နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Olympics 2024 Daily Missions July to August – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အယ်လ်ဖွန်ဆို ဒေးဗီးစ် တစ်ယောက် ရီးရဲလ်ကို တကယ်ပဲ ရောက်တော့မှာလား? (ဘွန်ဒက်စ်လီဂါ)

ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ်ရဲ့ အသင်းတွင်းမှာ ရှုပ်နေတဲ့ ပြဿနာတစ်ခု ကတော့ အယ်လ်ဖွန်ဆို ဒေးဗီးစ်ရဲ့ စာချုပ်သစ် ကိစ္စပါပဲ။ ဒီကနေဒါ ကစားသမားက ဘယ်ခြမ်း တောင်ပံ တစ်လျှောက် နေရာစုံမှာ ကစားနိုင်ပြီး သူ့ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ် ကလည်း ကာလရှည် စောင့်ကြည့်ခဲ့တာပါ။

ဒါပေမယ့် အခုချိန်အထိ ဒီကစားသမားက ဘွန်ဒက်စ်လီဂါ ကလပ်နဲ့ စာချုပ် သက်တမ်းက (၂၀၂၅) ခုနှစ် အထိ ရှိနေပါသေးတယ်။ ဒီတော့ သူ့ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်က စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေပြီး သူ့ရဲ့အနာဂတ် ကလည်း ဘေယန်မြူးနစ် တာဝန်ရှိသူတွေ လက်ထဲမှာ ရှိနေပါသေးတယ်။

တကယ်ဆိုရင် ပြီးခဲ့တဲ့ရာသီ မကုန်ခင်ကတည်းက ဒေးဗီးစ်ကို ဘေယန်မြူးနစ်တို့ စာချုပ်သစ် ချုပ်နိုင်ရမှာပါ။ ဒါပေမယ့် မမျှော်လင့်ထားတဲ့ အသင်းတွင်း အပြောင်းအလဲတွေကြောင့် ဒါတွေ အကုန်လုံးက ဘယ်ရောက်လို့ ရောက်မှန်းတောင် မသိတော့ပါဘူး။

ဒီလိုမျိုးတွေ ဖြစ်ပြီးမှ ဘွန်ဒက်စ်လီဂါ ကလပ်နဲ့ စာချုပ်သစ်က ဘယ်ရောက်လို့ ရောက်သွားမှန်း မသိတော့ ကစားသမား အတွက်လည်း စိတ်လေစရာပါပဲ။
ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ချင်နေတဲ့ အယ်လ်ဖွန်ဆို ဒေးဗီးစ်

ဆာလီ ဟာမစ်ဇစ်၊ အိုလီဗာခန်း တို့လို ပါဝါကြီးတဲ့ ပုဂ္ဂိုလ်တွေ အသင်းကနေ ဖယ်ရှားခံလိုက်ရပြီး ဒီအချက်တွေကြောင့်ပဲ ဒေးဗီးစ်ရဲ့ စာချုပ်သစ် ဆွေးနွေးမှုက နောက်ရောက်သွားပါတယ်။ တကယ်ဆိုရင် ဒီဘဲကြီး နှစ်ဗွေနဲ့ ဒါတွေအကုန်လုံးက ဆွေးနွေးပြီးသားပါ။

ဒီအကြောင်းကို ဒေးဗီးစ်ရဲ့ အေးဂျင့် ကိုယ်တိုင်လည်း ဖွင့်ဟထားပါတယ်။ ဒီလိုမျိုးတွေ ဖြစ်ပြီးမှ ဘွန်ဒက်စ်လီဂါ ကလပ်နဲ့ စာချုပ်သစ်က ဘယ်ရောက်လို့ ရောက်သွားမှန်း မသိတော့ ကစားသမား အတွက်လည်း စိတ်လေစရာပါပဲ။ ဒေးဗီးစ် ကိုယ်တိုင် ကလည်း ရီးရဲလ်မက်ဒရစ်ကို စိတ်ဝင်စားသလို ရီးရဲလ်မက်ဒရစ် ကလည်း အလားတူပါပဲ။

ဒါပေမယ့် ဒီနောက်ပိုင်းနှစ်တွေမှာ ရီးရဲလ်မက်ဒရစ်ရဲ့ ဗျူဟာက ရှင်းပါတယ်။ ကြယ်ပွင့်တွေကို တတ်နိုင်သလောက် သက်သာတဲ့ ဈေးနဲ့ ခေါ်ယူဖို့ ကြိုးစားတယ်၊ နောက်ပြီး ကစားသမားတွေ ကိုယ်တိုင်က ပြောင်းချင်စိတ် ရှိ၊ မရှိ ဆိုတာကို တီးခေါက်တယ်။ ပြီးတော့ ပိုင်မှ စုံပစ်ဝင်လာတာပါ။

ဒါမျိုးအကွက်တွေကို ဂျူ့ဒ် ဘယ်လင်ဟမ်၊ ချူအာမန်နီ တို့နဲ့ ကိစ္စတွေမှာ အသုံးချခဲ့ပြီး အခု ဒေးဗီးစ်ရဲ့ အခြေအနေ ကိုလည်း ကျားချောင်းသလို ချောင်းနေခဲ့တာပါ။ စာချုပ်သစ်ကိစ္စသာ အဆင်မပြေဖြစ်ကြည့်၊ ရီးရဲလ်မက်ဒရစ်တို့ ခုန်ဝင်လာပါလိမ့်မယ်။

ယူအီးအက်ဖ်အေ ယူရို 2024
ဆိုက်ပရပ်စ်
နော်ဝေး
1X2 သရေ @ 6.00
ပထမပိုင်း ဂိုးအောက် 1.00 @ 2.21
ဂိုးပေါင် 4-6 @ 3.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

နာမည်ကျော် ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနို ကတော့ “ဘေယန်မြူးနစ်တို့ ဒေးဗီးစ်ကို စာချုပ်သစ် ကမ်းလှမ်းပါလိမ့်မယ်။ ဒါပေမယ့် သူတို့ရဲ့ ဘုတ်အဖွဲ့နဲ့ ဒါရိုက်တာ အဖွဲ့တွေမှာ အပြောင်းအလဲတွေ အများကြီး ရှိခဲ့ပါတယ်။ အတွင်းပိုင်းမှာ ရှင်းလင်း ပြတ်သားအောင် လုပ်ပြီးမှ ဒေးဗီးစ်နဲ့ စာချုပ်သစ် ကိစ္စ ပြန်ဆွေးနွေးမှာပါ”

“ဒါက အဓိက အရေးပါတဲ့ အချက် ဖြစ်ပြီး ဒေးဗီးစ် တစ်ယောက် အဲ့ဒီအချိန်မှသာ စာချုပ်သစ်ချုပ် ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ်ရင်တော့ သူ လာမယ့် (၂၀၂၄) ခုနှစ်မှာ ပရီးမီးယားလိဂ် ဒါမှမဟုတ် လာလီဂါကို ပြောင်းပြီး အတွေ့အကြုံ အသစ်တွေကို ကြိုးစားကောင်း ကြိုးစားနိုင်ပါတယ်” လို့ ပြောထားပါတယ်။

ဒီနွေရာသီ အထိမှ စာချုပ်သစ် မချုပ်နိုင်ရင် ဘေယန်မြူးနစ်တို့ ဒေးဗီးစ်ကို နောက်တစ်နှစ်မှာ အလွတ်နဲ့ လက်မလွှတ်နိုင်ဖို့ သေချာပေါက် ထုတ်ရောင်းရပါလိမ့်မယ်။ ကစားသမား ကလည်း ရီးရဲလ်မက်ဒရစ်က သူ့ကို စိတ်ဝင်စားနေတဲ့ အခြေအနေမျိုးမှာ အသင်းက ထွက်ချင်နေမှာပါ။ ဘာပဲဖြစ်ဖြစ် ဒေးဗီးစ်ရဲ့ အနာဂတ် ကလည်း လာမယ့် အပြောင်းအရွှေ့တွေမှာ Big Transfer အနေနဲ့ စောင့်ကြည့်ရပါလိမ့်မယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်