နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဖိအားများနေတဲ့ အက်တလက်တီကို မက်ဒရစ်တို့ ခြေထပ်ချော်ဦးမှာလား – လာလီဂါ ပွဲကြိုသုံးသပ်ချက်

ရီးရဲယ်ဘက်တစ် – အက်တလက်တီကိုမက်ဒရစ်

El Clasico ဒါဘီ ကို အခွင့်ကောင်းယူရမယ့် အချိန်ကျမှ လာလီဂါ မှာ ခြေတက်နေတဲ့ ရီးရဲယ်ဘက်တစ်နဲ့ အဝေးကွင်း ပွဲစဉ် ကစားရမယ့်  အက်တလက်တီကိုမက်ဒရစ်တို့ ကံမကောင်းဘူးလို့ပဲ ဆိုရမှာပါ။ ဒါ့အပြင် ဘက်တစ်ဟာ ယူရိုပါလိဂ် ဝင်ခွင့် မျှော်လင့်ချက်နဲ့ ကစားနေတာ ဖြစ်လို့ ဖိအားများနေတဲ့ အက်တလက်တီကိုမက်ဒရစ် အတွက် ကျိန်းသေပေါက် ခက်ခဲတဲ့ပွဲ ဖြစ်လာဦးမှာပါ။

ဘက်တစ်တို့ နောက်ဆုံးကစားခဲ့တဲ့ လာလီဂါ ပွဲစဉ် ၁၀ ပွဲမှာ ဘာစီလိုနာနဲ့ ဆီဗီလာ တို့ကိုသာ ရှုံးနိမ့်ခဲ့ပြီး နိုင်ပွဲတွေ များခဲ့လို့ ရမှတ်တွေ တော်တော်လေး ရှာဖွေ နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဘက်တစ်ဟာ ဒီရာသီမှာ အိမ်ကွင်း ကစားပုံ ကောင်းနေတဲ့ အသင်းဖြစ်ပြီး နောက်ဆုံး ၉ ပွဲမှာ ၁ ပွဲသာ ရှုံးနိမ့်ခဲ့သလို ၆ ပွဲနိုင်၊ ၂ ပွဲ သရေကျထားပါတယ်။ ဘက်တစ် တို့ လက်ရှိ လာလီဂါ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး ယူရိုပါလိဂ် ဝင်ခွင့် အတွက် မသေချာသေးလို့ လက်ကျန် ပွဲစဉ်တွေကို တစ်ပွဲချင်း အာရုံစိုက် ကစားနေတာ တွေ့ရပါတယ်။ နောက်ပြီး ဘက်တစ်မှာ ကန်နာလက်စ်၊ နေဘယ် ဖက်ကီရာ၊ ကာဗယ်လ်ဟို၊ မိုရီနို၊ အီမာဆင် တို့အပြင် မန်ချက်စတာစီးတီး ဂိုးသမားဟောင်း ကလော်ဒီယို ဘရာဗို တို့လို ကစားသမားကောင်းတွေ ရှိနေလို့ ဘယ်အသင်းကိုမဆို တုန့်ပြန်ကစားနိုင်စွမ်း ရှိနေပါတယ်။ အခုပွဲမှာတော့ တိုက်စစ်က အီဂလက်ဆီရာ့စ် အပြင် ဂွာဒါဒို၊ ရူအစ်ဇ် တို့ ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။

နောက်ဆုံး ကစားခဲ့တဲ့ လာလီဂါ ပွဲမှာ ဆီဗီလာကို ရှုံးနိမ့်ခဲ့တဲ့ အက်တလက်တီကို မက်ဒရစ်
လာလီဂါ ချန်ပီယံဆု အတွက် ဖိအားတွေ ရှိနေတဲ့ အက်တလက်တီကို မက်ဒရစ်

အက်တလက်တီကို မက်ဒရစ် ကတော့ ရာသီအစမှာ တောက်လျောက် ခြေစွမ်းကောင်းခဲ့ပြီး အခုနောက်ပိုင်း ပွဲတွေ မှာတော့ ခြေပြန်ကျလာတာ တွေ့ရပါတယ်။ လက်ရှိအချိန်ထိ လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်ထားဆဲ ဆိုပေမယ့် ပြီးခဲ့တဲ့ပွဲမှာ ဆီဗီလာကို ရှုံးနိမ့်ခဲ့တာကြောင့် ဒုတိယနေရာက ဘာစီလိုနာနဲ့ တစ်မှတ်ပဲ ကွာဟတော့သလို ရီးရဲယ်မက်ဒရစ်နဲ့ ကလည်း ၃ မှတ်ပဲ ကွာဟပါတော့တယ်။ ဒီလို အခြေအနေကြောင့် အက်တလက်တီကိုတို့ ဖိအားဝင်သွားပုံပေါ်ပြီး အသင်းလိုက် ဟန်ချက်လည်း ပျက်နေခဲ့ပါတယ်။ နောက်ပြီး တိုက်စစ်က လူးဝစ်ဇ် ဆွာရက်ဇ် နဲ့ မူဆာ ဒမ်ဘီလီတို့ ဒဏ်ရာရနေလို့ ဘက်တစ်ရဲ့ ခံစစ်ကို ကျော်ဖြတ်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒါ့အပြင် ခံစစ်နဲ့ ကွင်းလယ်က လော်ရန်တေး၊ ကွန်ဒေါဂ်ဘီယာ တို့ ပွဲပယ်ပြစ်ဒဏ်ကြောင့် အခုပွဲကို လွဲချော်ပါလိမ့်မယ်။ တစ်ချက်ရှိတာက အက်တလက်တီကို မက်ဒရစ်တို့ လာလီဂါ အဝေးကွင်းပွဲစဉ် ၁၄ ပွဲ ကစားခဲ့ရာမှာ ၉ ပွဲနိုင်၊ ၃ ပွဲသရေကျပြီး ၂ ပွဲသာ ရှုံးနိမ့်ထားပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဘက်တစ်နဲ့ အက်တလက်တီကိုမက်ဒရစ်တို့ရဲ့ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု အကြိမ် ၂၀ မှာ ဘက်တစ်က ၂ ကြိမ်သာ အနိုင်ရခဲ့ဖူးပြီး အက်တလက်တီကို ကတော့ ၁၄ ကြိမ်အထိ အနိုင်ရထားပါတယ်။ လာလီဂါ ပထမအကျော့ ပွဲစဉ်မှာတော့ အက်တလက်တီကို မက်ဒရစ်က လော်ရန်တေး၊ လူးဝစ်ဇ် ဆွာရက်ဇ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ရီးယဲလ် ဘက်တစ် vs အက်တလက်တီကို 1X2 သရေ @ 3.10
ဧပြီလ ၁၂ ရက်, မနက် ၁:၃၀ နာရီ (GMT + ၆:၃၀)

1X2 မှာ အိမ်ရှင် အတွက် ၃.၃၀ ဆ နဲ့ ဧည့်သည် အတွက် ၂.၃၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၂၀ ဆ ကြေးဖွင့် ပေးထားပါတယ်။ အက်တလက်တီကိုမက်ဒရစ်တို့ လက်တ‌လော ခြေစွမ်းယိမ်းယိုင်နေတယ် ဆိုပေမယ့် ဘက်တစ်နဲ့ ထိပ်တိုက်တွေ့ဆုံမှု တော်တော်များများမှာ အသာရထားခဲ့လို့ ရှုံးတော့ မရှုံးနိုင်ပါဘူး။ အနိမ့်ဆုံး သရေ ရအောင်တော့ ကစားနိုင်ပါလိမ့်မယ်။ သွင်းဂိုးလည်း နည်းပါလိမ့်မယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်