နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မော်စကိုက ချန်ပီယံလိဂ်ညမှာ ဂိုးသွင်းလေ့ကျင့်ပြီး အနိုင် ၃မှတ် ယူမယ့် ဘေယန်မြူးနစ်

လိုကိုမိုးတစ်ဗ်မော်စကို vs ဘေယန်မြူးနစ်

အောက်တိုဘာလ ၂၈ ရက်နေ့ မနက်အစောပိုင်းမှာတော့ ချန်ပီယံလိဂ်အုပ်စုအဆင့် ပွဲစဉ် ၂ ရဲ့ပွဲကောင်းတွေ ဆက်လက် ယှဉ်ပြိုင်ကစားသွားဖို့ ရှိနေပြီး လက်ရှိချန်ပီယံ ဘေယန်မြူးနစ်ကတော့ ရုရှားကလပ် လိုကိုမိုးတစ်ဗ် မော်စကိုရဲ့ ကွင်းမှာ သွား ရောက် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့အကောင်းဆုံးကလပ် နဲ့ ဥရောပပြိုင်ပွဲအတွေ့အကြုံ နုနယ်သေးတဲ့ ရုရှားကလပ်တို့ရဲ့ ပွဲစဉ်ဖြစ်လို့ တစ်ဖက်သတ်ဆန်ပြီး ထုံးစံအတိုင်း ဂျာမန်ဘီလူးတွေပဲ ဂိုးပြတ်နိုင်ရပွဲရဖို့ သေချာနေတဲ့ပွဲလို့ ဆိုရင်လည်း မမှားပါဘူး။

အိမ်ရှင် လိုကိုမိုးတစ်ဗ် မော်စကို အနေနဲ့ အသင်းရဲ့ သမိုင်းတစ်လျှောက်မှာ ဥရောပ ချန်ပီယံလိဂ်ကို ၃ ကြိမ်မြောက် ဝင်ရောက် ယှဉ်ပြိုင် ကစားခွင့်ရ ခဲ့တာဖြစ်ပါတယ်။ ၂၀၁၇-၂၀၁၈ ရုရှားပရီးမီးယားလိဂ် ဆွတ်ခူးနိုင်ခဲ့တဲ့ လိုကိုမိုးတစ်ဗစ် မောင်စကို ကတော့ မနှစ်လည်း အမှတ်ပေးဇယား အဆင့် ၂ နေရာကနေ ရာသီသိမ်းခဲ့လို့ ချန်ပီယံလိဂ်ကို ၂ နှစ် ဆက်တိုက် ကစားခွင့် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိ လိုကိုမိုးတစ်ဗ်မော်စကိုရဲ့ ခြေစွမ်းပိုင်းကို ကြည့်မယ်ဆိုရင် ခြေစွမ်းပိုင်း မဆိုး ဘူးလို့ ပြောလို့ရပေမယ့် အဓိကကစားသမားတွေ ဒီပွဲမှာလည်း ကျိန်းသေပေါက် လွဲချော်မှာ ဖြစ်လို့ မျှော်လင့်ချက်တော့ သိပ်မရှိပါဘူး။ ပြီးခဲ့တဲ့ တစ်ပတ်က ကစားခဲ့တဲ့ အဖွင့်ပွဲစဉ်မှာ ရက်ဘူးလ် ဆဲလ်စ်ဘာဂ် ကို ၂-၂ နဲ့ သရေကျထားပြီး နောက်ဆုံးကစားထားတဲ့ အမှတ်ပေးပွဲစဉ်မှာတော့ ရော့တ်တာ ဗိုလ်ဂိုဂရက်ဒ် ကို အိမ်ကွင်းမှာ အရေးနိမ့်ထားပါတယ်။ ရုရှား ပရီးမီးယားလိဂ်မှာတော့ ၆ပွဲကစားပြီး ၆ ပွဲနိုင်၊ ၃ပွဲသရေ၊ ၃ပွဲရှုံးပြီး ရမှတ် ၂၁ မှတ်နဲ့ ထိပ်ဆုံးက စပါးတပ်စ်မော်စကိုနဲ့ ၆ မှတ် အကွာ အဆင့် ၄နေရာမှာ ရပ်တည်နေပါတယ်။

၂၀၂၀ ခုနှစ်အတွင်း ချန်ပီယံလိဂ် အပါအဝင်၊ ဘွန်ဒက်စ်လီဂါ၊ ဂျာမန်ပိုကယ် ဖလား၊ ယူအီးအက်ဖ်အေ စူပါဖလား၊ ဂျာမန်စူပါဖလား တို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး
ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၁မှာ အက်သလက်တီကို မက်ဒရစ်ကို ၄ဂိုးပြတ်အနိုင်ရထားတဲ့ ဘေယန်မြူးနစ်

ဘေယန်မြူးနစ်တို့အတွက် ၂၀၂၀ ခုနှစ် ကတော့ သမိုင်းမှာ ဘယ်တော့မှကို မေ့ပစ်လို့ရမှာ မဟုတ်ပါဘူး။ ဘယ်လို အသင်း မျိုးကမှ မတင်နိုင်ခဲ့တဲ့အပြင် နောက်ထပ်တင်ဖို့ ခက်ခဲလွန်းတဲ့ စံချိန်တွေကိုပါ ရိုက်ချိုးပြထားခဲ့တာပါ။ ဘေယန်တို့ရဲ့ ဥရောပ ဘောလုံး ဘုရင်ဘွဲ့ခံယူပုံက တော်တော်လေးကို ညှတာမှုကင်းမဲ့ခဲ့တယ် အားလုံးသိပြီးဖြစ်မှာပါ။ ဘာစီလိုနာလို စပိန်ထိပ်သီး ကိုတောင် ၈-၂ နဲ့ အနိုင်ယူခဲ့သလို  ၂၀၂၀ ခုနှစ်အတွင်း  ချန်ပီယံလိဂ် အပါအဝင်၊ ဘွန်ဒက်စ်လီဂါ၊ ဂျာမန်ပိုကယ် ဖလား၊ ယူအီးအက်ဖ်အေ စူပါဖလား၊ ဂျာမန်စူပါဖလား တို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး တစ်ရာသီတည်း ဖလား ၅လုံး ရရှိထားခဲ့ပါတယ်။ ပါဝင်ယှဉ်ပြိုင် ကစား ခဲ့တဲ့ ပြိုင်ပွဲအားလုံးမှာ ချန်ပီယံဆုတွေ ရယူနိုင်ခဲ့တာ ဖြစ်ပြီး ဒါဟာ သမိုင်းမှာ ရခဲတဲ့ ကလပ် အသင်း တစ်သင်းရဲ့ စံချိန်တင် အောင်မြင်မှုလည်း ဖြစ်ပါတယ်။ ဘေယန်မြူးနစ်ရဲ့ စံချိန်ကို ဘယ်အသင်း ကမှ လိုက်မှီဖို့ မဖြစ်နိုင်ပါ ဘူး။ နောက်ပြီး မနှစ်က ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်က စလို့ နောက်ဆုံးဗိုလ်လုပွဲအထိ ပွဲစဉ်အားလုံးကို အနိုင်ရရှိပြီး အခုချိန်အထိလည်း နိုင်ပွဲဆက်နေတုန်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၂မှာ ဟော့ဖန်ဟိမ်းကို အံ့အား သင့်စရာ‌ ကောင်းလောက်အောင် ခြေချော်ပြီး ၄-၁ နဲ့ အရေးနိမ့်ခဲ့ရတဲ့ ပွဲကလွဲရင် ကျန်ပွဲတွေ အကုန်လုံးကို အနိုင်ရ ထားတာပါ။ နည်းပြ ဟန်ဆီဖလစ်ခ် နဲ့ အတူအောင်မြင်မှုတွေ ရရှိခဲ့တဲ့ ဘေယန်မြူးနစ်ကတော့ ဒီနှစ်မှာ သရဖူ ကာကွယ်ရမှာ ဖြစ်လို့ ပွဲတိုင်းကို အာရုံစိုက်ကစား နေတယ် ဆိုတာ သိသာပါတယ်။ အခုတစ်ကြိမ်မှာသာ ချန်ပီယံလိဂ်ဘွဲ့ကို ကာကွယ်နိုင်ခဲ့မယ်ဆိုရင် အေစီမီလန်ရဲ့ စံချိန်ကိုပါ လိုက်မှီနိုင်မှာ ဖြစ်လို့ နည်းပြဟန်ဆီဖလစ်ခ်ရဲ့ ဘေယန်မြူးနစ်တို့ အမှားလုံးဝခံမှာ မဟုတ်ပါဘူး။ တောင်ပံက ကင်းစလေ ကိုမန် ခြေစွမ်းပြနေတဲ့ အပြင် ရောဘတ်လီဝန်ဒေါစကီး ဟာလည်း ဂိုးတွေ ဆက်တိုက်သွင်းပေးနေလို့ ဘေယန်မြူးနစ်တို့ ရုရှား မြေမှာ သက်တောင့်သက်သာ အနိုင်ရသွားမယ့် ပွဲဖြစ်ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဘေယန်မြူးနစ်နဲ့ လိုကိုမိုးတစ်ဗ် မော်စကို တို့ ဥရောပ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် နှစ်ကြိမ်သာ တွေ့ဆုံထားခဲ့ပြီး တော့ တစ်ကြိမ်စီ အနိုင်ရထားခဲ့ပါတယ်။ ဘေယန်မြူးနစ်ကတော့ လိုကိုမိုးတစ်ဗ်မော်စကိုနဲ့ ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာ ၅ဂိုးသွင်းယူထားနိုင်တဲ့ အတွက်ကြောင့် အခုပွဲမှာလည်း ဂိုးတွေထပ်သွင်းမှာ သေချာသလောက် ရှိနေပါတယ်။ အဲ့ထက် ပိုပြီး သေချာတာက တိုက်စစ်မှူးကောင်းတွေ ပိုင်ဆိုင်ထားတဲ့  ဘေယန်မြူးနစ်ကို ရင်ဆိုင်မယ့် ရုရှားကလပ်မှာ ကွင်းလယ်နဲ့ နောက်တန်းက အဓိကကစားသမားတွေ ဒဏ်ရာရနေလို့ သွင်းဂိုးတွေ ထိုင်ပြီးရေတွက်ရမယ့် အခြေအနေမှာ ရှိပါတယ်။ လိုကိုမိုးတစ်ဗ်မော်စကို မှာ ဘိုရစ် ရော့တ်တန်းဂ်ဘာဂ့်၊ ဒီမီထရီ ဘာရီနော့ဗ်၊ မီခေးလ် လိုင်ဆော့ဗ်နဲ့ ဗလာဒီလက်ဗ် အစ်ဂ်နတ်ဂျက်ဗ်တို့ ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။ ဘေယန်မြူးနစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရလို့ တောင်ပံ ကစားသမား ဂနာဘရီ ပါဝင်ကစားနိုင်ဖို့မရှိသလို နောက်တန်းက အဲလ်ဖွန်ဆို ဒေးဗီးစ်လည်း ခြေချင်းဝတ်ဒဏ်ရာကြောင့် အခုပွဲကို လွဲချော်မှာဖြစ်ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
လိုကိုမိုးတစ်ဗ်မော်စကို vs ဘေယန်မြူးနစ် အချိန်ပြည့် 1X2 ဧည့်သည် @ 1.15
အောက်တိုဘာလ ၂၈ ရက်, မနက်ပိုင်း ၁၂:၂၅ နာရီ (GMT + ၆:၃၀)

1X2ရဲ့ ပေါက်ကြေးအရ အိမ်ရှင်ဘက်က ၁၂.၅၀ဆ၊ ဧည့်သည်ဘက်က ၁.၁၅ ဆနဲ့ သရေအတွက် ၈.၅၀ဆ ကြေးဖွင့်ထားပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းအရဆိုရင် ဘေယန်မြူးနစ်ကို ယှဉ်နိုင်မယ့် အသင်းဆိုတာ ခက်ရှားရှားပါ။ ပြီးခဲ့တဲ့ ပွဲမှာ အက်သလက်တီကိုမက်ဒရစ်လို အသင်းကိုတောင် ၄ဂိုးပြတ်နဲ့အနိုင်ယူထားတာမို့လို့ အသင်းကြီးတွေတောင် ဂိုးပြတ် မရှုံးဖို့ သတိထား ကစားနေရတဲ့ အသင်းဖြစ်ပါတယ်။ အိမ်ရှင်အတွက်ကတော့ စိတ်မကောင်းစရာပါပဲ။ မော်စကို မြို့မှာ လက်ရှိ ချန်ပီယံ ဘေယန်မြူးနစ် ဂိုးမိုးရွာပြီး အနိုင်၃ မှတ်အရယူမယ့်ပွဲပါ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်