နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆန်စီရိုမှာ ဂျူဗင်တပ်စ်ကို ဂိုးပြတ်ရှုံးပြီး စံချိန်ကောင်းတွေ ရပ်တန့်ခဲ့တဲ့ အေစီမီလန် – စီးရီးအေ ပွဲပြီးသုံးသပ်ချက်

အေစီမီလန် ၁ – ၃ ဂျူဗင်တပ်စ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ စီးရီးအေ ရဲ့ အကောင်းဆုံး ပွဲစဉ်  တစ်ပွဲမှာတော့ အေစီမီလန်နဲ့ ဂျူဗင်တပ်စ်တို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး လက်ရှိ စီးရီးအေ ချန်ပီယံ ဂျူဗင်တပ်စ်အနေနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အေစီမီလန်ကို ၁-၃ ရလဒ်နဲ့ ဆန်စီရိုမှာ ဂိုးပြတ် အနိုင်ယူသွားခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၄ ရောအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

အဓိကကစားသမားတွေ ဒဏ်ရာပြသနာကြောင့် ပါဝင်လာနိုင်ခြင်း မရှိတဲ့ အေစီမီလန်တို့ အခုပွဲမှာ ပြိုင်ဘက် ဂျူဗင်တပ်စ်ထက် အဘက်ဘက်က အားနည်းခဲ့တာတော့ အမှန်ပါပဲ။ အီဗရာဟီမိုဗစ်၊ ဘန်နားဆား၊ တိုနာလီ၊ ဆယ်လီမေကာ၊ ဂါဘီယာတို့ ဒဏ်ရာပြသနာတွေ ရှိနေခဲ့တဲ့ အပြင် နောက်ထပ် အားထားရတဲ့ ရီဘစ်နဲ့ ခရူနစ်တို့လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရလို့ ပါဝင်လာခြင်းမရှိပါဘူး။ ဂျူဗင်တပ်စ် ဘက်မှာတော့ မိုရာတာ၊ ကွာဒွာဒို၊ အဲလက်စ် ဆန်ဒရိုတို့ ပါဝင်လာနိုင်ခြင်း မရှိပေမယ့် ကျန်အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပွဲအစပိုင်းကတည်း က တိုက်စစ်က ရော်နယ်ဒိုနဲ့ ပေါ်လိုဒီဘားလားတို့ကို အေစီမီလန်‌ နောက်တန်းက အကောင်းဆုံး ထိန်းချုပ်ကစားနိုင်ခဲ့ ပေမယ့် တကယ်တမ်း လွတ်လွတ်လပ်လပ် ကစားခွင့် ရပြီး ခြေစွမ်းပြသွားနိုင်ခဲ့တဲ့ ညာတောင်ပံက ဖက်ဒရစ်ကို ချီယေဆာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ် အတွက် အဖွင့်ဂိုးကို ပွဲချိန် ၁၈ မိနစ်မှာ ချီယေဆာ က ဒီဘားလား ရဲ့ ဖန်တီးမှု ကနေ တဆင့် သွင်းယူနိုင်ခဲ့ပေမယ့် ၄၁ မိနစ် အရောက်မှာ အေစီမီလန် ဘက်က ကာလာဘရီရာ ချေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့လို့ ပထမပိုင်းအပြီးမှာ ၁-၁ နဲ့ သရေကျနေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒုတိယပိုင်း ၆၂ မိနစ်မှာ ဒီနေ့ပွဲမှာ တစ်ချိန်လုံး ခြေစွမ်းပြနေတဲ့ ချီယေဆာ ကပဲ ဒုတိယ ဦးဆောင်ဂိုးကို လှလှပပ ထပ်မံ သွင်းယူပေးခဲ့ပြန်ပါတယ်။ အဲ့နောက်မှာတော့ ဂျူဗီတို့ ပွဲကို အကောင်းဆုံး ထိန်းချုပ် ကစားသွားနိုင်ခဲ့ပြီး ၇၆ မိနစ်မှာ ကူလက်ဗ်စကီးရဲ့ ဖန်တီးပေးမှုကနေ ကွင်းလယ်က မက်ကင်နီ က တတိယဂိုး သွင်းယူသွားခဲ့လို့ ဂျူဗင်တပ်စ်တို့ ပွဲအပြီးမှာ ၁-၃ ရလဒ်နဲ့ ထိုက်ထိုက်တန်တန် အနိုင်ရသွားခဲ့ ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

အေစီမီလန်ဟာ စီးရီးအေ ပွဲစဉ်တွေ ပြန်လည် စတင်ခဲ့တဲ့ အချိန် ကတည်းက ရှုံးပွဲ လုံး၀ မရှိခဲ့တဲ့ တစ်သင်းတည်းသော အီတလီ ကလပ် ဖြစ်ခဲ့ပေမယ့် လက်ရှိရှုံးပွဲကြောင့် ဥရောပ ထိပ်သီးလိဂ် ၅ ခု စလုံးမှာ ရှုံးပွဲလုံး၀ မရှိသေးတဲ့ အသင်းတစ်သင်းမှ မကျန်တော့ပါဘူး။
စီးရီးအေ အမှတ်ပေးဇယား အဆင့် ၁ နေရာမှာ ဆက်လက်ရပ်တည်နေဆဲ အေစီမီလန်

အခုနှစ် စီရီးအေမှာ အကောင်းဆုံး ပုံစံ ပြသနိုင်ခဲ့ပြီး ၂၇ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့တဲ့ အေစီမီလန် အနေနဲ့ကတော့ ဂျူဗင်တပ်စ်ကို ရှုံးနိမ့်ခဲ့မှုနဲ့ အတူ စံချိန်ကောင်းတွေလည်း ရပ်တန့်ခဲ့ရပါတယ်။ ဒီပွဲမတိုင်ခင်က အနီးကပ်ဆုံး ပြိုင်ဘက် အင်တာမီလန်ရဲ့ ရှုံးနိမ့်မှုကို အခွင့်ကောင်းယူခွင့်ရှိခဲ့ပေမယ့် မအောင်မြင်ခဲ့ပေမယ့် ဂျူဗင်တပ်စ်ကို ခြေပြတ်ဂိုးပြတ် ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ အဆိုးဆုံးက ရော်နယ်ဒိုကို အာရုံစိုက်မှုကြောင့် ဖြစ်ပြီး ကျန်ကစားသမားတွေ အနေနဲ့ စိတ်ကြိုက် ကစားခွင့်ရခဲ့ပါတယ်။ ရော်နယ်ဒို ထူးထူးခြားခြား စွမ်းဆောင် မပြနိုင်ခဲ့ပေမယ့် ဒီဘားလား ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့သလို လူငယ်ကစားသမားလေး ချီယေဆာ ဟာလည်း ၂ ဂိုးသွင်းပြီး ဒီပွဲရဲ့ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အေစီမီလန်ဟာ စီးရီးအေ ပွဲစဉ်တွေ ပြန်လည် စတင်ခဲ့တဲ့ အချိန် ကတည်းက ရှုံးပွဲ လုံး၀ မရှိခဲ့တဲ့ တစ်သင်းတည်းသော အီတလီ ကလပ် ဖြစ်ခဲ့ပေမယ့် လက်ရှိရှုံးပွဲကြောင့် ဥရောပ ထိပ်သီးလိဂ် ၅ ခု စလုံးမှာ ရှုံးပွဲလုံး၀ မရှိသေးတဲ့ အသင်းတစ်သင်းမှ မကျန်တော့ပါဘူး။ ဒီရှုံးပွဲနဲ့ ပတ်သတ်လို့ အေစီမီလန် နည်းပြ ပီအိုလီ အနေနဲ့ကတော့ ပြိုင်ဘက် ဂျူဗင်တပ်စ် အနေနဲ့ အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့ပြီး အခုရှုံးပွဲကနေ အကောင်းဆုံး သင်ခန်းစာယူသွားမယ်လို့ အေစီမီလန် နည်းပြ ပီအိုလီက ပြောကြားခဲ့ပါတယ်။

 

လာမယ့် ပွဲစဉ်များ

အေစီမီလန်တို့ လာမယ့် ဇန်နဝါရီလ ၁၀ ရက်နေ့မှာတော့ တိုရီနို အသင်းနဲ့ စီးရီးအေ ပွဲစဉ် ကစားရဖို့ ရှိနေပြီး ဂျူဗင်တပ်စ်ကတော့ ဆာဆူအိုလို နဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်