နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရောမမြို့မှာအထိလာပြီး အဝါရောင် ချန်ပီယံလိဂ် တံတိုင်းခတ်မယ့် ဒေါ့မန်

လာဇီယို Vs ဒေါ့မန်

အခုတစ်ပတ် ချန်ပီယံလိဂ် ပွဲစဉ်တွေထဲက နောက်ထပ် ပွဲကောင်းတစ်ပွဲဖြစ်တဲ့ အုပ်စု စ က အီတလီထိပ်သီး လာဇီယိုနဲ့ ဂျာမန်ထိပ်သီး ဒေါ့မန်တို့ရဲ့ပွဲစဉ် နဲ့ပတ်သတ်ပြီး ပွဲကြိုခန့်မှန်း သုံးသပ်ချက် တချို့ကို ကျွန်တော်များ SBOTOP ချန်ပီယံလိဂ် ပရိသတ်တွေအတွက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

၂၀၀၇-၂၀၀၈ ဘောလုံးရာသီနောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် လာဇီယိုတို့ ဥရောပ ချန်ပီယံလိဂ် မှာ ပြန်လည်ကစားခွင့်ရခဲ့တာလည်း ဖြစ်ပေမယ့် ဒေါ့မန်ကတော့ ၅နှစ်ဆက်တိုက် ချန်ပီယံလိဂ် မှာ ကစားခွင့် ရရှိထားခဲ့ပါတယ်။ လာဇီယိုတို့ ပြီးခဲ့တဲ့ ရာသီက စီးရီးအေ ချန်ပီယံ ဂျူဗင်တပ်စ် နဲ့ ၅မှတ်အကွာ အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နိုင်ခဲ့လို့ ချန်ပီယံလိဂ် ကို တိုက်ရိုက်ဝင်ခွင့် ရခဲ့တာလည်း ဖြစ်ပါတယ်။ ဒီရာသီမှာတော့ လာဇီယိုတို့ ရုံးကန်နေရပြီး စီးရီးအေ ပွဲစဉ် ၄ အပြီးမှာ ၁ပွဲနိုင်၊ ၁ပွဲသရေ၊ ၂ပွဲရှုံးပြီး ရမှတ် ၄မှတ်နဲ့ အဆင့် ၁၅ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ ဆီမြွန်နီ အင်ဇာဂီ ကိုင်တွယ်နေတဲ့ လာဇီယိုတို့ စီးရီးအေ အဖွင့်ပွဲစဉ်မှာ ကယ်ဂလီယာရီ ကို အဝေးကွင်းမှာ ၂ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး အဖွင့်လှခဲ့ပေမယ့် ဒုတိယပွဲစဉ်မှာ အဓိကပြိုင်ဘက် အတ္တလန္တာကို အိမ်ကွင်းမှာ ၁-၄ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အဲ့နောက် အင်တာမီလန်နဲ့ ထပ်မံတွေ့ဆုံခဲ့ရာမှာတော့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီး ပွဲစဉ် ၄ မှာ ရာနီယာရီ ကိုင်တွယ်နေတဲ့ ဆမ်ဒိုးရီးယားကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ထားခဲ့ ပါတယ်။ လက်ရှိခြေစွမ်းပိုင်းအရ ကြည့်မယ်ဆိုရင် လာဇီယိုတို့ အသင်းရဲ့ အမာခံကစားသမားတွေ အာလုံးကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပေမယ့် အခုအချိန်ထိတော့ နည်းပြအင်ဇာဂီအနေနဲ့ အသင်းလိုက် ကစားပုံ ဆိုးရွားနေတာကို ပြင်ဆင်နိုင်ခြင်းမရှိသေးတာ တွေ့ရပါတယ်။ မနှစ်က တစ်ရာသီလုံးသွင်းဂိုး ၃၆ဂိုးအထိ သွင်းယူပြီး စီးရီးအေနဲ့ ဥရောပရွှေဖိနပ်ဆုရှင် ဖြစ်ခဲ့တဲ့ ကိုင်ရိုအင်မိုဘီလီကတော့ ၃ပွဲကစားပြီးချိန်မှာ ၁ဂိုးသာ သွင်းယူထားနိုင်ပြီး ပုံမှန်ခြေစွမ်း ပျောက်ဆုံး နေပါတယ်။ အင်မိုဘီလီဟာ ၂၀၁၄-၂၀၁၅ ဘောလုံးရာသီက ဒေါ့မန်မှာ ၂၄ပွဲကစားပြီး ၃ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

 
ဒေါ့မန်ကတော့ လက်ရှိ ဘွန်ဒက်စ်လီဂါမှာ ၄ပွဲကစားပြီး ၃ပွဲနိုင်၊ ၁ပွဲရှုံးထားလို့ ရမှတ် ၉ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၃နေရာမှာရပ်တည်နေခဲ့ပါတယ်။ လက်ရှိ ဆွစ်ဇာလန်လူမျိုးနည်းပြ လူစီယန်ဖက်ဘရီ ကိုင်တွယ်နေတဲ့ ဒေါ့မန်မှာ ပွဲထွက်ကစားသမားအများစုဟာ လူငယ်တွေဖြစ်ပြီး တိုက်စစ်က အာလင်းဘရွတ်ဟော်လန်း နဲ့ ဂျေဒန်ဆန်ချိုဟာ အသက် ၂၀ အရွယ်သာ ရှိသေးသလို ရေနာ၊ ဂျု့ဒ်ဘယ်လင်ဂမ်နဲ့ ရိန်နီယာတို့ ဆိုရင် ၁၇ နှစ် လောက်ပဲ ရှိပါသေးတယ်။ တစ်ဖက်မှာလည်း သောမက်မြူနီယာ၊ အမ်မရီချန်၊ မာကိုရိုက်စ်၊ ဝစ်ဆဲလ်၊ ပါဆာလက်ခ်၊ ပစ်ဇက်ဇက်ဇက်ခ်၊ ဟမ်းမဲလ်၊ ဂျုလီယန်ဘရန့်တ် တို့နဲ့ အသင်းကို အချိုးကျပေါင်းစပ် တည် ဆောက် ထားနိုင်တာ တွေ့ရပါတယ်။ ပြိုင်ပွဲစုံနောက်ဆုံး ၆ပွဲမှာ ၄ပွဲအနိုင်ရပြီး ၂ပွဲရှုံးထားတယ်ဆိုပေမယ့် သွင်းဂိုး ၁၃ဂိုးရရှိထားပြီး ၅ဂိုးပြန်ပေးထားတာတွေ့ရပါတယ်။ ဒေါ့မန်တို့ ဒီရာသီမှာ အနိုင်ရခဲ့တဲ့ ပွဲတိုင်း ပေးဂိုး လုံးဝမရှိပဲ ဟော့ဖန်ဟိမ်းကို ၁ဂိုးတည်းနဲ့ အနိုင်ရခဲ့တဲ့ ပွဲကလွဲရင် ကျန်ပွဲစဉ်တွေ ပွဲမှာတော့ ၃-၀၊ ၄-၀၊ ၅-၀ ရလဒ်တွေနဲ့ အနိုင်ရထားခဲ့ပါတယ်။

ဒေါ့မန်ကတော့ ၅နှစ်ဆက်တိုက် ချန်ပီယံလိဂ်မှာ ကစားခွင့် ရရှိထားခဲ့ပါတယ်။
မနှစ်က ချန်ပီယံလိဂ် ၁၆သင်း အဆင့်ကနေ လှည့်ပြန်ခဲ့ရတဲ့ ဒေါ့မန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒီနှစ်သင်းဟာလည်း တကယ့် ပြိုင်ပွဲကြီးတွေမှာ တစ်ကြိမ်တစ်ခါမှ တွေ့ဆုံဖူးခြင်း မရှိသေးပါဘူး။ အီတလီ ကလပ် အနေနဲ့ ဒေါ့မန်ကို အိမ်ကွင်းမှာ အနိုင်ရရှိဖို့အတွက် အဓိကကစားသမား အစုံအလင်နဲ့ ပွဲထွက်လာဖို့ရှိပြီး အင်မို ဘီလီ၊ ကိုရီယာ၊ ဆာဗစ်၊ လူးကပ်စ်လိုက်ဗာ၊ အဲလ်ဘတ်တို၊ မာကိုပါရိုလို၊ ပက်ထရစ်၊ အဆာဘီ၊ ဟော့ဒ့်၊ ပတ် ထရစ်ခ်၊ စတရက်ကိုရှားတို့ကို ပွဲထွက်လူစာရင်းမှာ အသုံးပြုလာဖွယ် ရှိနေပါတယ်။ ရောမမြို့က အိုလံပစ်ကွင်းမှာ ပထမဦးဆုံး အကြိမ် အဖြစ် လာရောက်ကစားမယ့် ဒေါ့မန်မှာ အာလင်းဘရွတ် ဟော်လန်း၊ ဂျေဒန်ဆန်ချို၊ မာကို ရိုက်စ်၊ ဂွာရဲရိုး၊ ဝစ်ဆဲလ်၊ ဘယ်လင်ဂမ်၊ မြူနီယာ၊ ဒီလာနေး၊ ပစ်ဇက်ဇက်ခ်၊ ဟမ်းမဲလ်၊ ရိုမန်ဘူကီ တို့နဲ့ အိမ်ရှင်ကို ရင်ဆိုင်လာဖို့ များပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
လာဇီယို Vs ဒေါ့မန် အချိန်ပြည့် 1×2 ဧည့်သည် @ ၂.၁၄ဆ
အောက်တိုဘာလ ၂၁ ရက်, မနက်ပိုင်း ၁:၃၀ (GMT + ၆:၃၀)

1×2ရဲ့ ပေါက်ကြေးအရ အိမ်ရှင်ဘက်က ၃.၄၀ဆ၊ ဧည့်သည်ဘက်က ၂.၁၄ ဆနဲ့ သရေအတွက် ၃.၂၅ဆ ကြေးဖွင့်ထားပါတယ်။ ဒီရာသီ ခြေစွမ်းအရ ကြည့်မယ်ဆိုရင်တော့ ဒေါ့မန်ကိုပဲ ပိုကြိုက်ပါတယ်။ လာဇီယိုရဲ့ ဒီနှစ်ကစားပုံက မနှစ်တုန်းကလို ပုံစံမျိုးမဟုတ်တော့ပဲ ကစားသမားတွေအာရုံစူးစိုက်မှု လျော့ကျနေလို့ အခွင့်အရေး တော်တော်များများ ဆုံးရှုံးထားရပါတယ်။ ဒါ့ကြောင့် ဒီပွဲမှာလည်း ဂိုးသွင်းစက်ပါလာဦးမယ့် ဧည့်သည် ဒေါ့မန်ဘက်ကပဲ ရပ်တည်ချင်ပါတယ်။ ဒေါ့မန် အနိုင်မဟုတ်ရင် သရေကျဖို့ ရာခိုင်နှုန်း များပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်