နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အသင်းဖော်ဟောင်း GOAT ကြီးကို အရခေါ်ပေးဖို့ လေဗာကူဆင်ကို တောင်းဆိုထားတဲ့ အလွန်ဆို | ဘွန်ဒက်စ်လီဂါ

ဘွန်ဒက်စ်လီဂါ ချန်ပီယံ လေဗာကူဆင် အသင်းရဲ့ နည်းပြ ဇာဘီ အလွန်ဆို ကတော့ လာမယ့် ရာသီမှာ အသင်းဖော်ဟောင်း ခရစ္စတီယာနို ရော်နယ်ဒိုကို ခေါ်ယူဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ Fox ရဲ့ ဖော်ပြချက်အရ အလွန်ဆိုဟာ ပေါ်တူဂီ အသင်းခေါင်းဆောင်ကို လာမယ့် ဘောလုံးရာသီမှာ ခေါ်ယူပေးဖို့ ဘွန်ဒက်စ်လီဂါ ကလပ်ကို အသေအချာ တောင်းဆိုထားတာ ဖြစ်ပါတယ်။

အလွန်ဆိုနဲ့ ရော်နယ်ဒို တို့ဟာ ရီးရဲလ်မက်ဒရစ်မှာ ၂၀၀၉ ကနေ ၂၀၁၄ ခုနှစ် အထိ ၅ နှစ်ကျော်ကြာ အတူ အကောင်းဆုံး တွဲဖက် ကစားခဲ့ကြဖူးသူတွေ ဖြစ်ပါတယ်။ လက်ရှိမှာ ရော်နယ်ဒိုက အသက် ၃၉ နှစ် အရွယ် ရှိနေပြီ ဖြစ်ပေမယ့် စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်ဆဲ ဖြစ်တာကြောင့် အလွန်ဆို အနေနဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ GOAT ကြီးကို လိုချင်နေတာ ဖြစ်ပါတယ်။

Fox ရဲ့ ဖော်ပြချက်အရ အလွန်ဆိုဟာ ပေါ်တူဂီ အသင်းခေါင်းဆောင်ကို လာမယ့် ဘောလုံးရာသီမှာ ခေါ်ယူပေးဖို့ ဘွန်ဒက်စ်လီဂါ ကလပ်ကို အသေအချာ တောင်းဆိုထားတာ ဖြစ်ပါတယ်။
၅၁ ပွဲဆက် ရှုံးပွဲ မရှိစံချိန် ရရှိခဲ့တဲ့ လေဗာကူဆင်

ရော်နယ်ဒိုဟာ လက်ရှိ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာမှာ ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ ၆၈ ပွဲ ကစားရာမှာ ၆၂ ဂိုး သွင်းယူပေးထားပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုဟာ ဒီရာသီမှာ အဲလ်နာဆာ အတွက် ၄၉ ပွဲအထိ ပွဲထွက်ပါဝင် ကစားပေးထားပြီး ၄၈ ဂိုး သွင်းကာ ဂိုးဖန်တီးမှု ၁၃ ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။ ဒါဟာ အာရှလိဂ် တစ်ခု ဖြစ်နေတာကြောင့်လို့ ပြောနိုင်ပေမယ့် ဒီအသက်အရွယ်မှာ ရော်နယ်ဒိုလို စွမ်းဆောင်နိုင်တဲ့ ကစားသမား မရှိသေးပါဘူး။

ဒါကြောင့် အလွန်ဆို အနေနဲ့ ရော်နယ်ဒိုကို ခေါ်ယူဖို့ စိတ်အားထက်သန်နေတယ်ဆိုတာ မထူးဆန်းပဲ ရာသီသစ်မှာ အသင်းကို အခုထက် အင်အား ပိုမို တောင့်တင်းစေဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ အလွန်ဆိုရဲ့ လေဗာကူဆင်ဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ ၅၁ ပွဲဆက် ရှုံးပွဲ မရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပြီး ဒါဟာ ဥရောပ ကလပ်တွေထဲမှာ ပထမဦးဆုံးလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျာမန် ကလပ် အနေနဲ့ BUNDESLIGA ဗိုလ်လုပွဲ မှာတော့ စီးရီးအေ ကလပ် အတ္တလန္တာရဲ့ ဂိုးပြတ် ချေမှုန်းခြင်း ခံခဲ့ရပြီး ဖလား ၃ လုံး အိမ်မက်လည်း ပျက်ထားခဲ့ရပါတယ်။

နောက်တစ်ချက်က လေဗာကူဆင်က လာမယ့် ဘောလုံး ရာသီမှာ ချန်ပီယံလိဂ် ကစားရဖို့ ရှိတာကြောင့် မစ္စတာ ချန်ပီယံလိဂ်လို့ တင်စားရတဲ့ ရော်နယ်ဒိုကို အသင်းရဲ့ လူစာရင်းမှာ ပေါင်းထည့်ချင်နေတာ ဖြစ်ပါတယ်။ လက်ရှိ လေဗာကူဆင်ရဲ့ တိုက်စစ်မှာ အက်ဒ်လီ၊ ဟိုးလ်ဇက်ခ်၊ ရှစ်ခ်၊ တယ်လာ၊ ဘိုနီဖေ့စ် တို့လို ကြယ်ပွင့်တွေ ရှိနေပေမယ့် ချန်ပီယံလိဂ် အတွေ့အကြုံမှာတော့ အားနည်းသူတွေ ဖြစ်ပါတယ်။ အကယ်၍ ရော်နယ်ဒိုသာ ပြောင်းရွှေ့ ဖြစ်ခဲ့ရင်တော့ လေဗာကူဆင် တိုက်စစ်က အခုရာသီထက် ပိုကောင်းတဲ့ အခြေအနေမျိုးနဲ့ မြင်တွေ့ရဖို့ များနေတာ ဖြစ်ပါတယ်။ လက်ရှိ ဘွန်ဒက်စ်လီဂါ ကလပ်က တိုက်စစ် အသားပေး ကစားဟန် ရှိနေတာကြောင့် ပံပိုးမှု ကောင်းကောင်းသာ ရရင် ဂိုးသွင်း စိတ်ချရတဲ့ ရော်နယ်ဒို အတွက်လည်း ကိုက်ညီမှု ရှိတဲ့ အသင်း ဖြစ်လာနိုင်ပါတယ်။

တစ်ဖက်မှာတော့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ ကတော့ သူတို့ အတွက် ကွင်းတွင်းရော၊ ကွင်းပြင်ပ မှာပါ ကြီးကြီးမားမား အကျိုးပြုနေတဲ့ ရော်နယ်ဒိုကို လက်လွှတ်သွားဖို့ ဆိုတာ မဖြစ်နိုင်သလောက် ရှိနေပါတယ်။ အဲလ်နာဆာဟာ ငွေကြေးပိုင်းကို ခေါင်းထဲထည့်စရာ မလိုတဲ့ အသင်း ဖြစ်သလို ရော်နယ်ဒို ကလည်း ၂၀၂၅ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန် ရှိနေတာကြောင့် အသင်းမှာပဲ ဆက်ထိန်းထားဖို့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်