နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Olympics 2024 Daily Missions July to August – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကွန်ပနီ ကိုပါ ချိတ်ဆက်လာခဲ့တဲ့ ဘေယန်မြူးနစ် | ဘွန်ဒက်စ်လီဂါ

ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် အသင်း ကတော့ သောမက်စ် တူချယ် နေရာ အတွက် နည်းပြသစ် ရှာပုံတော်ဖွင့်ရာမှာ ခက်ခဲနေဆဲ ဖြစ်ပြီး အခုနောက်ဆုံး ဘန်လေ နည်းပြ ဗင်းဆင့် ကွန်ပနီနဲ့ သတင်းတွေ ထွက်လာခဲ့ပြန်ပါတယ်။

ဘေယန်မြူးနစ်ဟာ ရာသီကုန်မှာ လမ်းခွဲမယ့် သောမက်စ် တူချယ်ရဲ့ နေရာမှာ ရေရှည် အစားထိုးဖို့ နည်းပြသစ် တစ်ဦး ရှာဖွေနေတာ ဖြစ်ပြီး နာမည်ကျော် နည်းပြတွေကို ကမ်းလှမ်းထားခဲ့ပေမယ့် အဆင်မပြေ ဖြစ်နေခဲ့တာပါ။ ဘေယန်မြူးနစ်ဟာ လေဗာကူဆင်က အလွန်ဆို၊ ဂျာမနီ နည်းပြ နေဂဲလ်စ်မန်း၊ ဗီလာ နည်းပြ အူနိုင်း အမ်မရီ၊ ဘရိုက်တန်နဲ့ လမ်းခွဲတော့မယ့် ရော်ဘတ်တို ဒီဇာဘီ၊ လက်ရှိ အချိန်ထိ အသင်း လက်မဲ့ ဖြစ်နေတဲ့ ဇီဒန်း တို့ကို ချိတ်ဆက်ခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။ ဒါ့အပြင် တူချယ် ကိုလည်း အသင်းမှာ ဆက်နေဖို့ နားချခဲ့သေးပေမယ့် နည်းပြ ဖြစ်သူ ကတော့ အပြောင်းအလဲ မြန်တဲ့ ဘွန်ဒက်စ်လီဂါ ကလပ် ကို စိတ်ကုန်သွားပုံရပါတယ်။

ဒီလို ထိပ်တန်း နည်းပြတွေကို မစွဲဆောင်နိုင်ခဲ့တဲ့နောက် ဘေယန်မြူးနစ်ဟာ ပရီးမီးယားလိဂ် ကလပ် ဘရန့်ဖို့ဒ်ရဲ့ နည်းပြ ဖြစ်တဲ့ သောမက်စ် ဖရန့်ခ်ကိုလည်း စိတ်ဝင်စားခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကနေ တန်းဆင်းသွားခဲ့တဲ့ ဘန်လေ အသင်းရဲ့ နည်းပြ ဗင်းဆင့် ကွန်ပနီနဲ့တော့ လက်ရှိမှာ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ ကွန်ပနီဟာ ဟမ်းဘတ် အသင်းနဲ့ အတူ ဘွန်ဒက်စ်လီဂါ မှာ ကျင်လည်ခဲ့ဖူးသူ ဖြစ်သလို အရည်အသွေး ရှိတဲ့ နည်းပြ တစ်ဦးလည်း ဖြစ်တာကြောင့် ဘေယန်မြူးနစ်က စိတ်ဝင်စားနေတယ် ဆိုတာ ဖြစ်နိုင်ပါတယ်။

ကွန်ပနီဟာ ကစားသမား ဘဝမှာ ဘယ်လ်ဂျီယံ ကလပ် အန်ဒါလက်ချ်၊ ဘွန်ဒက်စ်လီဂါ ကလပ် ဟမ်းဘတ်နဲ့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး တို့မှာ ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီးနဲ့တော့ အမြင့်ဆုံး အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြီး နည်းပြ ဘဝ မှာတော့ အန်ဒါလက်ချ်ကို ဘယ်လ်ဂျီယံဖလား ဒုတိယနဲ့ ဘန်လေ ကိုတော့ ချန်ပီယံရှစ် ချန်ပီယံ အဖြစ်နဲ့ ပရီးမီးယားလိဂ် ဆီ တန်းတင်ပေးနိုင်ခဲ့ပါတယ်။ တကယ်တမ်း ကွန်ပနီဟာ ၂၀၁၉ ခုနှစ် ကမှ နည်းပြ လောကထဲကို ဝင်ရောက်လာသူ ဖြစ်ပြီး သက်တမ်းနုတဲ့ နည်းပြလည်း ဖြစ်ပါတယ်။

လက်ရှိမှာ သူကိုင်တွယ်နေတဲ့ ဘန်လေဟာ တစ်ရာသီ အကြာမှာပဲ ပရီးမီးယားလိဂ် ကနေ တန်းပြန်ဆင်းသွားခဲ့ရပေမယ့် အသင်း ဘက်ကတော့ ကွန်ပနီကို လက်မလွှတ်ချင်ဘူးလို့ သိရပါတယ်။ ဘန်လေဟာ ကွန်ပနီရဲ့ နည်းစနစ်ပိုင်းကို သဘောကျတာကြောင့် လာမယ့် နှစ်တွေမှာ အသင်းကို ထိပ်တန်းလိဂ်ဆီ ထပ်မံ တွန်းပို့ပေးနိုင်မယ့်သူ အဖြစ် ယုံကြည်နေကြတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ကံယာကံရှင် ကိုယ်တိုင် ကတော့ ဘေယန်မြူးနစ်လို အသင်းကြီး တစ်သင်းမှာ နည်းပြ အဖြစ် လုပ်ကိုင်ရမယ့် အခွင့်အရေးကို လက်မလွှတ်ချင်တဲ့ သဘော ရှိနေတယ်လို့ သတင်းတွေက ဖော်ပြလျက်ရှိပါတယ်။ ကွန်ပနီ ဟာ ဘေယန်မြူးနစ်ရဲ့ ဘုတ်အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စိတ်အားထက်သန်လျက် ရှိပြီး အမှန်တကယ် ပြောင်းရွှေ့ဖြစ်မဖြစ် ဆိုတာ ကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

သေချာတာကတော့ ကွန်ပနီသာ ထပ်မံ ငြင်းဆန်ခဲ့ရင် ဘေယန်မြူးနစ်ကို ဘာကြောင့် နည်းပြတိုင်း လက်ရွံ့နေခဲ့ရသလဲ ဆိုတာ စဉ်းစားဖို့တော့ လိုအပ်လာခဲ့ပြီ ဖြစ်ပါတယ်။ အစဉ်အလာကြီးတဲ့ အသင်း တစ်သင်းကို ကိုင်တွယ်ရမှာကြောင့်လား။ ဒါမှမဟုတ် မလိုအပ်ပဲ နည်းပြတွေကို မကြာခဏ ဆိုသလို ထစ်ခနဲရှိ ထုတ်ပယ်တတ်တဲ့ ဘုတ်အဖွဲ့ဝင်တွေကြောင့်ပဲလား ဆိုတာ မေးခွန်းထုတ်ရတော့မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်