နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၂၀၂၁ ခုနှစ် အတွက် ကမ္ဘာ့အချမ်းသာဆုံး ကလပ်အဖြစ် လာလီဂါ ထိပ်သီး ဘာစီလိုနာ သတ်မှတ်ခံရ

အခုတစ်ခါမှာတော့ SBOTOP ပရိသတ်တွေ ကမ္ဘာပေါ်က အချမ်းသာဆုံး ဘောလုံးအသင်း ၁၀ သင်း အကြောင်းကို ဖော်ပြပေးသွားမှာပါ။ မကြာသေးတဲ့ အချိန်က ဒဲလ်လွိုက် (Deloitte)လို့ ခေါ်တဲ့ နာမည်ကျော် စိစစ်လေ့လာရေးအဖွဲ့ဟာ ကမ္ဘာပေါ်က အချမ်းသာဆုံး ဘောလုံး အသင်းတွေရဲ့ ကြွယ်ဝမှုတွေကို စစ်တမ်းပြုလုပ်ပြီး ဖော်ပြခဲ့ပါတယ်။ ထူးခြားချက် ကတော့ ဒီစာရင်းထဲမှာ ပါဝင်နေတဲ့ အသင်း ၂၀ လုံးဟာ ဥရောပ အခြေစိုက်ကလပ်တွေ ဖြစ်နေတာပါ။ ဒီအသင်း အားလုံးရဲ့ ကြွယ်ဝချမ်းသာမှု စုစုပေါင်းဟာ ယူရို ၈.၂ ဘီလီယံ ရှိပြီး မနှစ်ကထက်တော့ ၁၂ ရာခိုင်နှုန်း လျော့နည်းသွားတယ်လို့ သိရပါတယ်။ ဒါကလည်း တခြားကြောင့် မဟုတ်ပဲ ကိုဗစ် ၁၉ ကြောင့် ဖြစ်ပြီး ရုပ်သံလွှင့််ခွင့် အပါဝင် အဘက်ဘက်က ဝင်ငွေတွေ ကျဆင်းခဲ့တယ်လို့ ဖော်ပြပါတယ်။ ထိပ်ဆုံးနေရာမှာတော့ လာလီဂါ ထိပ်သီး နှစ်သင်းက ဦးဆောင်နေပြီး ဒီစာရင်းထဲမှာ ပရီးမီးယားလိဂ် အသင်း ၇ သင်းအထိ ပါဝင်နေခဲ့ပါတယ်။
 

၁။ ဘာစီလိုနာ (ယူရို ၇၁၅.၁ သန်း)

လာလီဂါ ထိပ်သီးဟာ ဟာ ကိုဗစ် ၁၉ ကြောင့် ဘဏ္ဍာရေး ကြပ်တည်းမှု ဒဏ်ကို တော်တော်လေး ခံစားခဲ့ရပေမယ့် လက်ရှိအချိန်ထိတော့ ကမ္ဘာ့အချမ်းသာဆုံး ကလပ်အဖြစ် ထိပ်ဆုံးက ရပ်တည်နေဆဲပါ။ အသင်းမှာရှိတဲ့ နာမည်ကြီး ကစားသမားတွေကို လုပ်ခလစာ မပေးချေနိုင်တာကြောင့် အသင်းကနေ ထွက်ခွာခွင့် ပြုခဲ့ရတဲ့ အထိ အခြေအနေ ဆိုးရွားခဲ့ပြီး လက်ရှိ အချိန်ထိလည်း ဖြေရှင်းနေရဆဲ ဖြစ်ပါတယ်။ ဥက္ကဌ ဘာတိုမြူအပါအဝင် ဘုတ်အဖွဲ့ဝင် တော်တော်များများ နှုတ်ထွက်သွားခဲပြီး မကြာသေးခင်ကမှ ဥက္ကဌ အသစ် တစ်မြှောက်ခဲ့ပါတယ်။ ဒဲလ်လွိုက်ရဲ့ ဖော်ပြမှုအရ ဆိုရင် ဘာစီလိုနာရဲ့ ကြွယ်ဝမှုဟာ ယူရို ၇၁၅.၁ သန်း အထိ ရှိတယ်လို့ သိရပါတယ်။
 

၂။ ရီးရဲယ်မက်ဒရစ် (ယူရို ၇၁၄.၉ သန်း)

ဘာစီလိုနာရဲ့ နောက်မှာတော့ လာလီဂါ ပြိုင်ဘက် ရီးရဲယ်မက်ဒရစ်က ကြွယ်ဝချမ်းသာမှု ယူရို ၇၁၄.၉ သန်းနဲ့ ရပ်တည်နေပါတယ်။
ကြယ်စင်စု စီမံကိန်းကို ရပ်ပြီး လူငယ်တွေနဲ့ သွေးသစ်လောင်းထားတဲ့ ရီးရဲယ်မက်ဒရစ်

ဘာစီလိုနာရဲ့ နောက်မှာတော့ လာလီဂါ ပြိုင်ဘက် ရီးရဲယ်မက်ဒရစ်က ကြွယ်ဝချမ်းသာမှု ယူရို ၇၁၄.၉ သန်းနဲ့ ရပ်တည်နေပါတယ်။ ပိုင်ဆိုင်တဲ့ ဘောလုံးကွင်းရဲ့ တန်ကြေးအရ ဘာစီလိုနာ ရဲ့ နောက်မှာ ရပ်တည်နေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ရီးရဲယ်မက်ဒရစ် ဟာ ဘာစီလိုနာ လောက် ဘဏ္ဍာရေး ပြသနာ သိပ်မရှိခဲ့ပေမယ့် ဒီနှစ်ပိုင်းအတွင်း နာမည်ကျော် ကစားသမားတွေကို အရင်လို ငွေပုံအောပေးပြီး ခေါ်ယူမှုတွေ မပြုလုပ်တော့ပဲ လူငယ်ကစားသမားတွေနဲ့ အသင်းကို တည်ဆောက်နေတာ တွေ့ရပါတယ်။
 

၃။ ဘေယန်မြူးနစ် (ယူရို ၆၃၄.၁ သန်း)

တတိယနေရာမှာတော့ ဂျာမန်ထိပ်သီး ဘေယန်မြူးနစ် ရပ်တည်နေပြီး အရင်က မန်ချက်စတာယူနိုက်တက် ရပ်တည်ခဲ့တဲ့ နေရာကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ်တို့ ဒီနှစ်ပိုင်းထဲ ပါဝင်ယှဉ်ပြိုင်သမျှ ပြိုင်ပွဲအားလုံး နီးပါးမှာ ဗိုလ်စွဲခဲ့တာကြောင့် ကြွယ်ဝချမ်းသာမှုလည်း ထိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့အကောင်းဆုံး ကစားသမား တော်တော်များများကို ပိုင်ဆိုင်ထားတာကြောင့် ဘေယန်မြူးနစ်အသင်းရဲ့ ကြွယ်ဝမှုဟာ အချိန်တိုတွင်း မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
 

၄။ မန်ချက်စတာယူနိုက်တက် (ယူရို ၅၈၀.၄ သန်း)

နည်းပြကြီး ဖာဂူဆန် အနားယူသွားပြီး နောက်ပိုင်း အောင်မြင်မှုတွေနဲ့ ဝေးကွာနေတဲ့ မန်ချက်စတာယူနိုက်တက် ကတော့ ကြွယ်ဝချမ်းသာမှုလည်း ကျဆင်းခဲ့ပါတယ်။ အဓိကကတော့ ချန်ပီယံလိဂ် ပြိုင်ပွဲကို နှစ်တိုင်း ကစားခွင့်မရတာကြောင့် ဖြစ်ပြီး ဆုဖလား အောင်မြင်မှုလည်း သိပ်မရှိတော့တာလို့ အဆင့် ၄ နေရာကို ဆင်းပေးခဲ့ရတာ ဖြစ်ပါတယ်။
 

၅။ လစ်ဗာပူးလ် (ယူရို ၅၅၈.၆ သန်း)

ပရီးမီးယားလိဂ် ဖလားကို နှစ်ပေါင်း ၃၀ အကြာမှာ ပြန်လည် ကိုင်မြှောက်နိုင်ခဲ့ပြီး ဥရောပချန်ပီယံဆု အပါအဝင် ဖီဖာ ကလပ်ကမ္ဘာ့ဖလား တို့မှာ ဗိုလ်ဆွဲခဲ့တဲ့ လစ်ဗာပူးလ်တို့ ဒီနှစ်ပိုင်းမှာ အမြတ်အစွန်း တော်တော်လေး ရခဲ့ပြီး ကစားသမားတွေရဲ့ တန်ကြေးဟာလည်း ထိုးတက်လာတာကြောင့် ကြွယ်ဝချမ်းသာမှုဟာ ယူရို ၅၅၈.၆ သန်းအထိ ရှိလာပါတယ်။ လစ်ဗာပူးလ်ဟာ မန်ချက်စတာယူနိုက်တက် ပြီးရင် အင်္ဂလန်ရဲ့ ဒုတိယမြောက် အချမ်းသာဆုံး ကလပ်လည်း ဖြစ်ပါတယ်။

၆။ မန်ချက်စတာစီးတီး (ယူရို ၅၄၉.၂ သန်း)

၇။ ပီအက်စ်ဂျီ (ယူရို ၅၄၀.၆ သန်း)

၈။ ချဲလ်ဆီး (ယူရို ၄၆၉.၇ သန်း)

၉။ တော့တင်ဟမ်ဟော့စပါး (ယူရို ၄၄၅.၇ သန်း)

၁၀။ ဂျူဗင်တပ်စ် (ယူရို ၃၉၇.၉ သန်း)

၁၁။ အာဆင်နယ် (ယူရို ၃၈၈ သန်း)

၁၂။ ဒေါ့မန် (ယူရို ၃၆၅.၇ သန်း)

၁၃။ အက်တလက်တီကို မက်ဒရစ် (ယူရို ၃၃၁.၈ သန်း)

၁၄။ အင်တာမီလန် (ယူရို ၂၉၁.၅ သန်း)

၁၅။ ဇင်းနစ် (ယူရို ၂၃၆.၅ သန်း)

၁၆။ ရှော်ကီ (ယူရို ၂၂၂.၈ သန်း)

၁၇။ အဲဗာတန် (ယူရို ၂၁၂ သန်း)

၁၈။ လိုင်ယွန် (ယူရို ၁၈၀.၇ သန်း)

၁၉။ နာပိုလီ (ယူရို ၁၇၆.၃ သန်း)

၂၀။ ဖရန့်ဖတ် (ယူရို ၁၇၄ သန်း)
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်