နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘရာဇီးလ်နဲ့ ကိုလံဘီယာတို့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ တောင်အမေရိကဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယနေ့ပွဲစဉ်များ

၂၀၂၀ ကမ္ဘာ့ဖလား တောင်အမေရိကဇုန် ခြေစစ်ပွဲစဉ် တွေကို ဒီနေ့မှာ ဆက်လက်ကစားခဲ့ပြီး အင်အားကြီး အသင်းနှစ်သင်း ဖြစ်တဲ့ ဘရာဇီးလ်နဲ့ ကိုလံဘီယာတို့ ဂိုးပြတ်နိုင်ပွဲတွေ ရရှိခဲ့ကြပါတယ်။

 

ဘရာဇီးလ် ၅ – ၀ ဘိုလစ်ဗီးယား

နှစ်စဉ် ကြယ်ပွင့် ကစားသမားတွေ မွေးထုတ်ထားနိုင်တဲ့ ဘရာ‌ဇီးလ်ကတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲ အဖွင့်ပွဲစဉ်မှာတင် ဘိုလစ်ဗီးယားကို ၅ဂိုးပြတ်နဲ့ အနိုင်ယူပြီး ပြိုင်ဘက်တွေ အားလုံးကို တပ်လှန့်ထားခဲ့ပြီလို့ဆိုရမှာပါ။ ဒီပွဲမှာ နေမာရဲ့ တောင်ပံတစ်လျှောက် ခြေစွမ်းပြမှုနဲ့ အတူ ဖေမီနို၊ မာကွင်ဟို၊ ကော်တင်ဟို တို့က သွင်းဂိုးတွေ ရယူပေးနိုင်ခဲ့လို့ ဂိုးပြတ်နိုင်ပွဲရခဲ့တာပါ။ နောက်ပိုင်းနှစ်တွေမှာ ကိုယ်တိုင် ဂိုးသွင်းဖို့ထက် ဂိုးဖန်တီးမှုတွေ ပိုပြီးလုပ်ထားနိုင်တဲ့ နေမာရဲ့ စွမ်းဆောင်ရည်ကောင်း တွေကို မြင်တွေ့ခဲ့ရပြီး ဂိုးပေါက်ပျောက်နေတဲ့ ဖေမီနိုအနေနဲ့လည်း ၂ဂိုးတောင်သွင်းယူနိုင် ခဲ့ပါတယ်။ ဘရာဇီးလ်ဟာ ဒီပွဲမှာ အဓိကကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး ပွဲအစ ၁၆ မိနစ် မှာတင်ပဲ ဦးဆောင် ဂိုးသွင်းယူနိုင်ခဲ့ပြီး ညာနောက်ခံလူ ဒန်နီလိုရဲ့ ဖြတ်တင်ပေးပို့မှုကနေ မာကွင်ဟို့စ်က ခေါင်းတိုက်သွင်းယူ ခဲ့တာ ဖြစ်ပါ တယ်။ ဒီပွဲမတိုင်ခင်က နောက်ကျော ဒဏ်ရာကြောင့် ပါဝင်နိုင်ဖို့ မသေချာတဲ့ နေမာအနေနဲ့ လူစာရင်းမှာ ပါလာခဲ့လို့ ဘရာဇီးလ် တိုက်စစ်အတွက် တော်တော်လေး အလုပ်ဖြစ်ခဲ့ပါတယ်။  ဒုတိယဂိုးကိုတော့ ပွဲချိန် မိနစ်၃၀မှာ ဘယ်ခြမ်းက နေမာနဲ့ လိုဒီတို့ရဲ့ တွဲလုံးတွေကနေ လိုဒီရဲ့ ချိုးပေးတဲ့ ဘောလုံးကို ဖာမီနိုက အဆုံးသတ်ပေးခဲ့ပါတယ်။ ဒုတိယဂိုးကိုတော့ ပွဲချိန် မိနစ်၃၀မှာ ဘယ်ခြမ်းက နေမာနဲ့ လိုဒီတို့ရဲ့ တွဲလုံးတွေကနေ လိုဒီရဲ့ ချိုးပေးတဲ့ ဘောလုံးကို ဖေမီနိုက အဆုံးသတ် ပေးခဲ့ပါတယ်။ ဘရာဇီးလ်တို့ တတိယဂိုးကိုတော့ ဒုတိယပိုင်းပွဲကစားချိန် ၄၉မိနစ်မှာ နေမာရဲ့ ဖန်တီပေးပို့မှုကနေတစ်ဆင့် ဖေမီနိုက သွင်းယူပြီး ဒီပွဲအတွက် သူ့ရဲ့ ဒုတိယမြောက် သွင်းဂိုးကို ရယူသွားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။  စတုတ္ထမြောက်ဂိုး ကိုတော့ ကော်တင်ဟိုရဲ့ တစ်ကိုယ်တော်အစွမ်းနဲ့ ပြိုင်ဘက်နောက်ခံလူတွေကို ကျော်ဖြတ်ပြီး ဖြတ်တင် ပေးပို့တာက တစ်ဆင့် ဘိုလီဗီးယားရဲ့နောက်ခံလူ ဂျိုဆေးကာရက်စ်ကိုက ကိုယ့်ဂိုးကို သွင်းယူမိတာခဲ့တာဖြစ်ပါတယ်။ ဒီပွဲရဲ့ နောက်ဆုံး ပိတ်ဂိုးကတော့ နေမာရဲ့ လှပတဲ့ ဖြတ်တင်ဘောကနေ ကော်တင်ဟိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ နည်းပြတီတီရဲ့ ဘရာဇီးလ်အသင်းဟာ လက်ရှိတောင်အမေရိကဇုန်မှာ အတောင့်တင်းဆုံးလူစာရင်းကို ပိုင်ဆိုင်ထားပြီး တည်ငြိမ်လာတဲ့ နေမာရဲ့ ကစားပုံကလည်း အသင်းအတွက် တော်တော်လေး အကျိုးရှိလာတာ တွေ့ရပါတယ်။ တောင်ပံတစ်လျှောက် တစ်ဖက်အသင်းကို ဖိအားပေးကစားနိုင်ပြီး အခုပွဲမှာလည်း ဖန်တီးမှု နှစ်ကြိမ်ပြုလုပ်နိုင်ခဲ့တဲ့ နေမာအနေနဲ့ အကောင်းဆုံး ကစားသမား ဆုရရှိခဲ့ပါတယ်။

 

ကိုလံဘီယာ ၃ – ၀  ဗင်နီဇွဲလား

အောက်တိုဘာလ ၁၀ရက်နေ့ရဲ့ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယပွဲစဉ်မှာတော့ ကိုလံဘီယာက အိမ်ကွင်းမှာ ဗင်နီဇွဲလားကို တစ်ဖက်သတ်ဖိအားကစားပြီး ဇာပါတာ၊ လူးဝစ်မြူနီရယ် တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့ ပါတယ်။  ကိုလံဘီယာအသင်းရဲ့ ပထမဂိုးကိုတော့ ညာတောင်ပံကကော်ရာဒိုရဲ့ ဖြတ်တင်ပေးမှုကို တိုက်စစ်မှူး ဇာပါတာ က ပိတ်သွင်းယူပေးခဲ့ပါတယ်။ ဒုတိယဂိုးကိုတော့ တောင်ပံ တိုက်စစ်ကစားသမား လူးဝစ်မူရီရယ်လ်က သွင်းယူပေးခဲ့ပြီး ပွဲချိန် ၂၅မိနစ်မှာ ဘယ်တောင်ပံကနေ ပေးပို့တဲ့ ဘောလုံးကို မူရီရယ်လ်က ပိတ်သွင်းခဲ့ပါတယ်။ အဲ့နောက်မှာ လည်း မူရီရယ်လ်ကပဲ တတိယဂိုးကို သွင်းယူ ပေးသွားခဲ့ပြီး ဂိုးသမား ကာမယ်လိုဗားဂတ်စ်ရဲ့ ပေးပို့မှုကနေ တစ်ကိုယ်တော် အစွမ်းနဲ့ တောက်လျှောက် ဆွဲပြေးပြီး လှပတဲ့ သွင်းဂိုးတစ်ဂိုးအဖြစ် သွင်းယူပေး နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

 

လာမယ့်ပွဲစဉ်များ

အခုပွဲအပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဘရာဇီးလ်၊ ကိုလံဘီယာ၊ ဥရုဂွေး၊ အာဂျင်တီးနား၊ ပါရာဂွေး၊ ပီရူးတို့ အစဉ်လိုက်ရပ်တည်နေပြီး လာမယ့်ပွဲစဉ်တွေမှာတော့ ဘိုလစ်ဗီးယားက အာဂျင်တီးနား၊ ဗင်နီဇွဲလားက ပါရာဂွေး၊ ဘရာဇီးလ်က ပီရူး၊ ကိုလံဘီယာက ချီလီနဲ့ ထိပ်တိုက် တွေ့ဆုံနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်