နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့လို့ ဒုတိယအကျော့မှာ ပိုရုန်းရတော့မယ့် အာဆင်နယ် – ယူရိုပါလိဂ် ပွဲပြီးသုံးသပ်ချက်

အာဆင်နယ် ၁ – ၁ ဆလားဗီးယားပရက်ဂ်

ယနေ့မနက်အစောပိုင်းမှာတော့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်တွေ ကစားခဲ့ပြီး အခွင့်အရေးတွေကို ဖြန်းတီးပစ်ခဲ့တဲ့ အာဆင်နယ်တို့ အိမ်ကွင်းမှာ ချက်ကလပ် ဆလားဗီးယားပရက်ဂ်ကို တစ်ဖက် တစ်ဂိုးစီ သရေနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ အခုပွဲမှာ ပြိုင်ဘက်ကို အဝေးဂိုး ၁ ဂိုး ပေးခဲ့ရတဲ့ အာဆင်နယ်တို့ ချက်မြေက ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ကို ကျိန်းသေပေါက် ခက်ခက် ဖြတ်သန်းရဦးမှာ ဖြစ်ပြီး အခန့်မသင့်ရင် ဒီအဆင့်ကနေပဲ လက်ပြသွားရဖွယ်ရှိနေပါတယ်။

မီခယ်အာတေးတားရဲ့ အသင်းက ဒီနေ့ပွဲမှာ ၄-၂-၃-၁ ကစားကွက်နဲ့ ပွဲထွက်ခဲ့ပြီး တိုက်စစ်မှာ လာကာဇက် ဦးဆောင်ပြီး ဆာကာ၊ စမစ်ရိုးဝ်၊ ပါတေး၊ ရှာကာ တို့အပြင် အသင်းခေါင်းဆောင် အော်ဘာမီယန်း နေရာမှာ ဝီလျံလည်း ပထမလူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ ဆလားဗီးယားပရက်ဂ် ကတော့ အာဆင်နယ်ကို ၄-၂-၃-၁ ကစားကွက်နဲ့ပဲ ပြန်လည် ရင်ဆိုင်ခဲ့ပြီး ထုံးစံအတိုင်း ပရိုဗော့ဒ်၊ ဟိုးလ်စ်၊ ဇီမာ၊ ဂျန်ဘိုရေးလ် တို့လို အမာခံ ကစားသမားတွေနဲ့ ကွင်းလယ်နဲ့ ခံစစ်ကို ကျစ်ကျစ်လျစ်လျစ် တည်ဆောက်လာခဲ့ပါတယ်။ ပထမပိုင်း တစ်ပိုင်းလုံး နှစ်သင်းစလုံးရဲ့ ကစားပုံဟာ ထက်ထက်မြတ်မြတ် မရှိခဲ့ပဲ ပွဲဟာဘယ်လိုမှ ကြည့်မကောင်းခဲ့ပါဘူး။ ဒုတိယပိုင်းမှာတော့ မာတင်နယ်လီ၊ ပေပေ၊ အဲလ်နီနီ၊ အော်ဘာမီယန်း တို့ ဝင်လာပြီး အာဆင်နယ်တို့ အတွဲဖက် ပြန်မိခဲ့လို့ ဆလားဗီးယားပရက်ဂ် နောက်တန်းကို ထိုးဖောက်လာနိုင်ခဲ့တယ်။ ၈၆ မိနစ်မှာ အာဆင်နယ်တို့ ဦးဆောင်ဂိုး ရခဲ့ပြီး အော်ဘာမီယန်းရဲ့ ပေးပို့မှုကနေ ပေပေက သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်ရဲ့ အပျော်တွေ ကြာရှည်မခံခဲ့ပဲ နာကျင်အချိန်ပို ၄ မိနစ်မှာ ဆလားဗီးယားပရက်ဂ် နောက်တန်းက သောမက်စ်ဟိုးလ်စ် က ချေပဂိုး ပြန်သွင်းသွားလို့ ၁-၁ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

ဆလားဗီးယားပရက်ဂ် ကတော့ နာမည်ကြီး ကစားသမား လုံးဝမပါပေမယ့် ကစားပုံ မာကျောပြီး ခံစစ်ကစားပုံ စနစ်တကျ ရှိခဲ့လို့ အာဆင်နယ်ကို ယူရိုပါလိဂ် နိုင်ပွဲနဲ့ ဝေးစေခဲ့တာ ဖြစ်ပါတယ်။
ကျစ်လျစ်တဲ့ ခံစစ်နဲ့ အာဆင်နယ်ကို မာမာထန်ထန် တုန့်ပြန်ကစားသွားတဲ့ ဆလားဗီးယားပရက်ဂ်

ပွဲပြီးသုံးသပ်ချက်

မီခယ်အာတေးတား အနေနဲ့ ဆလားဗီးယား ပရက်ဂ်လို ခံစစ်မာတဲ့ အသင်းနဲ့ ပွဲမှာမှ ဘာ့ကြောင့် ဝီလျံကို ပွဲထွက်ခွင့်ပေးခဲ့သလဲ ဆိုတာ စဉ်းစားလို့မရပါဘူး။ ဆာကာရဲ့ တစ်ဦးချင်း ဖြတ်ကျော်မှုတွေ ကောင်းမွန်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာ အားနည်းနေဆဲ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ဒုတိယပိုင်း လူစားဝင်တဲ့ ကစားသမားတွေ အားလုံး အမှားနည်းခဲ့ပြီး အာတေးတားသာ အခုထက် ပိုစောပြီး လူစားလဲလှယ်မှု ပြုလုပ်ခဲ့မယ်ဆိုရင် ပွဲအဖြေ တမျိုး ပြောင်းလဲသွားနိုင်ပါတယ်။ ဆလားဗီးယားပရက်ဂ် ကတော့ နာမည်ကြီး ကစားသမား လုံးဝမပါပေမယ့် ကစားပုံ မာကျောပြီး ခံစစ်ကစားပုံ စနစ်တကျ ရှိခဲ့လို့ အာဆင်နယ်ကို ယူရိုပါလိဂ် နိုင်ပွဲနဲ့ ဝေးစေခဲ့တာ ဖြစ်ပါတယ်။

 

လာမယ့်ပွဲစဉ်များ

အာဆင်နယ်တို့ လာမယ့် ဧပြီလ ၁၂ ရက်နေ့မှာ ရှက်ဖီးလ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ကစားဖို့ရှိပြီး ဆလားဗီးယား ပရက်ဂ်ကတော့ စပါတာပရာဟာနဲ့ ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်