နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အန်းမရိတ်စ်မှာ အာဆင်နယ်တို့ ရလဒ်ကောင်းဖို့ သေချာနေပါတယ်- အက်ဖ်အေဖလား တတိယအဆင့် ပွဲကြိုသုံးသပ်ချက်

အာဆင်နယ် – နယူးကာဆယ်ယူနိုက်တက်

အခုတစ်ပတ်မှာ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်တော်တော်များများ ကစားဖို့ ရှိနေပြီး အာဆင်နယ်က နယူးကာဆယ်ယူနိုက်တက်ကို အိမ်ကွင်း အန်းမရိတ်စ်မှာ လက်ခံကစားရဖို့ ရှိနေပါတယ်။ ခြေပြန်တက်လာတဲ့ အာဆင်နယ်နဲ့ ခြေပြန်ကျနေတဲ့ နယူးကာဆယ်တို့ရဲ့ တွေ့ဆုံမှုမှာ ဘယ်အသင်း ရလဒ်ကောင်းသွားမလဲဆိုတာ ကြိုတင်မှန်းဆလို့တောင် ရနိုင်ပြီး SBOTOP ပရိသတ်တွေ အနေနဲ့လည်း ရွေးချယ်မှု မှန်ကန်ကြဖို့ မျှော်လင့်ပါတယ်။

အာဆင်နယ်ဆိုတာ အက်ဖ်အေဖလားမှာ ၁၄ အကြိမ်အထိ ဗိုလ်ဆွဲထားပြီး အအောင်မြင်ဆုံး အသင်း ဖြစ်သလို လက်ရှိ ချန်ပီယံလည်း ဖြစ်လို့ ဒီပြိုင်ပွဲနဲ့ ပတ်သတ်လာရင် ဘယ်လို ကစားရမယ်ဆိုတာကို ကောင်းကောင်းနားလည် သဘောပေါက်နေတဲ့ အသင်း ဖြစ်ပါတယ်။ နည်းပြ မီခယ်အာတေးတားကလည်း ကစားသမားဘဝ မှာတင်မကပဲ နည်းပြ ဘဝ ပွဲဦးထွက်မှာတင် အက်ဖ်အေဖလား ဆွတ်ခူးထားနိုင်တဲ့ နည်းပြဖြစ်လို့ အခုအဆင့်ပွဲစဉ်လောက်ကို အသာအယာ ကျော်ဖြတ်ပြနိုင်မယ်လို့ ထင်ပါတယ်။ အာဆင်နယ်ရဲ့ ဒီရာသီ ခြေစွမ်းကို လေ့လာကြည့်မယ် ဆိုရင်လည်း အမှတ်ပေးပြိုင်ပွဲထက် ဖလားပြိုင်ပွဲတွေမှာ ရလဒ်ကောင်းခဲ့တာကို ယူရိုပါလိဂ်မှာ သက်သေပြထားခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိ ခြေစွမ်းအရဆိုရင်လည်း အာဆင်နယ်တို့ ကစားပုံရော၊ စိတ်ဓာတ်ပိုင်းမှာပါ တက်ရိပ်ပြနေလို့ အခုပွဲမှာလည်း နယူးကာဆယ်ကို အိမ်ကွင်းမှာ အဘက်ဘက်က အသာစီးရယူပြီး ကစားနိုင်ပါလိမ့်မယ်။ အာဆင်နယ်တို့ ပရီးမီးယားလိဂ်မှာ နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲဆက် အနိုင်ရထားပြီး တိုက်စစ်ကလည်း တစ်ပွဲပျမ်းမျှ ၂ ဂိုးနှုန်းသွင်းယူထားနိုင်ပါတယ်။ အခုပွဲစဉ်မှာ အာဆင်နယ် နောက်တန်းက ဂါဘရီရယ်နဲ့ ကွင်းလယ်က သောမက်စ်ပါတေး တို့ကလွဲရင် ကျန် အဓိက ကစားသမားတွေ အားလုံးပါဝင်လာနိုင်ပြီး အရင်ပွဲတွေကအတိုင်း တောင်ပံနှစ်ဖက်က ဘာကာယိုဆာကာ၊ ဘယ်လာရင်၊ တီယာနီ၊ အော်ဘာမီယန်းတို့ရဲ့ ထိုးဖောက်မှုတွေနဲ့ အတူ ကွင်းလယ်က စမစ်ရိုးဝ်၊ ရှာကာ၊ ဆီဘာလော့စ်တို့ အတွဲအဖက်ကနေ တိုက်စစ်က လာကာဇက်ကို ပံ့ပိုးပေးတဲ့ ပုံစံမျိုးနဲ့ နယူးကာဆယ်ကို အနိုင်ယူဖို့ ကြိုးပမ်းလာဦးမယ် ထင်ပါတယ်။

 
အာဆင်နယ်က တက်ရိပ်ပြနေသလောက် နယူးကာဆယ်ကတော့ အဘက်ဘက်က ထိုးကျနေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးထားခဲ့ပြီး ၂ ပွဲသရေကျပြီး ၄ ပွဲရှုံးနိမ့်ထားပါတယ်။ နယူးကာဆယ်ဆိုတာ တစ်ချိန်က အသင်းကြီး တစ်သင်း ဖြစ်ခဲ့ပြီး အက်ဖ်အေဖလား မှာလည်း ချန်ပီယံ ၆ ကြိမ်အထိ ဖြစ်ထားတဲ့ အသင်း ဖြစ်ပေမယ့် လက်ရှိမှာတော့ အဲ့ဒီအောင်မြင်မှုတွေနဲ့ မသက်ဆိုင်တော့သလိုတောင် ဖြစ်နေခဲ့ပါပြီ။ စတိဗ်ဘရုစ်ရဲ့ လက်ရှိ နည်းစနစ်နဲ့ လူထုတ်ပုံက ခံစစ်ကစားပုံကို အခြေခံနေတာကြောင့် တိုက်စစ်ပိုင်းမှာ သိသိသာသာ အားနည်းနေခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲမှာ တိုက်စစ်က သွင်းဂိုး ၁ ဂိုးသာ ရရှိခဲ့ပါတယ်။ အဲ့ဒီ ၁ ဂိုး ကလည်း ကာလရှည်ကြာ ဒဏ်ရာရလိုက် ခြေစွမ်းပျောက်ဆုံးလိုက်ဖြစ်နေတဲ့ တိုက်စစ်မှူး အန်ဒီကာရိုးလ် ဆီကနေ ရရှိခဲ့တာ ဖြစ်လို့ နယူးကာဆယ်တို့ရဲ့ အခြေအနေ ဘယ်လောက်အထိ ဆိုးရွားနေသလဲဆိုတာ တွေးကြည့်စရာတောင် မလိုပါဘူး။ အခုပွဲမှာလည်း စိန့်မက်ဆီမင်၊ လက်ဆဲလ်လက်စ်၊ လီဝစ်၊ ဖရေဆာတို့လို ကစားသမားတွေ ပါဝင်နိုင်မှာ မဟုတ်လို့ တော်တော်လေးကို ရုန်းကန်ရဦးမှာပါ။

နယူးကာဆယ်ဆိုတာတစ်ချိန်ကအသင်းကြီးတစ်သင်းဖြစ်ခဲ့ပြီးအက်ဖ်အေဖလားမှာလည်းချန်ပီယံ၆ကြိမ်အထိဖြစ်ထားတဲ့အသင်းဖြစ်ပေမယ့်လက်ရှိမှာတော့အဲ့ဒီအောင်မြင်မှုတွေနဲ့မသက်ဆိုင်တော့သလိုတောင်ဖြစ်နေခဲ့ပါပြီ။
အက်ဖ်အေဖလားအောင်မြင်မှုနဲ့ ဝေးကွာနေတာကြာပြီဖြစ်တဲ့ နယူးကာဆယ်ယူနိုက်တက်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း

အာဆင်နယ်နဲ့ နယူးကာဆယ်တို့ရဲ့ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၁၈၄ ကြိမ်မှာ အာဆင်နယ်က ၇၉ ကြိမ်အနိုင်ရပြီး နယူးကာဆယ်ကတော့ ၆၇ ကြိမ်အနိုင်ရထားပါတယ်။ ၃၈ ကြိမ်ကတော့ သရေရလဒ်နဲ့ ပွဲပြီးဆုံးထားပါတယ်။ နောက်ဆုံး တွေ့ဆုံမှု ၂ ကြိမ်မှာတော့ အာဆင်နယ်က ၄-၀၊ ၀-၁ ရလဒ်တွေနဲ့
 

အနိုင်ရထားပါတယ်။

??
အာဆင်နယ် – နယူးကာဆယ်ယူနိုက်တက် 1X2 အာဆင်နယ် @၁.၄၄ဆ
ဇန်နဝါရီလ ၁၀ရက်, ည၁၂:၀၀နာရီ (GMT + ၆:၃၀)

1X2 ရဲ့ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက်၁.၄၄ဆနဲ့ဧည့်သည်အသင်းအတွက်၆.၅၀ဆကြေးဖွင့်ပြီးသရေအတွက်၄.၇၅ဆကြေးဖွင့်ထားတာတွေ့ရပါတယ်။ထိပ်တိုက်တွေ့ဆုံမှုအရပဲ ကြည့်ကြည့်၊ လက်ရှိ ခြေစွမ်းအရပဲ ကြည့်ကြည့် အာဆင်နယ်တို့ လက်ရှိမှာ နယူးကာဆယ်ကို အပြတ်အသတ် အသာရနေပါလိမ့်မယ်။ ဒါ့ကြောင့် ကြေးဖွင့်မှုမှာတောင် အာဆင်နယ် ဘက်က အဆပေါင်းများစွာ အကြောပေးထားတာ တွေ့ရပါတယ်။ အာဆင်နယ်တို့ အခက်အခဲမရှိပဲ အနိုင်ရသွားမယ့်ပွဲပါ။ ဂိုးတောင် ပြတ်နိုင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်