နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရိုးမားကို အိမ်ကွင်းမှာ သရေကျပြီး စီးရီးအေ ရာနှုန်းပြည့်နိုင်ပွဲ စံချိန် ရပ်တန့်သွားတဲ့ အေစီမီလန်

အေစီမီလန် ၃-၃ ရိုးမား

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ် ၅ ရဲ့ နောက်ကျပွဲလည်း ဖြစ်ပြီး အကောင်းဆုံးပွဲတစ်ပွဲလို့လည်း ပြောလို့ရတဲ့ အေစီမီလန်နဲ့ ရိုးမားတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ တစ်ဖက်ကို ၃ဂိုးစီနဲ့ သရေကျသွားခဲ့ပါတယ်။ အစဉ်အလာ ပြိုင်ဘက်တွေ ဖြစ်တာနဲ့အညီ တစ်ဘက်နဲ့ တစ်ဘက် အပြန်အလှန် တရစပ်ထိုးဖောက် ကစားသွားခဲ့လို့ အကြိတ်အနယ် ရှိတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။

စီးရီးအေ ပုလ္လင်ထက်မှာ နှစ်ပေါင်းများစွာ မင်းမူနေခဲ့တဲ့ ဂျူဗင်တပ်စ်ကို ဖြုတ်ချနိုင် မလား
စီးရီးအေ အမှတ်ပေးဇယားအဆင့် ၉နေရာမှာရပ်တည်နေတဲ့ ရိုးမား

ပွဲစဉ်ရဲ့ အကျဉ်းချုပ်ကို အရင်ဦးဆုံး ပြောရရင် ဒီပွဲမှာ အေစီမီလန်ရဲ့ အီဗရာဟီမိုဗစ် ဦးဆောင်လာတဲ့ တိုက်စစ်က တာဝန်ကျေခဲ့သလို ဧည့်သည် ရိုးမားကလည်း အရင်ပွဲတွေကအတိုင်း အသင်းခေါင်းဆောင် ဒီဂျက်ကို ရဲ့ ဦးဆောင်မှု အောက်မှာ ပုံစံကောင်းတစ်ခုကို ဆက်ထိန်း သွားနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒီပွဲအတွက် အဖွင့်ဂိုးကို ပွဲချိန် ၂ မိနစ်မှာတင် ရာဖေးလ်လီယိုရဲ့ ပေးပို့မှုကတစ်ဆင့် ဂိုးရှေ့မှာ အဆင်သင့်ရှိနေတဲ့  တိုက်စစ်မှူးကြီး ဇလာတန် အီဗရာဟီမိုဗစ်ချ်က  အမိအရ ပိတ်သွင်းပြီး  အေစီမီလန်အတွက် အဖွင့်ဂိုး ရယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၁၄မိနစ်မှာ ရိုးမားတိုက်စစ်မှူး ဒီဂျက်ကိုက လော်ရန်ဇို ပယ်လီဂရီနီရဲ့ ထောင့်ကန်ဘော ကန်တင်ပေးတာကို အမိအရခေါင်းတိုက်ပြီး ချေပဂိုး ရယူပေးခဲ့ ပါတယ်။ အသင်းကြီးနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်တာကြောင့်လည်း သာမန် စီးရီးအေ ပွဲတွေထက် ပိုကြည့် ကောင်းခဲ့ပြီး တစ်ဖက်နဲ့ တစ်ဖက် အခွင့်အရေးရရင် ရသလို သွင်းဂိုးတွေ ရဖို့အတွက် အားထုတ်မှုတွေကလည်း တော်တော်လေး ကြည့်ကောင်းခဲ့ပါတယ်။ ပထမပိုင်းထက် ဒုတိယပိုင်းမှာ ပိုကြည့်ကောင်းလာခဲ့ပြီးတော့ အနိုင်ဂိုးရဖို့ အတွက် တိုက်စစ်မြှင့်လာတဲ့ အေစီမီလန်တို့ ပွဲချိန် ၄၇  မိနစ်မှာ ပထမဂိုးရဖို့ ဖန်တီးပေးခဲ့တဲ့ ရာဖေးလ်လီယိုကပဲ တောင်ပံ ကနေ ဖြတ်တင်ပေးပို့မှုကို အလက်ဆစ် ဆယ်လီမေကာစ်က အပြင်းကန်သွင်းပြီး ဦးဆောင်ဂိုး ရယူပေးခဲ့ ပါတယ်။ ပွဲချိန်မိနစ် ၇၀ တော့ ဂိုးဧရိယာထဲမှာ အေစီမီလန် တောင်ပံကစားသမား ရာဖေးလ်လီယို ဖျက်ထုတ်ပုံကြမ်းခဲ့လို့ ရိုးမားတို့ ပင်နယ်တီ ပြစ်ဒဏ်ဘော ကန်ခွင့်ခဲ့ပြီး ဒီဂိုးကိုတော့ ဗယ်ရီတောက်က အမှားအယွင်းမရှိ ကန်သွင်း နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် မှာတော့ အေစီမီလန်တို့ ဦးဆောင်ဂိုးရဖို့ အခွင့်အရေး ထပ်ရခဲ့ပြီး ပင်နယ်တီ ပြစ်ဒဏ်ဘောကို တိုက်စစ်မှူး အီဗရာဟီ မိုဗစ်ချ်က ကန်သွင်းပြီး အေစီမီလန်တို့ ၃-၂ နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ချေပဂိုး ထပ်ရဖို့ အားထုတ်ခဲ့တဲ့ ရိုးမားရဲ့ တိုက်စစ်ရဲ့ ဖိအားပေးမှုကို အေစီမီလန် နောက်ခံလူတွေ မထိန်းချုပ်နိုင်ခဲ့လို့ ပွဲချိန် ၈၄မိနစ်မှာ ရိုးမား နောက်ခံလူ ကမ်ဘူလာရဲ့ ခေါင်းတိုက်သွင်းဂိုးကို ထပ်မံ ခွင့်ပြုပေးခဲ့ရပါတယ်။ ပွဲပြီးဆုံးချိန်မှာတော့ တစ်ဖက် ၃ဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့လို့ အေစီမီလန်တို့ရဲ့ ရာနှုန်းပြည့် နိုင်ပွဲဆက်နေတဲ့ စံချိန်ရပ်တန့်သွားခဲ့ပြီး ရိုးမား ကတော့ ရာသီအစမှာတင် အသင်းကြီး နှစ်သင်းကို သရေကစားနိုင်ခဲ့ပြီး ရလဒ်မဆုံးရှုံးအောင် စွမ်းဆောင်ထား နိုင်ခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

အေစီမီလန်တို့ အခုပွဲအပြီးမှာ ရာနှုန်းပြည့် နိုင်ပွဲဆက်မှု ရပ်တန့်သွားခဲ့တယ် ဆိုပေမယ့် တိုက်စစ်မှူး အီဗရာဟီ မိုဗစ်ချ်ရဲ့ စွမ်းဆောင်ရည် ကိုတော့ အထူးတလည် ချီးကျူးဖို့ လိုအပ်ခဲ့ပါပြီ။ သူပါဝင်ကစားပေးထားတဲ့ ၃ပွဲမှာ ၆ဂိုး သွင်း ထားတယ်ဆိုတဲ့ အချက်က အသက် ၃၉နှစ် ရှိပြီဖြစ်တဲ့ ကစားသမား တစ်ယောက်အနေနဲ့ အရွယ်နဲ့မလိုက်အောင် ခြေစွမ်းပြထားနိုင်တယ်လို့ ဆိုရမှာပါ။ မိုဗစ်ချ်လို ကစားသမားမျိုးကတော့ ဘောလုံးသမိုင်းမှာ ရှားရှားပါးပါးပါပဲ။ ဥရောပထိပ်ဆုံးလိဂ် ၅ခုမှာ အီဗရာဟီမိုဗစ်ချ်ထက် ဂိုးပိုသွင်းထားတာ့ ဘေယန်မြူးနစ်က လီဝန်ဒေါစကီးနဲ့ စပါးက ဆွန်ဟောင်မင်ပဲ ရှိပါတယ်။ လက်တလောမှာ လည််း မိုဗစ်ချ်အနေနဲ့ စီးရီးအေထိပ်သီး အေစီမီလန်အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမား ၁၀ဦး စာရင်းဝင်သွားခဲ့ပါတယ်။ အေစီမီလန်ရော ရိုးမားပါ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း အကောင်းဆုံးပုံစံနဲ့ ရှေဆက် နေကြပြီး ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ သူတို့နှစ်သင်းရဲ့ အောင်မြင်မှုက ဘယ်လောက်အထိ ခရီးရောက်မလဲဆိုတာ တော့ ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်သလို စီးရီးအေ ပုလ္လင်ထက်မှာ နှစ်ပေါင်းများစွာ မင်းမူနေခဲ့တဲ့ ဂျူဗင်တပ်စ်ကို ဖြုတ်ချနိုင် မလားဆိုတာ ကလည်း ရာသီပြီးဆုံးခါနီးဆိုရင် အဖြေပေါ်လာမှာပါ။
 

လာမယ့်ပွဲစဉ်များ

အေစီမီလန်ရော ရိုးမားပါ လာမယ့် ကြားရက်မှာ ယူရိုပါလိဂ်တွေ ဆက်လက်ကစားဖို့ရှိပြီး အေစီမီလန်ကတော့ ချက်ကလပ် စပါတာပရက်ဂ်နဲ့ အိမ်ကွင်းမှာ ကစားဖို့ရှိသလို ရိုးမားကတော့ ဘူလ်ဂေးရီးယားကလပ် စီအက်စ်ကေအေ ဆိုဖီယာအသင်းနဲ့ ကစားဖို့ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်