နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာကာဇက်ရဲ့ သွင်းဂိုး ကြောင့် ပရီးမီးယားလိဂ် နိုင်ပွဲ ဆက်ခဲ့တဲ့ အာဆင်နယ် – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

ဘရိုက်တန် ၀-၁ အာဆင်နယ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အာဆင်နယ်တို့ ဘရိုက်တန် ကို အဝေးကွင်းမှာ ၀-၁ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အခုပွဲရလဒ်ကြောင့် ပရီးမီးယားလိဂ်မှာ ၂ ပွဲဆက် အနိုင်ရပြီး အမှတ်ပေးဇယားအဆင့် ၁၃ နေရာအထိ ပြန်လည်တက်လှမ်းလာနိုင်ခဲ့ပါတယ်။
 
အာဆင်နယ်တို့ တိုက်စစ်မှာ အော်ဘာမီယန်း ကလွဲလို့ ပြီးခဲ့တဲ့ ချဲလ်ဆီးပွဲက လူစာရင်း အတိုင်း ပွဲထွက်လာခဲ့ပါတယ်။ ဘရိုက်တန်မှာတော့ အဲလစ်စတာ၊ ပရော့ပါ၊ ဂရော့စ်၊ ဝဘ်စတား၊ အလီရီဇာဂျာဟန်ဘဟက်ရှ် တို့လို ကစားသမားတွေ ပါဝင်ခဲ့ပြီး အာဆင်နယ်ကို အကောင်းဆုံး တုန့်ပြန်ကစားဖို့ ကြိုးပမ်းလာခဲ့ပါတယ်။ အာဆင်နယ်ကတော့ ချဲလ်ဆီးနဲ့ ပွဲတုန်းကလောက် ခြေစွမ်းမပြနိုင်ခဲ့ပဲ ပွဲအစပိုင်းလောက်မှာ ဘရိုက်တန်ရဲ့ ထိန်းချုပ်ကစားမှု အောက်မှာ ရုန်းကန်ခဲ့ရ ပါတယ်။ ပွဲအစပိုင်းမှာ ဘရိုက်တန် နောက်တန်းက ဗဲလ်မန်း၊ ဝဘ်စတားတို့ တော်တော်လေး ခြေစွမ်းပြခဲ့ပြီး ကွင်းလယ်က ဘစ်ဆိုမာရဲ့ ထိုးဖောက်မှုတွေနဲ့ အာဆင်နယ် ဂိုးပေါက်ကို ခြိမ်းခြောက်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ပါဘလို မာရီ၊ ဟိုးလ်ဒင်း၊ ဘယ်လာရင်တို့ အကောင်းဆုံး ပိတ်ဆို့ကစားနိုင်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ အာဆင်နယ် တို့ ဘရိုက်တန်ဘက်ကို တဖန်ပြန် ထိုးဖောက်လာနိုင်ခဲ့ပြီး ဒုတိယပိုင်း ၆၆ မိနစ်မှာတော့ နောက်ပိုင်း ပွဲစဉ်တွေမှာ ခြေစွမ်းပြနေတဲ့ ဘာကာယို ဆာကာရဲ့ ပေးပို့မှုကနေ လာကာဇက်က ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ထဲကို လှလှပပကန်သွင်းပြီး သွင်းဂိုး ရယူပေးခဲ့ပါ တယ်။ အဲ့နောက် တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း သွင်းဂိုးတွေ ထပ်မရ တော့တာကြောင့် ၀-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

အခုပွဲရလဒ်ကြောင့် ဘရိုက်တန်တို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၇ နေရာအထိ ကျဆင်းခဲ့ပါ တယ်။
ပရီးမီးယားလိဂ် အဆင့် ၁၇ နေရာမှာ ရပ်တည်နေတဲ့ ဘရိုက်တန်

အာဆင်နယ်တို့ ပြီးခဲ့တဲ့ ပွဲစဉ်မှာ ချဲလ်ဆီးကို အနိုင်ယူခဲ့တုန်းကလောက် ခြေစွမ်းမပြနိုင်ခဲ့ပေမယ့် တတ်နိုင်သမျှ အနိုင် ၃ မှတ်ကို အရယူသွားနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ အာဆင်နယ်တို့ ကစားပုံမာကျောတဲ့ အသင်းနဲ့ဆိုရင် သွင်းဂိုးတွေ ရဖို့ ရုန်းကန်နေရဆဲ ဖြစ်ပြီး တိုက်စစ်က အော်ဘာမီယန်းလည်း စာချုပ်သစ်ချုပ်ပြီး ကတည်းက အခုအချိန်အထိ ခြေစွမ်း မပြနိုင်သေးပါဘူး။ အခုပွဲမှာလည်း လူငယ်တွေရဲ့ စွမ်းဆောင်ရည် ကောင်းတွေကြောင့် နိုင်ပွဲရခဲ့တာလို့ ဆိုရမှာပါ။ အခုနိုင်ပွဲကြောင့် နည်းပြ မီခယ်အာတေးတား အနေနဲ့လည်း ဖိအားတွေ လျော့သထက်လျော့လာခဲ့ရပါတယ်။ ဘရိုက်တန် ကတော့ အာဆင်နယ်ကို အကောင်းဆုံး ဒုက္ခပေးနိုင်ခဲ့ရုံကလွဲလို့ ရမှတ်ရှာဖွေဖို့ မစွမ်းဆောင်နိုင်ခဲ့တာ တွေ့ရပါတယ်။ အခုပွဲရလဒ်ကြောင့် ဘရိုက်တန်တို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၇ နေရာအထိ ကျဆင်းခဲ့ပါ တယ်။

 

လာမယ့်ပွဲစဉ်များ

ဘရိုက်တန်တို့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်နဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိပြီး အာဆင်နယ် ကတော့ ဝက်စ်ဘရွန်းအိမ်ကွင်းမှာ သွားရောက် ကစားဖို့ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်