နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်တစ်ဆင့်တက်မယ့် အာဆင်နယ်ကို ယုံကြည်ထားကြရအောင် – ယူရိုပါလိဂ် ပွဲကြိုသုံးသပ်ချက်

အာဆင်နယ် vs ဘင်ဖီကာ

လာမယ့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မြန်မာစံတော်ချိန် မနက်အစောပိုင်းမှာ အာဆင်နယ်နဲ့ ဘင်ဖီကာတို့ရဲ့ ယူရိုပါလိဂ် ၃၂ သင်းအဆင့် ရှုံးထွက် ဒုတိယအကျော့ ပွဲစဉ် ကစားဖို့ ရှိနေပါတယ်။ ပထမအကျော့တုန်းက ၁-၁ ရလဒ်နဲ့ ပွဲပြီးဆုံးထားလို့ အခုပွဲဟာ နောက်တစ်ဆင့် တက်ဖို့အတွက် အဆုံးအဖြတ် ဖြစ်လာနိုင်ပြီး အကြိတ်အနယ်လည်း ကစားကြမှာ သေချာနေလို့ SBOTOP ပရိသတ်တွေ လက်မလွှတ်တမ်း စောင့်ကြည့်ဖို့ အတွက် တိုက်တွန်းချင်ပါတယ်။

အာဆင်နယ်တို့‌ ပြီးခဲ့တဲ့လတုန်းက ကစားခဲ့တဲ့ ပွဲစဉ်တော်တော်များများမှာ နိုင်ပွဲတွေ ရှာဖွေနိုင်ခဲ့ပေမယ့် နောက်ပိုင်း ပွဲစဉ်တွေမှာတော့ တောက်လျောက် ရုန်းကန်နေရပြီး နောက်ဆုံးကစားခဲ့တဲ့ ယူရိုပါလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၆ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရရှိထားပြီး လိဒ်စ်ယူနိုက်တက် တစ်သင်းတည်းကို ၄-၂ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရထားတာ တွေ့ရပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ မန်ချက်စတာစီးတီးနဲ့ ပွဲတုန်းကဆိုရင် အာဆင်နယ် တစ်သင်းလုံးရဲ့ စွမ်းဆောင်ရည်က တော်တော်လေးကို စုတ်ပြတ်သတ်ခဲ့ပြီး အသင်းကြီးတစ်သင်းရဲ့ ပုံစံကိုတောင် မမြင်ခဲ့ရပါဘူး။ လက်တလော အသင်းမှာ ရော့ဘ်ဟိုးဒင်းနဲ့ သောမက်စ်ပါတေး နှစ်ဦးတည်း ဒဏ်ရာပြသနာကြောင့် ပါဝင်လာနိုင်မှာ မဟုတ်ပဲ ကျန်ကစားသမားတွေ အားလုံးကတော့ ပွဲထွက်လူစာရင်းအတွက် အသင့်ရှိနေကြပါတယ်။ မီခယ်အာတေးတားရဲ့အသင်းက ဒီရာသီ ယူရိုပါလိဂ် ဖြတ်သန်းမှုကို ကြည့်မယ်ဆိုရင်တော့ တော်တော်လေး အားရစရာ ကောင်းပြီး ၆ ပွဲနိုင်၊ ၁ ပွဲ သရေကျထားပါတယ်။ အာဆင်နယ်တို့ ပရီးမီးယားလိဂ်မှာ တော်တော်လေး ရုန်းကန်နေရတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ မပြောနဲ့ ယူရိုပါလိဂ် အတွက်တောင် မသေချာလို့ အခုချိန်ကတည်းက တစ်ပွဲချင်းစီ အာရုံစိုက်ကစားဖို့ လိုအပ်နေခဲ့တာကိုတာတော့ မမေ့သင့်ပါဘူး။

ဘင်ဖီကာကတော့ ချန်ပီယံလိဂ်မှာ အတွေ့အကြုံရင့် အသင်းတစ်သင်း ဖြစ်ပေမယ့် ယူရိုပါလိဂ် မှာတော့ ထူးထူးခြားခြား လုပ်ပြထားနိုင်တာ မရှိပါဘူး။
လက်တလော ပေါ်တူဂီ ပရီးမီးယားလီဂါမှာ ရုန်းကန်နေရတဲ့ ဘင်ဖီကာ

ဘင်ဖီကာကတော့ ချန်ပီယံလိဂ်မှာ အတွေ့အကြုံရင့် အသင်းတစ်သင်း ဖြစ်ပေမယ့် ယူရိုပါလိဂ် မှာတော့ ထူးထူးခြားခြား လုပ်ပြထားနိုင်တာ မရှိပါဘူး။ ဘင်ဖီကာရဲ့ ဒီရာသီ ဥရောပပြိုင်ပွဲ ဖြတ်သန်းမှုကို ကြည့်မယ်ဆိုရင် ချန်ပီယံလိဂ် ဝင်ခွင့်မရခဲ့လို့ ယူရိုပါလိဂ်မှာ ဝင်ကစားခဲ့ရပြီး အုပ်စု ဒီ ရဲ့ ဒုတိယနေရာကနေ အခုအဆင့်ကို တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်နဲ့ ပထမအကျော့တုန်း ကလည်း ဦးဆောင်ဂိုး ရပြီးမှ ချေပဂိုးပြန်ပေးခဲ့ရတယ် ဆိုပေမယ့် ခြေစွမ်းပိုင်းကလည်း အားရစရာမရှိပါဘူး။ လက်တလောမှာ အဓိကကစားသမား အဲလ်မေးဒါး တစ်ဦးတည်း ဒဏ်ရရာရထားလို့ ကစားသမားအင်အား အပြည့်နဲ့ ဒုတိယအကျော့မှာ ပွဲထွက်လာဖို့ ရှိနေပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

အာဆင်နယ်နဲ့ ဘင်ဖီကာတို့ အဓိကပြိုင်ပွဲ တွေ့ဆုံမှုအဖြစ် ပြီးခဲ့တဲ့ တစ်ကြိမ်ပဲ ကစားထားခဲ့ပါတယ်။ အဲ့ဒီပွဲမှာ‌တော့ တစ်ဖက် တစ်ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးထားခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
အာဆင်နယ် vs ဘင်ဖီကာ 1X2 အာဆင်နယ် @ 1.78
ဖေဖော်ဝါရီလ ၂၆ ရက်, ည ၁၂:၂၅ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၇၅ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၄.၃၃ ဆ ကြေးဖွင့်ပြီး သရေ အတွက် ၄.၀၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ အာဆင်နယ်တို့ လက်တလောမှာ ပြန်ပြီး ရုန်းကန်နေရတယ် ဆိုပေမယ့် တကယ်ကစားရင်တော့ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်စွမ်းရှိတာကို ယုံကြည်ပါတယ်။ အာတေးတားရဲ့ လူထုတ်ပုံနဲ့ ကစားကွက်ပေါ်မူတည်နေပြီး ကစားသမားတွေလည်း နိုင်ပွဲဆာလောင်စိတ် ရှိနေမယ်ဆိုရင် ဘင်ဖီကာကို သက်တောင့်သက်သာကျော်ဖြတ်နိုင်ပါလိမ့်မယ်။ အာဆင်နယ်တို့ နိုင်ပွဲရသွားမယ် ထင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်