နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ – မနက်ခင်း သတင်းများ (၁၇/၉/၂၀၂၂)

စက်တင်ဘာ ၁၇ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


မာနေး တစ်ယောက် ဘေယန်မြူးနစ်မှာ မပျော်ရွှင်ဖြစ်နေကြောင်း လစ်ဗာပူးလ် ဂန္တဝင် ဖွင့်ဟ

လစ်ဗာပူးလ် ဂန္တဝင် ကစားသမားဟောင်း ဒီဒီယာ ဟာမန်းက ဆာဒီယို မာနေး တယောက် ဘေယန်မြူးနစ်မှာ မပျော်မရွှင် ဖြစ်နေတယ်လို့ သုံးသပ် ပြောကြားလိုက်ပါတယ်။ အဆိုပါ ဆီနီဂေါ လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ လစ်ဗာပူးလ် ကနေ ဘွန်ဒက်စ်လီဂါ ချန်ပီယံ အသင်းကို ပြောင်းရွှေ့သွားခဲ့တာပါ။ 

မာနေးဟာ ဘေယန်မြူးနစ် အတွက် နောက်ဆုံး (၅) ပွဲ ဆက်တိုက် ဂိုးမသွင်းနိုင်ခဲ့ဘဲ နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်း ကလည်း မာနေးတယောက် အသင်းမှာ အသားကျဖို့ လိုအပ်သေးတယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန် မှာလည်း ဟာမန်းက “မာနေး လစ်ဗာပူးလ် မှာတုန်းက အလယ်ဗဟိုဝင် ကစားခဲ့တာကို ကျနော် တွေ့ဖူးပါတယ်။ ဒါက သူ့ရဲ့နေရာ မဟုတ်ပါဘူး။ အခု သူက ဘေယန်မြူးနစ် မှာလည်း ဒီလို ပုံစံ ဖြစ်နေပါတယ်” 

“တောင်ပံထွက် ကစားချိန်မှာ သူ့ရဲ့ အကောင်းဆုံး ပုံစံကို မြင်တွေ့ရပြီး အခုချိန်မှာ မာနေး ပျော်ရွှင်နေတယ်လို့ ကျနော်တော့ မမြင်ပါဘူး။ တခြား ကစားသမားတွေ ဖြစ်တဲ့ လီရွိုင်း ဆာနေး၊ ဂျာမယ်လ် မူဆီရာလာ၊ လူးကပ်စ် ဟာနန်ဒက်ဇ် တို့က လက်ရှိအချိန်မှာ ပုံစံကောင်းတွေ ပြသနေပါတယ်” 

“ဘယ်သူကမှ မာနေး အကြောင်းကို မပြောကြပါဘူး။ သူက တယောက်တည်း သီးသန့် ဖြစ်နေပြီး ဘေယန်မြူးနစ်က ဒါကို ဖြေရှင်းရပါမယ်” လို့ ပြောကြားခဲ့ပါတယ်။ 


KSI ရဲ့ ဥရောပ နောက်ဆုံး ရှိုးပွဲမှာ မြင်တွေ့ခဲ့ရတဲ့ အယ်လ်ဖွန်ဆို ဒေးဗီးစ်

ဘန်ဒက် လီဂါ
ဒေါ့မွန်
‌ရှော်ကေး
1X2 သရေ (Draw) @ 4.80
ဂိုးပေါ် 3.25 @ 1.89
ဂိုးပေါင်း 0-1 @ 6.20
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘေယန်မြူးနစ်ရဲ့ ကြယ်ပွင့် အယ်လ်ဖွန်ဆို ဒေးဗီးစ်ဟာ ချန်ပီယံလိဂ်မှာ ဘာစီလိုနာကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး တရက် အတွင်းမှာပဲ KSI ရဲ့ ဥရောပ နောက်ဆုံး ရှိုးပွဲ အဖြစ် ကျင်းပခဲ့တဲ့ ပွဲမှာ ပါဝင် ဆင်နွှဲခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါ ကနေဒါ လက်ရွေးစင် ကစားသမားဟာ ဘာစီလိုနာနဲ့ ပွဲမှာ ပါဝင် ကစားခဲ့ပေမယ့် သူ့စိတ်ကြိုက် KSI ရဲ့ ရှိုးပွဲမှာ မပျက်မကွက်နဲ့ ပါဝင် ဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ KSI ရဲ့ No Time သီချင်း အတွက် ဒေးဗီးစ်က ပါဝင် ကပြ ဖျော်ဖြေခဲ့သလို ဟာမိုနီလည်း လိုက်ပေးခဲ့ပါတယ်။ 

KSI ဟာ YouTuber တယောက် ဖြစ်သလို လက်ဝှေ့သမား တယောက်လည်း ဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါ ကြယ်ပွင့်အတွက် KSI နဲ့ ပူးပေါင်းခဲ့တာက ဒါပထမဆုံးတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နှစ်အတွင်း ကလည်း ဒေးဗီးစ်က သူ့ရဲ့ Snapchat မှာ KSI ရဲ့ အခုသီချင်း ကိုပဲ သီဆိုထားတဲ့ ဗီဒီယိုဖိုင်ကို တင်ထားခဲ့ပါသေးတယ်။ 

ဒေးဗီးစ်ဟာ KSIကို ငယ်ငယ်တည်းက အားပေးခဲ့တာဖြစ်ပြီး ဒီပုဂ္ဂိုလ် ကိုလည်း KSI နာမည်ရေးထိုးထားတဲ့ ကျောနံပါတ် (၉) နဲ့ ဘေယန်မြူးနစ် ဂျာစီ တစ်ထည် လက်ဆောင် ပေးအပ်ခဲ့ပါသေးတယ်။ 


ဒေါ့မန်ကို သွင်းခဲ့တဲ့ ဂိုးက သူ့အတွက် အကောင်းဆုံး ဂိုးလို့ ဟာလန်း ဖွင့်ဟ

ပြီးခဲ့တဲ့ ကြားရက်မှာ ကစားခဲ့တဲ့ မန်ချက်စတာစီးတီးနဲ့ ဒေါ့မန် တို့ရဲ့ ချန်ပီယံလိဂ် အုပ်စုပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးက သူ့အတွက် အကောင်းဆုံး သွင်းဂိုး ဖြစ်ကြောင်း မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းက ဖွင့်ဟ ပြောကြားခဲ့ပါတယ်။ 

ဟာလန်းဟာ ဒီပွဲမှာ ကန်ဆယ်လိုရဲ့ ဖန်တီးမှုက တဆင့် အသင်းအတွက် အနိုင်ဂိုးကို လှလှပပ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ နော်ဝေ ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ နွေရာသီ ကမှ ဘွန်ဒက်စ်လီဂါ ကလပ် ကနေ မန်စီးတီးကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ 

ဒီသွင်းဂိုးနဲ့ ပတ်သက်လို့ ဟာလန်းက “ဒီသွင်းဂိုးက တကယ့်ကို စပါယ်ရှယ် သွင်းဂိုး တစ်ဂိုးပါ။ ဒေါ့မန်မှာ ရှိနေတုန်းက ဝုလ်ဖ်ဘတ် ဘက်ကို ဒါမျိုး သွင်းယူခဲ့ပြီး မန်စီးတီးကို ရောက်လာပြီး နောက်ပိုင်း ပွဲတွေ မှာလည်း ဒါမျိုး သွင်းယူနိုင်ဖို့ ကြိုးစားခဲ့ဖူးပါတယ်” 

“ဒါပေမယ့် နောက်ဆုံးတော့ အလုပ် ဖြစ်ခဲ့ပြီး တကယ်ကို ကောင်းပါတယ်။ ကျနော့်ဆီမှာ တကယ်ကို ရှည်လျားတဲ့ ခြေထောက်တွေ ရှိပြီး အဲ့ဒါကြောင့်လည်း ဘောလုံးကို မှီခဲ့တာပါ” 

“ဒီသွင်းဂိုးက ကျနော် သွင်းယူခဲ့သမျှ ဂိုးတွေမှာ အကောင်းဆုံး သွင်းဂိုးတွေထဲက တစ်ဂိုး ဖြစ်ခဲ့ပါတယ်။ ကျနော် ဒါကို ရိုးရိုးသားသား ပြောတာပါ” လို့ ပြောကြားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်