နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Olympics 2024 Daily Missions July to August – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရာသီပိတ်ပွဲ အထိ ရှုူံးကောင်းခဲ့လို့ အဆင့် ၃ နေရာနဲ့ ကျေနပ်ခဲ့ရတဲ့ ဘေယန်မြူးနစ် | ဘွန်ဒက်စ်လီဂါ (ပွဲပြီးသုံးသပ်ချက်)

ဟော့ဖန်ဟိမ်း ၄-၂ ဘေယန်မြူးနစ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ရာသီပိတ် ပွဲစဉ် မှာတော့ ဘေယန်မြူးနစ်က ဟော့ဖန်ဟိမ်းကို အဝေးကွင်းမှာ ဂိုးပြတ် အရေးနိမ့်သွားခဲ့ပါတယ်။ ဒီရလဒ်ကြောင့် ဘေယန်မြူးနစ်က အဆင့် ၃ နေရာ ဆင်းသွားခဲ့ရပြီး လာမယ့်ရာသီ ဂျာမန်စူပါဖလား ကိုတော့ စတုဂတ်က ကန်ခွင့်ရသွားခဲ့ပါတယ်။

သောမက်စ် တူချယ်ရဲ့ ဘေယန်မြူးနစ်ဟာ ဒီနေ့ပွဲမှာ ၃ ယောက်တန်း ခံစစ်နဲ့ ပွဲထွက်လာခဲ့ပြီး ဒိုင်ယာ၊ ဒီလစ်ဂျ်၊ အူပါမီကာနို တို့ကို တွဲဖက်ပေးခဲ့ပါတယ်။ ကွင်းလယ် မှာတော့ လိုင်မာ၊ ပက်ဗ်လိုဗစ်၊ ကင်မစ်ချ်၊ အဲလ်ဖွန်ဆို ဒေးဗီးစ်နဲ့ မူလာ၊ ဂိုရက်ဇ်ကာ၊ တိုက်စစ် မှာ‌တော့ ဒဏ်ရာရနေတဲ့ ဟယ်ရီကိန်း နေရာမှာ လူငယ် ကစားသမားလေး တဲလ်စ် ပွဲထွက်လာခဲ့ပါတယ်။ ဟော့ဖန်ဟိမ်း ကတော့ သူတို့ရဲ့ အကောင်းဆုံး လူစာရင်း ဖြစ်တဲ့ ကရာမာရစ် ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ ဘိုင်ယာ၊ စတက်ချ်၊ ဘတ်လာ၊ ဂရီးလစ်ချ်၊ ဘူးမန်း တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။

ဒီနှစ် ဘွန်ဒက်စ်လီဂါမှာ လေဗာကူဆင်က ချန်ပီယံ ဖြစ်ခဲ့သလို ပိုကယ်ဖလား မှာလည်း လေဗာကူဆင်ပဲ ချန်ပီယံ ဖြစ်ဖို့ နီးစပ်နေတာကြောင့် အဆင့် ၂ ရတဲ့ အသင်းက ဂျာမန်စူပါဖလား ကန်ခွင့်ရမှာ ဖြစ်ပါတယ်။
ဘွန်ဒက်စ်လီဂါ ပိတ်ပွဲအထိ ရှုံးပွဲ ကြုံခဲ့ရတဲ့ ဘေယန်မြူးနစ်

ဘေယန်မြူးနစ်ဟာ အစောပိုင်း မိနစ်တွေမှာ ကစားပုံ တော်တော်လေး ကောင်းမွန်ခဲ့ပြီး ဦးဆောင်ဂိုးတွေလည်း သွင်းယူနိုင်ခဲ့ပါတယ်။ ပွဲချိန် ၄ မိနစ်မှာတင် ထောင်ကန်ဘောက တဆင့် မူလာ ခေါင်းတိုက်ပြီး ပြန်ချပေးတာကို တဲလ်စ်က အပိုင်ခေါင်းတိုက်ပြီး ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲ့နောက် အဲလ်ဖွန်ဆို ဒေးဗီးစ်က ဒုတိယမြောက် ဦးဆောင်ဂိုးကို ၂ မိနစ် အကြာမှာ ထပ်မံ သွင်းယူပေးခဲ့တာကြောင့် ဘေယန်တို့ စောစောစီးစီး ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ထပ် ၂ မိနစ် အကြာမှာပဲ ဟော့ဖန်ဟိမ်း အတွက် ချေပဂိုးကို ဘိုင်ယာက သွင်းယူပေးခဲ့ပြီး ပထမပိုင်း အပြီးမှာတော့ ၁-၂ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဘေယန်မြူးနစ်ဟာ သိသိသာသာ ကစားအား ကျသွားခဲ့ပြီး ဟော့ဖန်ဟိမ်းရဲ့ တိုက်စစ်ဆင်မှုတွေကို အလူးအလဲ ခံခဲ့ရပါတယ်။ ဘေယန်မြူးနစ် နောက်တန်းနဲ့ ဂိုးသမား နော်အာ တို့ကလည်း ဘာလုပ်ချင်နေမှန်း မသိအောင် ကြောင်ပျောက်နေခဲ့ပြီး ကရာမာရစ်ကို ဟက်ထရစ် ရသွားခဲ့တဲ့ အထိပါပဲ။ ပေးလိုက်ရတဲ့ သွင်းဂိုးတွေ ပြန်ကြည့်ရင် ကရာမာရစ် ပါးနပ်ခဲ့သလို နောက်တန်းရဲ့ ပေါ့ဆမှုတွေကြောင့် ရှုတ်ရှတ်ခတ်နေတဲ့ ကြားထဲက ဘေယန်မြူးနစ်တို့ ဂိုးတွေ ပေးလိုက်ရတာ ဖြစ်ပါတယ်။

ဒီရလဒ်ကြောင့် ဘေယန်မြူးနစ်ဟာ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၃ နေရာကို ဆင်းပေးခဲ့ရပြီး စတုဂတ်ရဲ့ ကျော်တက်ခြင်း ခံခဲ့ရပါတယ်။ တူချယ်၊ ဟယ်ရီကိန်း၊ ဒိုင်ယာတို့ ရောက်ရှိလာပြီးနောက် နှစ်ပေါင်း များစွာ အကြာမှ ပထမဦးဆုံး အကြိမ် ဖလား လက်မဲ့ ရာသီ ဖြစ်ခဲ့ရတဲ့ ဘေယန်မြူးနစ်တို့ လာမယ့် ရာသီ ဂျာမန် စူပါဖလားလည်း ကန်ခွင့်ရတော့မှာ မဟုတ်ပါဘူး။ ဂျာမန် စူပါဖလားဟာ ပိုကယ်ဖလားမှာ ချန်ပီယံ ဖြစ်တဲ့ အသင်းနဲ့ ဘွန်ဒက်စ်လီဂါ ချန်ပီယံ အသင်းတို့ ရင်ဆိုင် ဗိုလ်လုရတဲ့ ပွဲ ဖြစ်ပါတယ်။ ဒီနှစ် ဘွန်ဒက်စ်လီဂါ မှာ လေဗာကူဆင်က ချန်ပီယံ ဖြစ်ခဲ့သလို ပိုကယ်ဖလား မှာလည်း လေဗာကူဆင်ပဲ ချန်ပီယံ ဖြစ်ဖို့ နီးစပ်နေတာကြောင့် အဆင့် ၂ ရတဲ့ အသင်းက ဂျာမန်စူပါဖလား ကန်ခွင့်ရမှာ ဖြစ်ပါတယ်။ အခုတော့ ဘေယန်မြူးနစ်တို့ ဒီအခွင့်အရေးကို စတုဂတ်ဆီ ထိုးပေးခဲ့ရပြီး ဟယ်ရီကိန်း အနေနဲ့လည်း ဆုဖလားတွေနဲ့ ထပ်မံ ဝေးကွာနေဦးမှာပါ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်