရဲ့ အနေအထားက ပြောင်းလဲလာနိုင်ချေ တူချယ် အနေနဲ့ ကွင်းလယ်မှာ ဂရာဗင်ဘာ့ချ်ကို အခွင့်အရေး ပေးသွားဖွယ် ရှိပါတယ်။ အာဆင်နယ် အနေနဲ့လည်း ဂရာဗင်ဘာ့ချ်ကို စိတ်ဝင်စားနေသည့်တိုင် သူတို့ရဲ့ ကွင်းလယ်မှာ ကစားသမား အင်အား များပြားနေတာကြောင့် ကစားသမား အနေနဲ့ ဘေယန်မြူးနစ် မှာသာ နောက်တစ်ရာသီ ဆက်ကစားဖွယ် ရှိပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်