နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စံချိန်သစ်တွေနဲ့ ၈နှစ်ဆက် ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဘေယန်မြူးနစ်

ဘွန်ဒက်စ်လီဂါဆိုတာ ဥရောပရဲ့ ထိပ်သီးလိဂ်ပြိုင်ပွဲတွေထဲက တစ်ခုဖြစ်ပြီးတော့ ပြိုင်ဆိုင်မှုပြင်းထန်လေ့ရှိပါတယ်။ဒီနှစ်မှာ‌လည်း ဘွန်ဒပ်စ်လီဂါ ဟာ တခြား လိဂ်ပြိုင်ပွဲတွေအားလုံးရဲ့ စံပြဖြစ်ခဲ့ပြီးတော့ လိဂ်တာ၀န်ရှိသူတွေရဲ့ စနစ်တကျစီစဉ်ဆောင်ရွက်မှုတွေနဲ့အတူ စောစောစီးစီးပဲရာသီသိမ်းသွားခဲ့တဲ့လိဂ်ဖြစ်ပါတယ်။

၂၀၂၉-၂၀၂၀ ဘွန်ဒက်စ်လီဂါရဲ့ ရာသီအစဟာ ထိပ်သီး ဘေယန်မြူးနစ်ရဲ့ ယိမ်းယိုင်နေတဲ့ ခြေစွမ်းနဲ့ အတူ ဒေါ့မန်၊မိုချင်ဂလတ်ဘတ်၊လိုက်ပ်ဇစ်တို့ရဲ့ ဖိအားပေးမှုတွေကြောင့် ချန်ပီယံအသစ်ပေါ်ထွက်လာမလားဆိုပြီးတော့ မေးခွန်းတွေရှိလာခဲ့ပါတယ်။ အဲ့ဒီနောက်မှာ‌တော့ မထင်မှတ်တဲ့ အခြေအနေတွေကနေ ကိုဗစ်၁၉ရောဂါကြောင့် ဘောလုံးပြိုင်ပွဲအပါအ၀င်အားကစားပြိုင်ပွဲအားလုံးနီးပါးကို ရပ်နားလိုက်ပါတယ်။

ဘွန်ဒက်စ်လီဂါပြိုင်ပွဲလည်း ရပ်နားထားခဲ့ပေမယ့် နှစ်လနီးပါးအကြာမှာ မထင်မှတ်တဲ့သတင်းတွေထွက်လာခဲ့ပါတယ်။ဘွန်ဒက်စ်လီဂါပွဲစဥ်‌ တွေ ပြန်စတော့မယ်ဆိုတဲ့သတင်းတွေဟာ မီဒီယာတွေရဲ့ နဖူးစီးတွေမှာ ဖော်ပြခဲ့ကြပြီးတော့ ရောဂါကူးစက်မှု စိုးရိမ်ရတဲ့ အခြေအနေမှာ အမှန်တကယ်ပဲ ကျင်းပနိုင်မလားဆိုတဲ့ မေးခွန်းတွေကလည်း တစီတစ်တန်းထွက်ပေါ်လာခဲ့ပါတယ်။ဒါတွေကို မေလ ၁၃ရက်နေ့မှာ ပြန်လည်ကစားခဲ့တဲ့ ဒေါ့မန်နဲ့ ရှော်ကီပွဲစဉ်က ‌အသံတွေကို တိတ်စေခဲ့ပြီး ဘွန်ဒက်စ်လီဂါ ပွဲစီစဉ်သူတွေကိုလည်း ဥရောပတစ်လွှားက ချီးကျူးခဲ့ကြပါတယ်။ အဲ့ဒီပွဲစဉ်ကနေစလို့ ကစားသမားအချင်းချင်းနှုတ်ဆက်တဲ့ပုံစံ အောင်ပွဲခံတဲ့ပုံစံတွေဟာ ပြောင်းလဲသွားခဲ့ပါတယ်။

ဘေယန်မြူးနစ်အသင်းကတော့နည်းပြ နီကို ကိုဗက်ကို ရာထူးကနေထုတ်ပယ်ပြီး ဟန်ဆီဖလစ်ခ်နဲ့အစားထိုးခဲ့ပါတယ်။နည်းပြအပြောင်းအလဲပြုလုပ်ပြီးချိန်မှာတော့ ဘေယန်မြူးနစ်ရဲ့ တစ်ကျော့ပြန်ခြေစွမ်းကောင်းတွေနဲ့အတူ သွင်းဂိုးတွေကိုလည်း ပြန်လည်မြင်တွေ့ခဲ့ရပါတယ်။ရာသီပြီးဆုံးချိန်မှာ အမှတ်ပေးဇယားဒုတိယနေရာက ဒေါ့မန်အသင်းကို ၁၃မှတ်ဖြတ်ပြီး ဆုဖလားရရှိခဲ့ သလို သွင်းဂိုးစုစုပေါင်း ၁၀၀ရှိခဲ့ပြီး ပေးဂိုးဟာလည်း ၃၂ဂိုးသာရှိခဲ့လို့ မှတ်တမ်းကောင်းတွေ ရရှိခဲ့တဲ့နှစ်လို့ ဆိုရမှာပါ။

ဘေယန်မြူးနစ်ရဲ့ဘွန်ဒက်စ်လီဂါတစ်ကျော့ပြန်ခြေစွမ်းကောင်းတွေနဲ့အတူ သွင်းဂိုးတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
အစောပိုင်းယိမ်းယိုင်ခဲ့တဲ့ ခြေစွမ်းကိုထိန်းပြီး ချန်ပီယံဆု ရခဲ့တဲ့ ဘေယန်မြူးနစ်

ဒီနှစ်မှာ ဘေယန်မြူးနစ်အသင်းကို အကောင်းဆုံးဖိအားပေးနိုင်ခဲ့တဲ့ အသင်းတွေကတော့ မိုချင်ဂလတ်ဘတ်၊ဒေါ့မန်၊လိုက်ပ်ဇစ်တို့ဖြစ်ပြီးတော့ ကစားသမားကောင်းတော်တော်များများလည်း ပေါ်ထွက်ခဲ့ပါတယ်။ဒါပေမယ့် ဘေယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မှူး လီ၀န်ဒေါစကီးကိုပဲအကောင်ဆုံးကစားသမား အဖြစ်သတ်မှတ်ရမှာ ဖြစ်ပြီးတော့ သွင်းဂိုး၃၄ဂိုးအထိရရှိနိုင်ခဲ့ တာကြောင့် အခုနှစ် ဘယ်လွန်ဒေါဆုအတွက် ယာထားခြင်းခံရပါတယ်။နောက်ထပ်မှတ်မှတ်ရရကစားသမားတွေကို ဖော်ပြရမယ်ဆိုရင်‌တော့ ဒေါ့မန်အသင်းနဲ့ အတူ ဂျေဒန်ဆန်ချို၊ဟာလန်း တို့ဟာ အတောက်ပဆုံးဖြစ်ခဲ့ပြီး လိုက်ပ်ဇစ်မှာဆိုရင် တိုင်မိုဝါနာ၊လေဗာကူဆင်မှာဆိုရင် ကိုင်ဟာဗက်ဇ်တို့က အကောင်းဆုံးခြေစွမ်းပြနိုင်တဲ့ကစားသမားတွေ ဖြစ်ပါတယ်။

ရာသီပြီးဆုံးချိန် ပွဲစဉ် ၃၄အပြီးမှာ‌တော့ ဘေယန်မြူးနစ်က ၈နှစ်ဆက် ချန်ပီယံဘွဲ့ကို ပိုင်ဆိုင်သွားခဲ့ပြီးတော့ ‌ချန်ပီယံလိဂ်၀င်ခွင့် အတွက် ဒေါ့မန်၊လိုက်ပ်ဇစ်နဲ့ မိုချင်ဂလတ်ဘတ်အသင်းတွေက ရရှိသွားခဲ့ပါတယ်။ယူရိုပါလိဂ်၀င်ခွင့်ကိုတော့ လေဗာကူဆင်၊ဟော့ဖန်ဟိမ်းနဲ့ ဝုဖ်ဘတ် အသင်းတွေကရရှိသွားခဲ့ပါတယ်။

 

ဒီနှစ်အတွက် တန်းဆင်းဇုံတိုက်ပွဲကတော့ တော်တော်လေးကို ကြည့်ကောင်းခဲ့ပြီး နာမည်ကြီး ဝါဒါဘရီမင်လို အသင်းရဲ့ တန်းဆင်းဇုံ ရုန်းအားတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ဘရီမင် အနေနဲ့ အတော်လေး ကံကောင်းခဲ့တယ်လို့ ပြောရမှာ ဖြစ်ပြီး တန်းဆင်းဇုံ ရှုံးထွက်ပွဲစဉ်မှာ ဟိုင်ဒန်ဟိမ်းအသင်းကို အဝေးဂိုးစည်းမျဉ်းနဲ့ အနိုင်ရရှိပြီးတော့ ဘွန်ဒက်စ်လီဂါမှာ တင်ကျန်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါ့ကြောင့် အမှတ်ပေးဇယား အောက်ဆုံးက ဒူဆယ်ဒေါ့ဖ်နဲ့ ပက်ဒါဘွန်းတို့ကတော့ တန်းဆင်းသွားခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်