နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခြေစွမ်းပိုသာခဲ့ပေမယ့် သရေရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရတဲ့ အာဆင်နယ် – ယူရိုပါလိဂ် ပွဲပြီးသုံးသပ်ချက်

ဘင်ဖီကာ ၁ – ၁ အာဆင်နယ်

ဒီကနေ့ မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် ရှုံးထွက် ပွဲစဉ် တစ်ပွဲအဖြစ် အာဆင်နယ်နဲ့ ပေါ်တူဂီ ထိပ်သီး ဘင်ဖီကာတို့ အီတလီနိုင်ငံ၊ ရောမမြို့က အိုလံပီကို ကွင်းမှာ ကစားခဲ့ကြပါတယ်။ အာဆင်နယ် အနေနဲ့ ဘင်ဖီကာကို ဘောလုံး ပိုင်ဆိုင်မှုအပြင် ဂိုးကန်သွင်းခွင့်တွေပါ အသာစီးရခဲ့ပေမယ့် ၁ ဂိုးစီသရေရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရပြီး ယူရိုပါလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်တက်ရေး ဒုတိယအကျော့ပွဲစဉ်က အရေးပါလာခဲ့ပါသွားခဲ့ပါတယ်။

ဘင်ဖီကာတို့ အခုပွဲမှာ ၃-၅-၁-၁ ကစားကွက်နဲ့ပွဲထွက်လာပြီး နူနက်ဇ်၊ ဂရင်မဲလ်ဒို၊ ပစ်ဇီ၊ အောက်တာမန်ဒီ၊ ဂွန်ဆာလက်ဗ်စ်၊ ဗာတွန်ဂန်၊ ဝိုင်ဂဲလ် တို့လို ကစားသမားကောင်းတွေ ပါဝင်လာခဲ့ပါတယ်။ အာဆင်နယ်မှာတော့ ကွင်းလယ်က သောမက်စ်ပါတေး တစ်ဦးကလွဲရင် ကျန်ကစားသမားတွေအားလုံး လူစာရင်းမှာ ပါဝင်လာခဲ့ပြီး တိုက်စစ်မှာ အော်ဘာမီယန်းကို အထောင်ထားပြီး နောက်မှာ အိုဒီဂတ်၊ တောင်ပံနှစ်ဖက်မှာ စမစ်ရိုးဝ်၊ ဆာကာ၊ ကွင်းလယ်မှာ ရှာကာ၊ ဆယ်ဘာလော့စ်၊ နောက်တန်းမှာ စီဒရစ်ဆွာရက်စ်၊ ဂါဘရီရယ်၊ ဒါးဗစ်လူးဝစ်ဇ်၊ ဘယ်လာရင်၊ ဂိုးမှာ ဘန်လန်နိုတို့နဲ့ ပွဲထွက်လာပါတယ်။ ပွဲစကတည်းက နှစ်သင်းစလုံး အပိုင်အခွင့်အရေး အချို့ကို ဖြုန်းတီးပစ်ခဲ့လို့ သွင်းဂိုးတွေ မမြင်တွေ့ခဲ့ရပဲ ပထမပိုင်းအပြီးမှာလည်း ဂိုးမရှိသရေရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အာဆင်နယ်တို့ ပွဲကို ပိုမိုစိုးမိုး ကစားနိုင်ခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် တိုက်စစ်က အော်ဘာမီယန်းအနေနဲ့ အခွင့်အရေး ၃ ကြိမ်လောက်ကို ဖြန်းတီးပစ်ခဲ့ပါတယ်။ ဒုတိယပိုင်းစတင်ပြီးလို့ ၁၀ မိနစ်အကြာမှာတော့ ဘင်ဖီကာတို့ ဦးဆောင်ဂိုး ရခဲ့ပြီး ပစ်ဇီက ပင်နယ်တီကနေ တစ်ဆင့် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘင်ဖီကာတို့ အပျော်တွေ မကြာခဲ့ပဲ နောက်ထပ် ၂ မိနစ်အကြာမှာ နောက်တန်းက စီဒရစ်ဆွာရက်စ်ရဲ့ ပံ့ပိုးပေးမှုကနေ ဘူကာယိုဆာကာ အမှားအယွင်းမရှိ ပိတ်သွင်းသွားခဲ့လို့ အာဆင်နယ်တို့ ချေပဂိုး ရရှိခဲ့ပါတယ်။ လက်ကျန်မိနစ်တွေမှာလည်း အိမ်ရှင်တို့ ဂိုးရဖို့ အားစိုက်ကစားခဲ့ပေမယ့် အာဆင်နယ်နောက်တန်းနဲ့ လန်နိုကို မကျော်ဖြတ်နိုင်ခဲ့တာကြောင့် ၁-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

အာဆင်နယ် အနေနဲ့ ဘင်ဖီကာကို ဘောလုံး ပိုင်ဆိုင်မှုအပြင် ဂိုးကန်သွင်းခွင့်တွေပါ အသာစီးရခဲ့ပေမယ့် ၁ ဂိုးစီသရေရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရပြီး ယူရိုပါလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်တက်ရေး ဒုတိယအကျော့ပွဲစဉ်က အရေးပါလာခဲ့ပါသွားခဲ့ပါတယ်။
ပေါ်တူဂီ ပရီးမီးယားလီဂါမှာလည်း ရလဒ်ကောင်းဖို့ ရုန်းကန်နေရတဲ့ ဘင်ဖီကာ

အာဆင်နယ်တို့ အခုပွဲမှာ နိုင်ပွဲရနိုင်ရက်နဲ့ တိုက်စစ်မှူး အော်ဘာမီယန်းရဲ့ အပိုင်အခွင့်အရေးတွေ ဖြုန်းတီးမှုကြောင့် သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ထုံးစံအတိုင်း တောင်ပံက ဘူကာယိုဆာကာ အမှားအယွင်းနည်းနည်းနဲ့ ခြေစွမ်းပြခဲ့တယ် ဆိုပေမယ့် စမစ်ရိုးဝ်နဲ့ အိုဒီဂတ်တို့ရဲ့ အချိတ်အဆက်တွေကတော့ လိုအပ်ချက်တွေ အများကြီး ရှိနေပါသေးတယ်။ ဒီရလဒ်ဟာ အာဆင်နယ်အတွက် ကျေနပ်စရာ ရလဒ်တစ်ခု ဖြစ်ပေမယ့် တစ်ခါတည်း သေချာသလောက်ရှိတဲ့ ရလဒ်မျိုးထွက်အောင် မကစားနိုင်ခဲ့တာကတော့ စိတ်ပျက်စရာပဲ ဖြစ်ပါတယ်။ ပွဲပြီး အချက်အလက်တွေကို ပြန်ကြည့်မယ် ဆိုရင်တော့ အာဆင်နယ်တို့ ဘောလုံးပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်းလောက် ရှိခဲ့ပေမယ့် ဂိုးပေါက်တည့်မှုမှာတော့ ၂ ကြိမ်ပဲ ရှိခဲ့ပြီး ဘင်ဖီကာတို့ကတော့ ၄ ကြိမ်အထိ ရှိခဲ့တာတွေ့ရပါတယ်။
 

လာမယ့်ပွဲစဉ်များ

ဘင်ဖီကာတို့ လာမယ့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ဖာရန့်စ်နဲ့ ပေါ်တူဂီ ပရီးမီးယားလီဂါ ပွဲစဉ် ကစားဖို့ ရှိနေပြီး အာဆင်နယ်ကတော့ မန်ချက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ ကို ကစားဖို့ ရှိနေပါတယ်။ အာဆင်နယ်နဲ့ ဘင်ဖီကာတို့ရဲ့ ယူရိုပါလိဂ် ဒုတိယအကျော့ပွဲစဉ်ကိုတော့ ဂရိကလပ် အိုလံပီယာကို့စ်အိမ်ကွင်း ကာရစ်ကာကီမှာ ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်