နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ – မနက်ခင်း သတင်းများ (၂၀/၉/၂၀၂၂)

စက်တင်ဘာ ၂၀ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဒဏ်ရာကြောင့် တလခန့်အနားယူရမယ့် မာကို ရိုက်စ်

ရှော်လ်ကေးကို အိမ်ကွင်းမှာ အနိုင်ရရှိခဲ့တဲ့ ဘွန်ဒက်စ်လီဂါ အိမ်ကွင်းပွဲမှာ ဒဏ်ရာရရှိပြီး ကွင်းထဲကနေ ထမ်းစင်နဲ့ ထွက်ခွာခဲ့ရတဲ့ ဒေါ့မန် အသင်းခေါင်းဆောင် မာကို ရိုက်စ်ဟာ သုံးပတ်ကနေ လေးပတ် အထိ အနားယူရမယ်လို့ သိရှိရပါတယ်။ 

မာကို ရိုက်စ်ဟာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ ကစားသမား တယောက် ဖြစ်ပြီး အခု တကြိမ် ဒဏ်ရာ ရရှိမှု ကလည်း သူ့ကို ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးနဲ့ လွဲချော်သွားမလားလို့ ပရိသတ်တွေက စိုးရိမ်နေကြပါတယ်။ ဒါပေမယ့် အသေးစိတ် ဆေးစစ်မှုတွေ ပြုလုပ်ပြီးတဲ့နောက် မာကို ရိုက်စ်က ခြေကျင်းဝတ် ဒဏ်ရာ ရရှိခဲ့ပြီး ဒီဒဏ်ရာကြောင့် တစ်လဝန်းကျင် အနားယူရတော့မှာပါ။ 

မာကို ရိုက်စ်ဟာ လာမယ့် နိုင်ငံတကာ ရက်သတ္တပတ်မှာ နေးရှင်းလိဂ်ပွဲ ကစားမယ့် ဂျာမနီ လက်ရွေးစင် အသင်း ကနေ ချန်လှပ်ခံခဲ့ရပါတယ်။ ဂျာမနီ နည်းပြ ဟန်ဆီဖလစ်ခ်က မာကို ရိုက်စ် နေရာမှာ ဘင်ဂျာမင် ဟန်ရစ်ချ်ကို အစားထိုး ရွေးချယ်ခဲ့ပါတယ်။ မာကို ရိုက်စ် အနေနဲ့ လက်ရှိ အနေအထားအရ လာမယ့် (၂၀၂၂) ကာတာ ကမ္ဘာ့ဖလားမှာ ပါဝင်နိုင်ဖို့ မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပါတယ်။ 


မူဆီအာလာကို မက်ဆီနဲ့ နှိုင်းယှဥ်လိုက်တဲ့ ဂျာမနီ ဂန္တဝင်ဟောင်း

ဂျာမနီ ဂန္တဝင် ကစားသမားဟောင်းကြီး လိုသာ မာသီးယပ်စ်က ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် ကြယ်ပွင့် ဂျာမယ်လ် မူဆီအာလာကို လီယွန်နယ် မက်ဆီနဲ့ နှိုင်းယှဥ် ချီးကျူးလိုက်ပါတယ်။ 

မူဆီအာလာဟာ ချဲလ်ဆီး အကယ်ဒမီထွက် ကစားသမား တစ်ယောက် ဖြစ်ပြီး လက်ရှိအချိန်မှာ အသင်းကြီးနဲ့ အတူ အကောင်းဆုံး ခြေစွမ်းပြနေပြီလည်း ဖြစ်ပါတယ်။ 

အသက် (၁၉) နှစ် အရွယ် မူဆီအာလာနဲ့ ပတ်သက်လို့ မာသီးယပ်စ်က “ဒီလို ကစားသမားမျိုးကို ကျနော် တို့ဆီ ပေးလိုက်လို့ အင်္ဂလန်မြေကို ကျေးဇူးတင်ပါတယ်။ ဒီလိုကစားသမားမျိုးကို ဘာကြောင့် အင်္ဂလန် ဂျာစီဝတ်ဖို့ မကြိုးစားကြလဲ ကျနော် မသိပါဘူး” 

“ကျနော်တို့ မူဆီအာလာ ရှိနေလို့ အရမ်းပျော်နေပါတယ်။ သူက ကွင်းထဲမှာ ဆိုရင် လွန်ခဲ့တဲ့ သုံးနှစ်က မက်ဆီလို ကစားသမားမျိုးပါ” လို့ ချီးကျူး ပြောကြားခဲ့ပါတယ်။ မူဆီအာလာဟာ အင်္ဂလန် ယူ-၂၁ အတွက် ကစားပေးခဲ့ပေမယ့် ပြီးခဲ့တဲ့ (၂၀၂၁) ဖေဖော်ဝါရီ မှာတော့ လက်ရွေးစင် အသင်းကို ကိုယ်စားပြုဖို့ အတွက် ဂျာမနီ ကိုသာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ 

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
စကော့တလန်
ယူကရိန်း
1X2 သရေ (Draw) @ 3.05
ဂိုးပေါ် 2.00 @ 1.86
ဂိုးပေါင်း 0-1 @ 2.37
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အော့စ်ဘတ်ကို ရှုံးနိမ့်အပြီး ကစားသမားတွေကို ဝေဖန်လိုက်တဲ့ ဘိုင်ယန် နည်းပြ

ဘေယန်မြူးနစ် နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်းက ပြီးခဲ့တဲ့ စနေညမှာ အော့စ်ဘတ်ကို ၁-၀ ဂိုးနဲ့ အဝေးကွင်းမှာ ရှုံးနိမ့်ပြီးတဲ့နောက် အသင်းရဲ့ ကစားသမားတွေကို ဝေဖန် ပြောကြားလိုက်ပါတယ်။ 

ဒီရှုံးပွဲဟာ ဘေယန်မြူးနစ် အတွက် နောက်ဆုံး ဘွန်ဒက်စ်လီဂါ လေးပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။ နေဂဲလ်စ်မန်းရဲ့ အနာဂတ် အတွက်လည်း စိုးရိမ်စရာ အနေအထားကို ရောက်ရှိလာခဲ့ပါပြီ။ 

အော့စ်ဘတ်ကို ရှုံးနိမ့်ခဲ့တဲ့ အပေါ် နေဂဲလ်စ်မန်းက “ကျနော်တို့က ပြိုင်ဘက်ရဲ့ ခံစစ်ဇုန်ထဲမှာ တော်တော်လေးကို သာသာယာယာ ကစားနေခဲ့ကြတာပါ။ လေ့ကျင့်ရေးကွင်း မှာတောင် ဒီလောက်အထိ သက်သောင့် သက်သာ မကစားဖူးပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ 

အသင်းရဲ့ အားကစားဒါရိုက်တာ ဟာဆန်ဆာလီဟာမစ်ဇစ် ကလည်း “ကျနော် တို့ရဲ့လိဂ်ပွဲ (၄) ပွဲ ဆက်တိုက် နိုင်ပွဲ မရခဲ့ဘဲ ရနိုင်တဲ့ (၁၂) မှတ် ထဲက (၃) မှတ်ပဲ ရခဲ့ပါတယ်။ ဒီတော့ ကျနော် နည်းနည်းလေး စိုးရိမ်နေပါတယ်” လို့ ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်