နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘေယန်မြူးနစ် အနိုင်သေချာပြီး ဂိုးပြတ်မပြတ်ပဲ စောင့်ကြည့်ရမယ် | ဘွန်ဒက်စ်လီဂါ (ပွဲကြိုသုံးသပ်ချက်)

ဘေယန်မြူးနစ် – မိုချန်ဂလာဘတ်

အခု ဆက်လက်ပြီးတော့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် (၂၀) ရဲ့ စနေနေ့ည ပွဲစဉ် တစ်ပွဲ ဖြစ်တဲ့ ဘေယန်မြူးနစ်နဲ့ မိုချန်ဂလာဘတ်တို့ ကစားမယ့် ပွဲစဉ်ကို ခန့်မှန်းသုံးသပ်ပေးမှာ ဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါ ဇယား ထိပ်က လေဗာကူဆင်ကို အမှီလိုက်နေတဲ့ ဘေယန်မြူးနစ် အတွက်တော့ လွယ်ကူမယ့် ပွဲစဉ်တော့ မဟုတ်ပါဘူး။ ဂျာမန် ကလေးဗိုလ် ဘေယန်ဟာ ဘယ်အသင်းလာလာ နှိပ်ကွပ်တတ်ပေမယ့် မိုချန်ဂလာဘတ်နဲ့ တွေ့တိုင်းတော့ ရုန်းကန်ရတတ်ပါတယ်။ ဘေယန်ဟာ ဝါဒါဘရီမင်ကို မထင်မှတ်ပဲ ရှုံးခဲ့ပြီးနောက် နှစ်ပွဲဆက် ပြန်လည် အနိုင်ရခဲ့တာကြောင့် လေဗာကူဆင်ကို ၂ မှတ် အကွာနဲ့ လိုက်လံ ဖိအားပေးထားနိုင်ပါတယ်။

မိုချန်ဂလာဘတ် ကတော့ ထုံးစံ အတိုင်း ဘွန်ဒက်စ်လီဂါ ဇယား အလယ်မှာ တဝဲလည်လည် ဖြစ်နေပြီး နိုင်လိုက် ရှုံးလိုက်ပါပဲ။
ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အလယ်မှာ ရှိနေတဲ့ မိုချန်ဂလာဘတ်

မိုချန်ဂလာဘတ် ကတော့ ထုံးစံ အတိုင်း ဘွန်ဒက်စ်လီဂါ ဇယား အလယ်မှာ တဝဲလည်လည် ဖြစ်နေပြီး နိုင်လိုက် ရှုံးလိုက်ပါပဲ။ ဂလာဘတ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံးထားပြီး ပြီးခဲ့တဲ့ ပွဲမှာတော့ ဝါဒါဘရီမင်နဲ့ ၂ ဂိုးစီ သရေကျထားခဲ့ပါတယ်။


နှစ်ဖက်အသင်း သတင်းများ

လက်တလော ဘေယန်မြူးနစ်မှာ ဘွန်နာ ဆား၊ အူပါမီကာနို၊ ကင်မစ်ချ်၊ လိုင်မာ၊ ကိုးမန်းတို့ ဒဏ်ရာရနေပြီး ကင်မင်ဂျေး ကတော့ နိုင်ငံပွဲ သွားကစားနေပါတယ်။ မက်ဇရာရူအီ ကတော့ အသင်းထံ ပြန်လာပြီ ဖြစ်ပေမယ့် ပါဝင်ကစားနိုင်ဖို့ ကတော့ မသေချာသေးပါဘူး။

မိုချန်ဂလာဘတ် မှာတော့ အွန်မ်လင်၊ ဝိုဘာ၊ ဟာမန်း၊ ပီလီယာ၊ ဝုဖ်နဲ့ ဟက်ခ် တို့ ကတော့ ပါဝင်ကစားနိုင်ဖို့ မသေချာသေးဘူးလို့ သိရပြီး အီတာကူရာ ကတော့ နိုင်ငံပွဲ သွားကစားနေလို့ လွဲချော်မှာ ဖြစ်ပါတယ်။

စီးရီးအေ
အင်တာမီလန်
ဂျူဗင်တပ်စ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဖြစ်နိုင်ဖွယ် လူစာရင်း

ဘေယန်မြူးနစ် – နော်အာ၊ ဒိုင်ယာ၊ ဒီလစ်ဂျ်၊ ဒေးဗီးစ်၊ ဂိုရက်ဇ်ကာ၊ ဂွာရဲရိုး၊ မူဆီယာလာ၊ ဆာနေး၊ ကိန်း

မိုချန်ဂလာဘတ် – နီကိုလတ်စ်၊ စကယ်လီ၊ အဲလ်ဗက်ဒီ၊ ဝိုဘာ၊ ဟိုနိုရတ်၊ ရိတ်ဇ်၊ ဝိုင်ဂဲလ်၊ ကိုနေး၊ နတ်ဇ်၊ ဆိုင်ဘတ်ချူး၊ ပလီရာ


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၃၄ ကြိမ် တွေ့ဆုံခဲ့ရာမှာ ဘေယန်မြူးနစ်က ၁၅ ကြိမ် နိုင်ပြီး မိုချန်ဂလာဘတ်က ၁၃ ကြိမ် အနိုင်ရခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါ နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာတော့ ဘေယန်မြူးနစ်တို့ ဂလာဘတ်ကို ၁ ကြိမ်သာ အနိုင်ရခဲ့ပြီး ဂလာဘတ်က ၂ ကြိမ်နိုင်၊ ၂ ကြိမ် သရေ ကစားခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ဘေယန်မြူးနစ်က ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးခဲ့ပြီးတော့ ဂလာဘတ် ကတော့ ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံးထားပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP ရဲ့ 1X2 မှာတော့ ဘေယန်မြူးနစ် နိုင်ရင် ၁ ဆ ကျော်သာ ရမှာ ဖြစ်ပြီးတော့ မိုချန်ဂလာဘတ် နိုင်ရင်တော့ ၁၂ ဆ ရမှာ ဖြစ်ပါတယ်။ သရေ ဆိုရင်တော့ ၇.၆ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဘေယန်မြူးနစ်က ၂ လုံး အရှုံးလောက် ပေါက်နေပါတယ်။ ခုဏက ပြောခဲ့သလိုပဲ ဘေယန်မြူးနစ်ဟာ မိုချန်ဂလာဘတ်နဲ့ ကစားတိုင်းမှာ ရုန်းကန်ရတတ်ပါတယ်။ နိုင်ရင်လည်း ဂိုးပြတ်ပါပဲ။ လေဗာကူဆင် မှားမယ့် အချိန်ကို စောင့်နေတဲ့ ဘေယန်မြူးနစ်တို့ ရရင် ရသလို အမှတ်ပြည့် ယူမှာပါ။ ဘေယန်မြူးနစ် ဂိုးပြတ်နိုင်သွားမယ် ထင်ပါတယ်။

ခန့်မှန်းရလဒ်

ဘေယန်မြူးနစ် ၂-၀ မိုချန်ဂလာဘတ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်