နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘာစီလိုနာ ဗိုလ်လုပွဲ တက်သွားပါလိမ့်မယ် – စပိန်စူပါဖလား ပွဲကြိုသုံးသပ်ချက်

ရီးရဲယ်ဆိုစီဒက် vs ဘာစီလိုနာ

လာမယ့် ဇန်နဝါရီလ ၁၄ ရက်နေ့ မြန်မာစံတော်ချိန် မနက်အစောပိုင်းမှာ စပိန်စူပါဖလား ဆီမီးဖိုင်နယ် ပွဲစဉ်ရှိနေပြီး ရီးရဲယ်ဆိုစီဒက်နဲ့ ဘာစီလိုနာတို့ ကစားကြမှာပါ။ စပိန်စူပါဖလား ပွဲစဉ်ကို ပြီးခဲ့တဲ့နှစ်ကစပြီး ပုံစံသစ်နဲ့ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် စပိန်လာလီဂါမှာ အဆင့် ၁ နဲ့၂ ရခဲ့တဲ့ ရီးရဲယ်မက်ဒရစ်နဲ့ ဘာစီလိုနာ၊ စပိန်ကိုပါဒယ်ရေး ဗိုလ်လုပွဲ တက်ခဲ့တဲ့ ရီးရဲယ်ဆိုစီဒက်နဲ့ ဘီလ်ဘာအို အသင်းတို့ ၄ သင်းဟာ ဆီမီးဖိုင်နယ် အဆင့်ကနေ စတင်ယှဉ်ပြိုင်ရမှာလည်း ဖြစ်ပါတယ်။

ရီးရဲယ်ဆိုစီဒက်တို့ရဲ့ ရာသီအစက ခြေစွမ်း ပျောက်ဆုံးသွားခဲ့ပါပြီ။ အသင်းလိုက်ကစားပုံ ဟန်ချက်ပျက်နေသလို ကစားသမားတွေလည်း ယုံကြည်မှု ကင်းမဲ့နေလို့ ရလဒ်တွေ တောက်လျောက်ဆိုးရွားနေခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၂ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရှိထားပြီး ၇ ပွဲရှုံးသရေကျပြီး ၄ ပွဲရှုံးနိမ့်ထားပါတယ်။ ဆိုစီဒက်တို့ ကာဒစ်ဇ်ကို အနိုင်ရခဲ့တဲ့ ပွဲအထိ အထင်ကြီးစရာ ခြေစွမ်းမျိုးရှိခဲ့ပေမယ့် တဖြေးဖြေးနဲ့ သရေပွဲတွေ များလာပြီး နောက်ဆုံးမှာ ရှုံးပွဲတွေပါ ဆက်လာခဲ့တာ‌ တွေ့ရပါတယ်။ လာလီဂါမှာလည်း အမှတ်ပေးဇယားထိပ်ဆုံးကနေ ပြုတ်ကျလာခဲ့ပြီး အခုဆိုရင် ပွဲပိုတွေ ကစားပြီး အဆင့် ၅ နေရာအထိပါ ရောက်လာခဲ့ပါပြီ။ အသင်းရဲ့ အဓိကဝါရင့်ကွင်းလယ်လူ ဒါးဗစ်ဆေးလ်ဗား ဒဏ်ရာ ရသွားခဲ့တာကလည်း ဆိုစီဒက်တို့ ခြေစွမ်းကျဆင်းဖို့ အကြောင်းအရင်းတစ်ခု ဖြစ်ခဲ့ပြီး အခုပွဲမှာလည်း ပါဝင်ကစားနိုင်ဖို့ မရှိပါဘူး။ လက်တလော ဒါးဗစ်ဆေးလ်ဗား အပြင် ပက်ချီကို၊ ဆန်ဂါလီ၊ မိုရာ၊ ဆိုလာတို့ ဒဏ်ရာပြသနာတွေကြောင့် အခုပွဲစဉ်ကို လွဲချော်ဖို့ ရှိနေပါတယ်။ ရီးရဲယ်ဆိုစီဒက်တို့ စပိန်စူပါဖလား မှာ ၁၉၈၂ ခုနှစ်က တစ်ကြိမ်သာ ဗိုလ်စွဲထားခဲ့ ပါတယ်။

ရီးရဲယ်ဆိုစီဒက်တို့ စပိန်စူပါဖလားမှာ ၁၉၈၂ ခုနှစ်က တစ်ကြိမ်သာ ဗိုလ်စွဲထားခဲ့ ပါတယ်။
နောက်ပိုင်းကစားတဲ့ လာလီဂါပွဲစဉ်တွေမှာ ခြေစွမ်းကျဆင်းနေတဲ့ ရီးရဲယ်ဆိုစီဒက်

ဘာစီလိုနာကတော့ ရာသီအစမှာ အသင်းရဲ့ ဘဏ္ဏာရေးပြသနာတွေအပြင် အဓိကကစားသမားတွေ မရှိတော့တာနဲ့ နည်းပြသစ် ရော်နယ်ကိုးမန်းရဲ့ နည်းစနစ်ပိုင်း အပြောင်းအလဲတွေ အောက်မှာ ရုန်းကန်ခဲ့ရပေမယ့် လက်ရှိမှာတော့ ပုံစံကောင်းပြန်ရနေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၈ ပွဲဆက် ရှုံးပွဲမရှိပဲ ၂ ပွဲသရေကျကာ ၆ ပွဲအထိ အနိုင်ရထားပါတယ်။ လက်ရှိမှာ တိုက်စစ်မှူး မက်ဆီ ဂိုးပြန်မြူးနေပြီး နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ ၆ ဂိုးသွင်းပြီး ဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားတာ တွေ့ရပါတယ်။ အခုပွဲမှာ ခံစစ်က ဂျရတ်ပီကေး ဒဏ်ရာကြောင့် ပါဝင်လာနိုင်ဦးမှာ မဟုတ်ပဲ အန်ဆုဖာတီ၊ ကော်တင်ဟို၊ ဆာဂျီ ရော်ဘတ်တိုတို့ လွဲချော်ဖို့ ရှိနေပါတယ်။ စပိန်စူပါဖလား မှာတော့ ဘာစီလိုနာတို့ ၁၃ ကြိမ်အထိ ဗိုလ်စွဲထားခဲ့ပြီး ပြိုင်ပွဲ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အသင်းတစ်သင်း အဖြစ်ရပ်တည်နေပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ရီးရဲယ်ဆိုစီဒက်နဲ့ ဘာစီလိုနာတို့ သမိုင်းတစ်လျှောက် ၄၁ ကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ဘာစီလိုနာက ၂၈ ကြိမ်အထိ အနိုင်ရထားခဲ့ပါတယ်။ ဆိုစီဒက်တို့ကတော့ ၇ ကြိမ်သာ ပြန်လည်အနိုင်ရထားပြီး နောက်ဆုံးတွေ့ဆုံမှု ၁၀ ကြိမ်မှာ ဘာစီလိုနာက ၉ ကြိမ်နိုင်ပြီး ၁ပွဲပဲ သရေကျထားပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဘာစီလိုနာ vs ရီးယဲလ် ဆိုစီဒက် 1X2 ဘာစီလိုနာ @ 1.66
ဇန်နဝါရီလ ၁၄ ရက်, ည ၂:၃၀နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၄.၅၀ဆ နဲ့ ဧည့်သည်အသင်းအတွက် ၁.၆၅ဆ ကြေးဖွင့်ပြီး သရေ အတွက်  ၄.၃၃ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ဘာစီလိုနာတို့ နောက်ပိုင်းပွဲစဉ်တွေမှာ မက်ဆီရဲ့ ခြေစွမ်းပြမှုနဲ့ အတူ တောက်လျောက် နိုင်ပွဲဆက်နေပြီး ဆိုစီဒက်ကတော့ ရှုံးပွဲတွေနဲ့ လုံးပန်းနေရပါတယ်။ တွေ့ဆုံမှုတိုင်းမှာလည်း  ဆိုစီဒက်တို့ ဘာစီလိုနာကို အရှုံးပေးခဲ့ရလို့ အခုပွဲမှာလည်း အစဉ်အလာကို ချိုးဖျက်ဖို့ ခက်ဦးမှာပါ။ ဘာစီလိုနာတို့ အနိုင်သေချာပါတယ်။ ဂိုးလည်းပြတ်ပါလိမ့်မယ်။ ခန့်မှန်းရလဒ် ၁-၃ ပါ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်