နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၁၂ မိနစ်၊ ၄ ဂိုး၊ ၃၀ ကြိမ်မြောက် ချန်ပီယံ ဘာစီလိုနာ – ကိုပါဒယ်ရေး ဗိုလ်လုပွဲပြီးသုံးသပ်ချက်

ဘီလ်ဘာအို ၀ – ၄ ဘာစီလိုနာ

၂၀၂၀-၂၀၂၁ ခုနှစ်အတွက် စပိန် ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲစဉ် ကတော့ မနေ့ကညက ဆီဗီလာအသင်းရဲ့ ကွင်းမှာ ယှဉ်ပြိုင်ကစားသွားခဲ့ပြီး  ဘာစီလိုနာက အက်သလက်တစ် ဘီလ်ဘာအိုကို ဒုတိယပိုင်းမှာ ၁၂ မိနစ်အတွင်း သွင်းယူခဲ့တဲ့ ဂိုးတွေနဲ့အတူ ၀-၄ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဘီလ်ဘာအို အတွက် ၂ ပတ် အတွင်း ကိုပါဒယ်ရေး ဗိုလ်လုပွဲ ၂ ကြိမ် ကစားခွင့်ရခဲ့တာ ဖြစ်ပေမယ့် ၂ ကြိမ်စလုံးမှာ ရှုံးနိမ့်ခဲ့လို့ ဆုဖလားနဲ့ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာကတော့ ပြိုင်ပွဲသမိုင်းတစ်လျောက် အအောင်မြင်ဆုံး အသင်းအဖြစ် အကြိမ် ၃၀ မြောက် ချန်ပီယံဆုကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာ နည်းပြ ရော်နယ်ကိုးမန်း အတွက် ကိုပါဒယ်ရေး ဟာ ဘာစီလိုနာနဲ့ ပထမဦးဆုံး ဆုဖလား ဖြစ်ခဲ့သလို ဖလားလက်မဲ့ ရာသီကိုလည်း အဆုံးသတ်နိုင်ခဲ့ ပါတယ်။
ဘာစီလိုနာအတွက် ဖလားလက်မဲ့ ရာသီကို ရပ်တန့်ပေးနိုင်ခဲ့တဲ့ ရော်နယ်ကိုးမန်း

ဒီနေ့ပွဲမှာ ဘာစီလိုနာ ရဲ့ တိုက်စစ်မှာ မက်ဆီနဲ့ ဂရစ်ဇ်မန်းကို အထောင်ထားပြီး ကွင်းလယ်မှာ ပက်ဒရီ၊ ဘူးစကွက်စ်၊ ဖရန်ကီဒီယောင် တို့ကိုထားပြီး တောင်ပံနှစ်ဖက်မှာ အဲလ်ဘာနဲ့ ဒက်စ်၊ နောက်တန်းမှာတော့ လန်းဂ်လတ်၊ ပီကေးနဲ့ မီဂူအီဇာဂိုးမှာတော့ တာစတီဂန် တို့ ပါဝင်ကစားခဲ့ပါတယ်။ ဘီလ်ဘာအိုဘက်မှာလည်း ရာအူးလ်ဂါစီယာ၊ လိုပက်ဇ်၊ အဲလ်ဗာရက်ဇ်၊ မူနီယန်၊ ဆီမွန်တို့လို ကစားသမားတွေ ပါဝင်လာခဲ့ပါတယ်။ ပွဲစတာနဲ့ ဘာစီလိုနာတို့ ဘီလ်ဘာအိုဘက်ကို တရစပ်ထိုးဖောက် တိုက်စစ်ဆင်ခဲ့ပေမယ့် တိုက်စစ်မှူးတွေရဲ့ အဆုံးသတ်ပိုင်း လိုအပ်ချက်တွေကြောင့် ပထမပိုင်း အပြီးမှာ ဂိုးမရှိသရေ ဖြစ်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဘီလ်ဘာအိုတို့ ဘာစီလိုနာရဲ့ တိုက်စစ်ကို အကောင်းဆုံး ပိတ်ဆို့နေတဲ့ ကြားက ပွဲချိန် မိနစ် ၆၀ မှာ ဦးဆောင်ဂိုး စတင်ပေးခဲ့ရပါတယ်။ ဒီဂိုးကိုတော့ ဒီယောင်ရဲ့ ဖန်တီးပေးပို့မှုကနေ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ၃ မိနစ်အကြာမှာ အဲလ်ဘာရဲ့ ပေးပို့မှုကနေ ဒီယောင်၊ ၆၈ မိနစ်မှာ‌တော့ ဒီယောင်ရဲ့ ဖန်တီးမှုကနေ မက်ဆီ၊ ၇၂ မိနစ်မှာလည်း အဲလ်ဘာရဲ့ ပေးပို့မှုကနေ မက်ဆီကပဲ စတုတ္ထဂိုး သွင်းပေးခဲ့လို့ ဘာစီလိုနာတို့ ၁၂ မိနစ်အတွင်း သွင်းဂိုး ၄ ဂိုးအထိ ရရှိခဲ့ပါတယ်။ အဲ့နောက် ၈၆ မိနစ်မှာ ဂရစ်ဇ်မန်း သွင်းယူတဲ့ ဂိုးကို လူကျွံဘောအဖြစ် သတ်မှတ်ပေးခဲ့လို့ ဘာစီလိုနာတို့ ၅ ဂိုးမြောက် ရမယ့် အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။ အဲ့နောက် သွင်းဂိုးတွေ ထပ်ပြီး မတွေ့ရတော့လို့ ၀-၄ ရလဒ်နဲ့ပဲ ဘာစီလိုနာတို့ ဘီလ်ဘာအိုကို အနိုင်ရပြီး ကိုပါဒယ်ရေး ချန်ပီယံ ဖြစ်ခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ပွဲပြီး အချက်အလက်တွေကို ပြန်ကြည့်မယ်ဆိုရင် ဘာစီလိုနာ တို့ တစ်ပွဲလုံး အတိုင်းအတာနဲ့ ဘောလုံးပိုင်ဆိုင်မှု ၇၇ ရာခိုင်နှုန်း အထိ ရှိခဲ့ပြီး ဂိုးပေါက် ခြိမ်းခြောက်မှု ၁၄ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာတွေ့ရပါတယ်။ ဘီလ်ဘာအိုကတော့ ခံစစ်ကို အားပြုကစားလွန်းခဲ့တာကြောင့် ဘာစီလိုနာလို အသင်းမျိုးရဲ့ ပါးနပ်တဲ့ တိုက်စစ်နဲ့ တောင်ပံကစားသမားတွေရဲ့ အခွင့်ကောင်းယူနိုင်မှုအောက်မှာ ပြိုလဲခဲ့ရတာ ဖြစ်ပါတယ်။ ဘီလ်ဘာအိုတို့ လွန်ခဲ့တဲ့ ၂ ပတ် အကြာကလည်း ကိုပါဒယ်ရေး ဗိုလ်လုပွဲ ကစားခဲ့ရပေမယ့် ဆိုစီဒက်စ်ကို တစ်လုံးတည်းသော သွင်းဂိုးနဲ့ အတူ ရှုံးနိမ့်ပြီး ဆုဖလား ဆုံးရှုံးခဲ့ရပြီး အခုကတော့ ဒုတိယအကြိမ် ဆုဖလားနဲ့ လက်တကမ်းအကွာမှ ဆုံးရှုံးခဲ့ရပြန်တာ ဖြစ်ပါတယ်။ ဘာစီလိုနာ နည်းပြ ရော်နယ်ကိုးမန်း အတွက် ကိုပါဒယ်ရေး ဟာ ဘာစီလိုနာနဲ့ ပထမဦးဆုံး ဆုဖလား ဖြစ်ခဲ့သလို ဖလားလက်မဲ့ ရာသီကိုလည်း အဆုံးသတ်နိုင်ခဲ့ပါတယ်။ လီယွန်နယ် မက်ဆီ အတွက်ကတော့ အခု ကိုပါဒယ်ရေး ဖလားဟာ ကတ်တာလန် အသင်းနဲ့အတူ နောက်ဆုံး ကိုင်မြှောက်ခဲ့တဲ့ ဆုဖလား ဖြစ်သွားမလား ဆိုတဲ့ မေးခွန်းတွေတော့ ရှိလာခဲ့ပါပြီ။

 

လာမယ့်ပွဲစဉ်များ

ဘီလ်ဘာအိုတို့ လာမယ့် ဧပြီလ ၂၂ ရက်နေ့မှာ ဘက်တစ်နဲ့ လာလီဂါ ကစားဖို့ ရှိပြီး ဘာစီလိုနာကတော့ ဂီတာဖေးနဲ့ ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်