နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ ရာနှုန်းပြည့် နိုင်ပွဲအတွက် အားထုတ်လာမယ့် အေစီမီလန် ဘက်မှာပဲ ရပ်တည်သင့်ပါတယ်။

အေစီမီလန် vs ရိုးမား

လာမယ့် အောက်တိုဘာလ ၂၇ ရက်နေ့၊ မြန်မာစံတော်ချိန် မနက် ၂ နာရီ ၁၅ မိနစ် အချိန်မှာတော့ ‌စီးရီးအေ ထိပ်သီး နှစ်သင်းဖြစ်တဲ့ အေစီမီလန်နဲ့ ရိုးမားတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု ရှိနေပြီး နောက်ကျပွဲ ဖြစ်ပေမယ့်လည်း SBOTOP စီးရီးအေ ပရိတ်သတ်တွေ လက်မလွတ်တမ်း စောင့်ကြည့်သင့်တဲ့ ပွဲကောင်းတစ်ပွဲပါ။

နှစ်သင်းစလုံး ကြားရက်မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်တွေမှာ နိုင်ပွဲကိုယ်စီ ရရှိထားကြပါတယ်။ အေစီမီလန် က စကော့တလန် ထိပ်သီး ဆဲလ်တစ်ကို အဝေးကွင်းမှာ ၁-၃ နဲ့ အနိုင်ရထားခဲ့သလို ရိုးမားကလည်း ဆွစ်ဇာလန်ကလပ် ယန်းဘွိုင်းစ်ကို ၁-၂နဲ့ အဝေးကွင်းမှာပဲ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ နှစ်သင်းစလုံး ဒီရာသီမှာ ကစားပုံ တော်တော်လေး ကောင်းနေတာ တွေ့ရပြီး နိုင်ပွဲတွေလည်း ဆက်နေပါတယ်။ အေစီမီလန်ကတော့ ဥရောပထိပ်သီးလိဂ် ၅ ခုထဲမှာ လက်ရှိ အချိန်အထိ ရှုံးပွဲမရှိသေးတဲ့ ၁ သင်းတည်းသော အသင်းအဖြစ် ရပ်တည်ထားနိုင်ပါတယ်။ အေစီမီလန်တို့ စီးရီးအေ အဖွင့်ပွဲစဉ်မှာ ဘိုလော့ဂ်နာကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ဒုတိယပွဲစဉ်မှာတော့ ခရိုတိုနီကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရခဲ့ ပါတယ်။ အဲ့နောက် တန်းတက် စပီဇီယာကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး ပွဲစဉ် ၄ မှာတော့ အခါးသီးဆုံး မြို့ခံပြိုင်ဘက် အေစီမီလန်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ရာသီအစကတည်းက ခြေမှန်နေတဲ့ အေစီမီလန်တို့ အသက် ၃၉ နှစ်အရွယ် တိုက်စစ်မှူးကြီး ဇလာတန် အီဗရာဟီမိုဗစ်ရဲ့ ခြေစွမ်းပြ သွင်းဂိုး ၂ ဂိုးနဲ့အတူ ၂-၁ဆိုတဲ့ ရလဒ်နဲ့ မီလန်ဒါဘီမှာ  အောင်ပွဲခံနိုင်ခဲ့တာ ဖြစ်ပါတယ်။ အေစီမီလန်မှာ တစ်ကျော့ပြန် လာကစားပြီး ဒုတိယရာသီကို ထပ်မံဖြတ်သန်းနေတဲ့ ဇလာတန်ကတော့  အပြောနဲ့ အလုပ်ညီနေဆဲ ဖြစ်ပြီး ၂ ပွဲကစားပြီး ၄ ဂိုးသွင်းထားသလို စီးရီးအေ ဂိုးအများဆုံး သွင်းထားတဲ့ ကစားသမား စာရင်းမှာ ထိပ်ဆုံးက လူကာကူနဲ့ တစ်ဂိုးပဲ ကွာပါတယ်။ ဒါပေမယ့် လူကာကူကတော့ ၅ပွဲကစားပြီး ၅ ဂိုးသွင်းထားတာ ဖြစ်ပါတယ်။ အေစီမီလန်တို့ ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ဝင်ခွင့်သာ ရရှိခဲ့ပေမယ့် အခုနှစ် ၂၀၂၀ စီးရီအေ မှာတော့ ဇလာတန်ရဲ့ လွှမ်းမိုးမှုနဲ့အတူ ပြိုင်ပွဲစုံ ၁၂ ပွဲ ဆက်တိုက်နိုင်ပွဲရရှိအောင် စွမ်းဆောင် ထား နိုင်ခဲ့ပါတယ်။ လတ်တလော ဇလာတန်အပြင် ကယ်ဟာနောလူ၊ ရာဖေးလ်လီယို၊ သီယိုဟာနန်ဒက်စ်၊ ဘရာဟင်မ် ဒီးရာ့ဇ်၊ ဖရန့်ခ်ကတ်စီနဲ့ ဆိုင်မွန်ရှားတို့ ခြေစွမ်းပြနေတာကြောင့် လက်ရှိဥရောပ ထိပ်သီးလိဂ် ၅ ခုမှာ  ရှုံးပွဲမရှိသေးတဲ့ တစ်သင်းတည်းသော အသင်းအဖြစ် ကျန်ရှိနေခြင်းလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ နည်းပြ စတီဖာနိုပီယိုလီ ကိုင်တွယ်နေတဲ့ အေစီမီလန်ရဲ့ အကောင်းဆုံးပုံစံကို ၁၀စုနှစ် တစ်ခုအတွင်း ပထမဦးဆုံးအကြိမ် ပြန်လည်မြင်တွေ့နေ ရတာလည်း ဖြစ်ပါတယ်။

ပြိုင်ဘက် ရိုးမားကတော့ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်နေပြီး
နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေ အဝေးကွင်းပွဲစဉ် ၆ ပွဲမှာ ၅ ပွဲအထိ အနိုင်ရထားတဲ့ ရိုးမား

ပြိုင်ဘက် ရိုးမားကတော့ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်နေပြီးတော့ ၄ ပွဲ ကစား၊ ၂ ပွဲနိုင်၊ ၁ပွဲ သရေ၊ ၁ပွဲ ရှုံး၊ ရမှတ် ၇ မှတ် ရရှိထားပါတယ်။ ရိုးမားတို့ အဖွင့်ပွဲစဉ်မှာ ဟဲလက်စ်‌ဗီရိုနာကို ဂိုးမရှိ သရေကျခဲ့ပေမယ့် အပြောင်းအရွေ့ ပြသနာကြောင့် ရှုံးပွဲအဖြစ် သတ်မှတ်ပေးခံခဲ့ရလို့ ရမှ ၁ မှတ် ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့်လည်း ပုံစံကောင်းရနေတဲ့ ရိုးမားတို့ ဒုတိယပွဲစဉ်မှာ စီးရီးအေ ၉ နှစ်ဆက် ချန်ပီယံ ဂျူပင်တပ်စ်ကို အိမ်ကွင်းမှာ ၂ ဂိုးစီ သရေကစားပြီး တတိယပွဲမှာတော့ အူးဒီးနီးစ်ကို အဝေးကွင်းမှာ ၁ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ ပွဲစဉ် ၄ မှာတော့ တန်းတက် ဘန်နီဗန်တိုကို ၅-၂ ဆိုတဲ့ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ်။ လက်ရှိ ရိုးမားမှာ ဘော့စနီးယား တိုက်စစ်မှူး ဒီဂျက်ကိုအပြင် ပက်ဒရို၊ ဗယ်ရီတောက်၊ မစ်ခီတာရန်တို့ အချိတ်အဆက်မိမိနဲ့ ခြေစွမ်းပြနေပြီး ကြားရက်မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှလည်း ယန်းဘွိုင်းစ်လို အသင်းမျိုးကိုတောင် အဝေးကွင်းမှာ အဘက်ဘက်က အသာနဲ့ အနိုင်ရထားပါတယ်။ ရိုးမားတို့ ပြီးခဲ့တဲ့ ရာသီက အဆင့် ၅ နေရာသာ ရရှိခဲ့ပေမယ့် နောက်ဆုံးပွဲစဉ်မှာ ဂျူဗင်တပ်စ်ကိုတောင် အဝေးကွင်းမှာ အနိုင်ရ‌ခဲ့ပါတယ်။ ပြစ်ဒဏ်ကြောင့် အရှုံးပေးရတာက လွဲရင် ရိုးမားတို့ ဒီရာသီမှာ ရှုံးပွဲ လုံးဝမရှိသေးပါဘူး။

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

 

ထိပ်တိုက်တွေ့ဆုံမှုအရ ဒီနှစ်သင်းဟာ ၂၀၁၀ ခုနှစ်နောက်ပိုင်း အကြိမ် ၂၀အထိတွေ့ဆုံထားပြီး အေစီမီလန်က ၆ကြိမ် နိုင်ပြီး ရိုးမားက ၈ကြိမ်နိုင်ထားပါတယ်။ သရေ ၆ပွဲရှိထားပြီးတော့ အေစီမီလန်ကွင်းမှာ နောက်ဆုံးကစားခဲ့တဲ့ ၁၀ ကြိမ်မှာလည်း တစ်သင်းနဲ့ တစ်သင်း အသာမရခဲ့တာ တွေ့ရမှာပါ။ မနှစ်ကထိပ်တိုက်တွေ့ဆုံမှု ၂ကြိမ်မှာတော့ တစ်ကြိမ်စီ အနိုင်ရထားပါတယ်။ လက်ရှိလူစာရင်းအရဆိုရင် နှစ်သင်းစလုံးမှာ ကစားသမားကောင်းတွေ ရှိနေပြီးတော့ အေစီမီလန်မှာ ဇလာတန်အီဗရာဟီမိုဗစ်ဦးဆောင်ပြီး ဘရာဟင်ဒီးရာ့ဇ်၊ ကတ်ဆီ၊ ဘန်နက်ဆာ၊ လီယိုတို့ ရှိသလို ရိုးမားမှာလည်း ဒီဂျက်ကို ဦးဆောင်တဲ့ ပက်ဒရို ၊ မစ်ခီတာရန်၊ ဗယ်ရီတောက်၊ ပယ်လီဂရီနီတို့ရှိနေပါတယ်။ ဒါပေမယ့် မီလန်တို့အတွက် အဓိကကစားသမား ရီဘစ်၊ ကယ်ဟာနောလူတို့ ဒဏ်ရာက မသက်သာသေးသလို ရိုးမားမှာလည်း ပက်စတိုရီ၊ ဒီဝါရား၊ ခရစ္စစမောလင်းတို့ ဒဏ်ရာကြောင့် ပါဝင်လာဖို့မသေချာပါဘူး။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
အေစီမီလန် vs ရိုးမား အချိန်ပြည့် 1×2 အိမ်ရှင် @ ၂.၀၅ ဆ
အောက်တိုဘာလ ၂၇ ရက်, မနက် ၂:၁၅ နာရီ (GMT + ၆:၃၀)

1×2ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၂.၁၀ ဆ၊ ဧည့်သည်ဘက်က ၃.၂၅ ဆနဲ့ သရေအတွက် ၃.၅၀ ဆ ကြေးဖွင့်ထားပါတယ်။ လက်ရှိခြေစွမ်းပိုင်းအရ အေစီမီလန်တို့ရဲ့ စွမ်းဆောင်ရည်တော်တော်လေး ကောင်းနေလို့ ရိုးမားကိုလည်း လျှော့တွက်လို့မရပါဘူး။ စီးရီးအေ  ၅ပွဲဆက် နိုင်ပွဲရဖို့ အားထုတ်လာမယ့် အေစီမီလန်ကို ပိုသဘောကျ မိတာတော့ အမှန်ပါပဲ။ အီဗရာဟီမိုဗစ် ရှိနေတဲ့ အတွက်လည်း ပိုပြီး သဘောကျနေတယ် ဆိုတာဝန်ခံရမှာပါ။ အပြန်အလှန် သွင်းဂိုးတွေနဲ့ အေစီမီလန်ပဲ အနိုင်ရသွားဦးမယ်လို့ ထင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်